အနိမ့်ဆုံးလစာ ၃၆၀၀ သတ်မှတ်လိုက်ပြီ

အနိမ့်ဆုံးလစာ ၃၆၀၀ သတ်မှတ်လိုက်ပြီ
by -
မဇ္ဈိမ
အနိမ်ဆုံးလုပ်ခလစာကို တစ်နာရီလျှင် ၄၅၀၊ တစ်နေ့ ၃၆၀၀ ကျပ်အဖြစ် ဇွန်လ ၂၉ ရက်က သတ်မှတ်လိုက်ကြောင်း အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အမျိုးသား ကော်မတီက ကြေငြာချက် ထုတ်ပြန်လိုက်သည်။

"ဒီနေ့သတ်မှတ်လိုက်တယ်။ အကုန် ၃၆၀၀။ ဒီ ၃၆၀၀ကို ကန့်ကွက်ခိုင်းထားသေးတယ်။ ရက်ပေါင်း ၆၀အတွင်း စောင့်ကြည့် ရဦးမယ်။ ရက်ပေါင်း ၆၀အတွင်းမှာ ကြိုက်မကြိုက်ဆိုတာကို စောင့်ကြည့်ရဦးမယ်။ မနက်ဖြန် သတင်းစာမှာ ကြည့်လိုက်ပါ"ဟု အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးအောင်က မဇ္ဈိမကို ပြောသည်။

ယင်းကြေညာချက်တွင် မြန်မာနိုင်ငံရှိ အလုပ်သမားများအတွက် နေရာဒေသနှင့် လုပ်ငန်း အမျိုးအစား မခွဲခြားဘဲ တစ်နိုင်ငံလုံး တစ်ပြေးညီ သတ်မှတ်သည့် အဆိုပြု အနည်းဆုံး အခကြေးငွေသည် တစ်နာရီ ၄၅၀ ကျပ် တိတိ၊ အလုပ်ချိန် ရှစ်နာရီအတွက် တစ်ရက်ကို ၃၆၀၀ကျပ် တိတိ ဖြစ်ပြီး ယင်းသတ်မှတ်ချက်သည် အလုပ်သမား ၁၅ ဦးနှင့်အောက် ရှိသည့် လုပ်ငန်းငယ်များ၊ မိသားစု တစ်ပိုင်တစ်နိုင် လုပ်ငန်းများနှင့် သက်ဆိုင်မှု မရှိဟု ဖော်ပြထားသည်။

အဆိုပြုထားသည့် အနည်းဆုံး အခကြေးငွေနှုန်းထားနှင့် ပတ်သက်၍ ကန့်ကွက်ပြင်ဆင်လိုပါက ရက်သတ္တနှစ်ပတ်အတွင်း သတ်မှတ်ပုံစံဖြည့် ကာ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန အောက်ရှိ အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီနှင့် အလုပ်သမား ညွှန်ကြားရေးဦးစီးဌာနသို့ ပေးပို့ရမည်ဟု ထုတ်ပြန်ထားသည်။

Most read this week

December 15, 2025
စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့နယ်အရှေ့ခြမ်း ဆွတ်နန်းကျေးရွာအနီးရှိ ရန်ကင်းတောင်စခန်း...
December 10, 2025
ချင်းပြည်နယ်၊ ဖလမ်းမြို့ကိုဦးတည် စစ်ကြောင်းထိုးနေသည့် စစ်ကော်မရှင်တပ်စစ်ကြောင်း က ဒေသခံ ၁၂...
December 9, 2025
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်အနောက်မြောက်ခြမ်းတွင် စစ်ကြောင်းထိုးနေသည့် စစ်ကော် မရှင်တပ်က...
December 9, 2025
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်အနောက်မြောက်ခြမ်းတွင် စစ်ကြောင်းထိုးနေသည့် စစ်ကော် မရှင်တပ်က...