အနိမ့်ဆုံးလစာ ၃၆၀၀ သတ်မှတ်လိုက်ပြီ

အနိမ့်ဆုံးလစာ ၃၆၀၀ သတ်မှတ်လိုက်ပြီ
by -
မဇ္ဈိမ
အနိမ်ဆုံးလုပ်ခလစာကို တစ်နာရီလျှင် ၄၅၀၊ တစ်နေ့ ၃၆၀၀ ကျပ်အဖြစ် ဇွန်လ ၂၉ ရက်က သတ်မှတ်လိုက်ကြောင်း အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အမျိုးသား ကော်မတီက ကြေငြာချက် ထုတ်ပြန်လိုက်သည်။

"ဒီနေ့သတ်မှတ်လိုက်တယ်။ အကုန် ၃၆၀၀။ ဒီ ၃၆၀၀ကို ကန့်ကွက်ခိုင်းထားသေးတယ်။ ရက်ပေါင်း ၆၀အတွင်း စောင့်ကြည့် ရဦးမယ်။ ရက်ပေါင်း ၆၀အတွင်းမှာ ကြိုက်မကြိုက်ဆိုတာကို စောင့်ကြည့်ရဦးမယ်။ မနက်ဖြန် သတင်းစာမှာ ကြည့်လိုက်ပါ"ဟု အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးအောင်က မဇ္ဈိမကို ပြောသည်။

ယင်းကြေညာချက်တွင် မြန်မာနိုင်ငံရှိ အလုပ်သမားများအတွက် နေရာဒေသနှင့် လုပ်ငန်း အမျိုးအစား မခွဲခြားဘဲ တစ်နိုင်ငံလုံး တစ်ပြေးညီ သတ်မှတ်သည့် အဆိုပြု အနည်းဆုံး အခကြေးငွေသည် တစ်နာရီ ၄၅၀ ကျပ် တိတိ၊ အလုပ်ချိန် ရှစ်နာရီအတွက် တစ်ရက်ကို ၃၆၀၀ကျပ် တိတိ ဖြစ်ပြီး ယင်းသတ်မှတ်ချက်သည် အလုပ်သမား ၁၅ ဦးနှင့်အောက် ရှိသည့် လုပ်ငန်းငယ်များ၊ မိသားစု တစ်ပိုင်တစ်နိုင် လုပ်ငန်းများနှင့် သက်ဆိုင်မှု မရှိဟု ဖော်ပြထားသည်။

အဆိုပြုထားသည့် အနည်းဆုံး အခကြေးငွေနှုန်းထားနှင့် ပတ်သက်၍ ကန့်ကွက်ပြင်ဆင်လိုပါက ရက်သတ္တနှစ်ပတ်အတွင်း သတ်မှတ်ပုံစံဖြည့် ကာ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန အောက်ရှိ အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီနှင့် အလုပ်သမား ညွှန်ကြားရေးဦးစီးဌာနသို့ ပေးပို့ရမည်ဟု ထုတ်ပြန်ထားသည်။

April 11, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ဧပြီလ ၁၀ ရက်တွင် ဖွဲ့စည်းလိုက်သည့်...
April 10, 2026
အာဏာသိမ်း စစ်ကော်မရှင်တပ်မှ အရာရှိ၊ စစ်သည်များ၏ သား၊ သမီးများ စစ်တပ်အတွက် အရင်းအမြစ်များ...
April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...