ချယ်ရီFM အနေဖြင့် ပုံမှန်အတိုင်းထုတ်လွှင့်သော်လည်း ဂြိုဟ်တုမှ တဆင့် ပြန်လည်ထုတ်လွှင့် ပေးခြင်းမရှိသည့်အတွက် ပရိသတ်ထံ မရောက်ရှိခြင်းဖြစ်ကြောင်း၊ အကြောင်းအရင်း မသိရသေးကြောင်း ၎င်းက ရှင်းပြသည်။
“လောလောဆယ်မှာ ဒီနေ့ထုတ်လွှင့်လို့မရဘူး လုပ်ငန်းတွေကတော့ ပုံမှန်လည်ပတ်နေပါတယ်”ဟု ၎င်းက ဆိုသည်။
ချယ်ရီFMသည် ၂၀၀၉ခုနှစ် သြဂုတ် ၁၅ရက်နေ့က စတင်ပြီး ပြန်ကြားရေးဝန်ကြီးဌာနနှင့် သဘောတူညီမှု စာချုပ်ဖြင့် ထုတ်လွှင့်ခြင်းဖြစ်သည်။
ယနေ့ သြဂုတ် ၁၃ရက်နေ့တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ဥက္ကဋ္ဌဖြစ်သူ ဦးရွှေမန်း ရာထူးမှ ဖယ်ရှားခံရပြီးနောက် ပါတီက ထုတ်ဝေလျက်ရှိသည့် ပြည်ထောင်စု နေ့စဉ်သတင်းစာကို ရပ်ဆိုင်းရန် ပြန်ကြားရေးဝန်ကြီးဌာနက ညွှန်ကြားခဲ့ပြီးနောက် သူရဦးရွှေမန်း၏ ချွေးမ ဒေါ်ဇေဇင်လတ် ဦးဆောင်သည့် ချယ်ရီ FM ၏ ထုတ်လွှင့်မှုများလည်း ရပ်ဆိုင်းခဲ့ခြင်းဖြစ်သည်။







