သီးနှံစိုက်ဧကလေးသိန်း နီးပါးရေမြုပ်နေ

သီးနှံစိုက်ဧကလေးသိန်း နီးပါးရေမြုပ်နေ
by -
မဇ္ဈိမ
မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုများကြောင့် နိုင်ငံအဝှမ်းရှိ တောင်သူဦးကြီးတို့ သီးနှံစိုက်ပျိုးထားသည့် မြေဧကလေးသိန်းနီးပါး(၃၉၅,၆၅၆) မှာ ရေမြုပ်နေသည်ဟု လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်းဦးစီးဌာနက ဇူလိုင် ၃၀တွင် ထုတ်ပြန်လိုက်သည်။

စိုက်ပျိုးမြေများရေမြုပ်နေသည့် ဒေသများမှာနေပြည်တော်၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ စစ်ကိုင်း၊ ပဲခူး၊ မန္တလေး၊ မကွေးတိုင်း၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရန်ကုန်တိုင်း၊ ရှမ်းပြည်နယ်နှင့် ဧရာဝတီတိုင်းတို့ ဖြစ်သည်။

“စပါးပင်တွေက အပင်နုရင်တော့ ရေမြုပ်ပြီး တစ်ပတ်၊ ဆယ်ရက်လောက်ပဲ ခံပါတယ်။ အမြစ်ပုတ်သွားတာကိုး”ဟု ဧရာဝတီတိုင်းမှ လယ်သမားကြီးတစ် ဦးက ပြောသည်။

စိုက်ပျိုးမြေများ ရေမြုပ်နေသည့် ဒေသများအနက် စစ်ကိုင်းတိုင်းနှင့် ပဲခူးတိုင်းတွင် အများဆုံးဖြစ်ပြီး စစ်ကိုင်းတိုင်းတွင် ၁၁၆,၅၀၀ ဧကနှင့် ပဲခူးတိုင်းတွင် ၁၀၉,၄၀၂ ဧကတို့ ရေမြုပ်နေသည်ဟု လယ်/ဆည်က ထုတ်ပြန်ထားသည်။

ပျက်စီးဆုံးရှုံးသွားသော လယ်ယာမြေများအား ပြန်လည်စိုက်ပျိုးနိုင်ရန် မျိုးများရှာဖွေပေးခြင်း၊ ရေကျချိန်၌ ချက်ချင်းစိုက်ပျိုးနိုင်အောင် ထွန်ယက်ပေးခြင်းတို့ လုပ်ဆောင်ရန် ယမန်နေ့ကပြုလုပ်သည့် အမျိုးသား သဘာဝဘေးကာကွယ်စောင့်ရှောက်ရေးဗဟိုကော်မတီအစည်းအဝေးတွင် သမ္မတ ဦးသိန်းစိန်က ညွှန်ကြားထားသည်။

11701215 1012115758823329 3953100417463786863 n

May 12, 2026
ယမင်းဖူးပွင့်အောင် — ရှမ်းပြည်နယ်မြောက်ပိုင်းတွင် စစ်အုပ်စုက တရုတ်ကုန်ပစ္စည်းများ တင်သွင်းမှုကို...
May 11, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရရေး ၎င်း၏ ရှေ့နေအဖွဲ့က...
May 9, 2026
ပေါ်ထွန်း — ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်အုပ်စု၏ ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ (၁၆)...
May 8, 2026
အာဏာသိမ်း စစ်အုပ်စု၏ “ညစ်ညမ်းတဲ့ ငွေများ”အား လော်ဘီလုပ်ငန်းဆီသို့ စီးဆင်းခွင့်ပြုမည့်အစား...