ချယ်ရီ FM ထုတ်လွှင့်မှုရပ်ဆိုင်းထားရ

ချယ်ရီ FM ထုတ်လွှင့်မှုရပ်ဆိုင်းထားရ
by -
မဇ္ဈိမ
ရှမ်းပြည်နယ်အခြေစိုက် ချယ်ရီ FM သည် ယနေ့မနက်ပိုင်းကစတင်ပြီး ဂြိုဟ်တု Singal မရရှိ၍ ထုတ်လွှင့်မှု အားလုံး ရပ်ဆိုင်းနေကြောင်း ချယ်ရီ FM၏ အထွေထွေမန်နေဂျာ ဦးသန်းထွေးဇော်က ပြောကြားသည်။

ချယ်ရီFM အနေဖြင့် ပုံမှန်အတိုင်းထုတ်လွှင့်သော်လည်း ဂြိုဟ်တုမှ တဆင့် ပြန်လည်ထုတ်လွှင့် ပေးခြင်းမရှိသည့်အတွက် ပရိသတ်ထံ မရောက်ရှိခြင်းဖြစ်ကြောင်း၊ အကြောင်းအရင်း မသိရသေးကြောင်း ၎င်းက ရှင်းပြသည်။

“လောလောဆယ်မှာ ဒီနေ့ထုတ်လွှင့်လို့မရဘူး လုပ်ငန်းတွေကတော့ ပုံမှန်လည်ပတ်နေပါတယ်”ဟု ၎င်းက ဆိုသည်။

ချယ်ရီFMသည် ၂၀၀၉ခုနှစ် သြဂုတ် ၁၅ရက်နေ့က စတင်ပြီး ပြန်ကြားရေးဝန်ကြီးဌာနနှင့် သဘောတူညီမှု စာချုပ်ဖြင့် ထုတ်လွှင့်ခြင်းဖြစ်သည်။

ယနေ့ သြဂုတ် ၁၃ရက်နေ့တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ဥက္ကဋ္ဌဖြစ်သူ ဦးရွှေမန်း ရာထူးမှ ဖယ်ရှားခံရပြီးနောက် ပါတီက ထုတ်ဝေလျက်ရှိသည့် ပြည်ထောင်စု နေ့စဉ်သတင်းစာကို ရပ်ဆိုင်းရန် ပြန်ကြားရေးဝန်ကြီးဌာနက ညွှန်ကြားခဲ့ပြီးနောက် သူရဦးရွှေမန်း၏ ချွေးမ ဒေါ်ဇေဇင်လတ် ဦးဆောင်သည့် ချယ်ရီ FM ၏ ထုတ်လွှင့်မှုများလည်း ရပ်ဆိုင်းခဲ့ခြင်းဖြစ်သည်။

Most read this week

December 15, 2025
စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့နယ်အရှေ့ခြမ်း ဆွတ်နန်းကျေးရွာအနီးရှိ ရန်ကင်းတောင်စခန်း...
December 10, 2025
ချင်းပြည်နယ်၊ ဖလမ်းမြို့ကိုဦးတည် စစ်ကြောင်းထိုးနေသည့် စစ်ကော်မရှင်တပ်စစ်ကြောင်း က ဒေသခံ ၁၂...
December 9, 2025
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်အနောက်မြောက်ခြမ်းတွင် စစ်ကြောင်းထိုးနေသည့် စစ်ကော် မရှင်တပ်က...
December 9, 2025
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်အနောက်မြောက်ခြမ်းတွင် စစ်ကြောင်းထိုးနေသည့် စစ်ကော် မရှင်တပ်က...