ချယ်ရီ FM ထုတ်လွှင့်မှုရပ်ဆိုင်းထားရ

ချယ်ရီ FM ထုတ်လွှင့်မှုရပ်ဆိုင်းထားရ
by -
မဇ္ဈိမ
ရှမ်းပြည်နယ်အခြေစိုက် ချယ်ရီ FM သည် ယနေ့မနက်ပိုင်းကစတင်ပြီး ဂြိုဟ်တု Singal မရရှိ၍ ထုတ်လွှင့်မှု အားလုံး ရပ်ဆိုင်းနေကြောင်း ချယ်ရီ FM၏ အထွေထွေမန်နေဂျာ ဦးသန်းထွေးဇော်က ပြောကြားသည်။

ချယ်ရီFM အနေဖြင့် ပုံမှန်အတိုင်းထုတ်လွှင့်သော်လည်း ဂြိုဟ်တုမှ တဆင့် ပြန်လည်ထုတ်လွှင့် ပေးခြင်းမရှိသည့်အတွက် ပရိသတ်ထံ မရောက်ရှိခြင်းဖြစ်ကြောင်း၊ အကြောင်းအရင်း မသိရသေးကြောင်း ၎င်းက ရှင်းပြသည်။

“လောလောဆယ်မှာ ဒီနေ့ထုတ်လွှင့်လို့မရဘူး လုပ်ငန်းတွေကတော့ ပုံမှန်လည်ပတ်နေပါတယ်”ဟု ၎င်းက ဆိုသည်။

ချယ်ရီFMသည် ၂၀၀၉ခုနှစ် သြဂုတ် ၁၅ရက်နေ့က စတင်ပြီး ပြန်ကြားရေးဝန်ကြီးဌာနနှင့် သဘောတူညီမှု စာချုပ်ဖြင့် ထုတ်လွှင့်ခြင်းဖြစ်သည်။

ယနေ့ သြဂုတ် ၁၃ရက်နေ့တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ဥက္ကဋ္ဌဖြစ်သူ ဦးရွှေမန်း ရာထူးမှ ဖယ်ရှားခံရပြီးနောက် ပါတီက ထုတ်ဝေလျက်ရှိသည့် ပြည်ထောင်စု နေ့စဉ်သတင်းစာကို ရပ်ဆိုင်းရန် ပြန်ကြားရေးဝန်ကြီးဌာနက ညွှန်ကြားခဲ့ပြီးနောက် သူရဦးရွှေမန်း၏ ချွေးမ ဒေါ်ဇေဇင်လတ် ဦးဆောင်သည့် ချယ်ရီ FM ၏ ထုတ်လွှင့်မှုများလည်း ရပ်ဆိုင်းခဲ့ခြင်းဖြစ်သည်။

May 11, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရရေး ၎င်း၏ ရှေ့နေအဖွဲ့က...
May 9, 2026
ပေါ်ထွန်း — ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်အုပ်စု၏ ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ (၁၆)...
May 8, 2026
အာဏာသိမ်း စစ်အုပ်စု၏ “ညစ်ညမ်းတဲ့ ငွေများ”အား လော်ဘီလုပ်ငန်းဆီသို့ စီးဆင်းခွင့်ပြုမည့်အစား...
May 7, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား “ခြွင်းချက်မရှိ လွှတ်ပေးရန်”...