ဒုတိယအသုတ် တွေ့ရှိသည့် လှေစီးပြေး ရ၃၃ ဦးတွင် မြန်မာနိုင်ငံဖက်မှ ဘင်္ဂါလီ ၁၈၇ဦး ပါ၀င်

ဒုတိယအသုတ် တွေ့ရှိသည့် လှေစီးပြေး ရ၃၃ ဦးတွင် မြန်မာနိုင်ငံဖက်မှ ဘင်္ဂါလီ ၁၈၇ဦး ပါ၀င်
by -
မဇ္ဈိမ
အီးပီအေ
အီးပီအေ
ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့နယ်အတွင်း မေလ ၂၉ ရက်တွင် တွေ့ရှိသည့် လှေစီးပြေးသူ ရ၃၃ ဦးတွင် မြန်မာနိုင်ငံဖက်မှ  ၁၈၇ ဦး ပါ၀င်သည်ဟု ရခိုင်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာနမှူး ဦးခင်စိုးက ဇွန်လ ၂၁ ရက်တွင် မဇ္စျိမကိုပြောသည်။

"ဒုတိယအသုတ်ထဲက ၅၄၆ ဦးက ဘင်္ဂလားဒေ့ရှ်က၊ ၁၈၇ဦးကတော့ မြန်မာနိုင်ငံဖက်မှာနေတဲ့ အစ္စလာမ် ဘာသာဝင်တွေ၊ သူတို့ပြောတဲ့ နယ်တွေက ထွေအုပ်တွေကို ရှိတဲ့အထောက်အထား၊ အိမ်ထောင်စုစာရင်း၊ ဆွေမျိုးမိဘ၊ ဒါတွေနဲ့ တိုက်ဆိုင်ပြီး အတည်ပြုခဲ့တာ" ဟု ၄င်းကပြောသည်။

မြန်မာနိုင်ငံဖက်မှ ပါ၀င်သူဟု စိစစ်တွေ့ရှိခဲ့သည့် ၁၈၇ ဦးတွင် မောင်တောမှ ၁၂၂ ဦး၊ ဘူးသီးတောင်မှ ၂၅ ဦး၊ စစ်တွေဒုက္ခသည် စခန်းမှ ၅ ဦးနှင့် ကျောက်တော်၊ ပေါက်တော၊ ရသေ့တောင်၊ မင်းပြား၊ တောင်ပြို၊ လက်ဝဲ၊ မြောက်ဦး အစရှိသည့် မြို့နယ်အသီးသီးတွင် နေထိုင်သူများ ဖြစ်သည်။

မောင်တောမှ ဘင်္ဂါလီများမှလွဲ၍ ကျန်သူများကို ဇွန်လ ၂၀ ရက်တွင် ၄င်းတို့ နေရပ်အသီးသီးသို့ ပြန်လည် ပို့ဆောင်ပေးခဲ့ပြီး ဖြစ်သည် ဟု ပြည်နယ် လဝက မှသိရသည်။

ကျန်ရှိနေသည့် မောင်တောမှ ၁၂၂ ဦးကို ဇွန်လ ၂၁ ရက်တွင် ပြန်လည်ပို့ဆောင်ပေးမည်ဖြစ်ပြီး၊ ဘင်္ဂလားဒေ့ရှ်ဖက်မှ ၅၄၆ ဦးကို အမြန်ဆုံးလွှဲပြောင်းနိုင်ရေးအတွက် စစ်တွေရှိ ဘင်္ဂလားဒေ့ရှ် ကောင်စစ်ဝန်မှတစ်ဆင့် ဘင်္ဂလားဒေ့ရှ်သံရုံးနှင့် ၄င်းတို့၏ နိုင်ငံခြားရေးဝန်ကြီးဌာနသို့ အသိပေးထားပြီးဖြစ်သည်ဟု ပြည်နယ် လဝကမှူး ဦးခင်စိုးက ပြောသည်။

မေလ ၂၁ ရက် ရခိုင်ကမ်းရိုးတမ်း မြန်မာ့ပင်လယ် ရေပိုင်နက်တွင် တွေ့ရှိခဲ့သည့် ၂၀၈ဦးမှ ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၂၀၀ဦးကို  ဇွန်လ ၈ ရက်တွင် ၁၅၀ ဦးနှင့် ဇွန်လ ၁၉ ရက်တွင် ၃၇ ဦး စုစုပေါင်း ၁၈၇ ဦးကို ပြန်လည် ပို့ဆောင်ပေးခဲ့ပြီး ၁၈ဦးသာ ကျန်ရှိနေသည်။

"ကျန်သူအားလုံးက ဘင်္ဂလားဒေ့ရှ်ဖက်က သူတို့တွေကို အကုန်လုံးလည်း အတည်ပြုပြီးသွားပြီး သူတို့ကို အမြန်ဆုံးပြန်ဖို့ အတွက် ပြည်ထောင်စုအဆင့်ကလည်း သံတမန်နည်းအရ လုပ်နေတယ်" ဟု ဦးခင်စိုးက ဆိုသည်။

ရခိုင်ပြည်နယ်တွင် နေထိုင်သည့် အစ္စလာမ် ဘာသာဝင် ဘင်္ဂါလီအရေအတွက် ၁ ဒဿမ ၀၅ သန်း ထိရှိပြီး ၄င်းတို့၏ အများစုက ယာယီနိုင်ငံသားကဒ်ပြား(၀ိှုက်ကဒ်) ကိုင်ဆောင်သူများဖြစ်ကြသည်။

April 11, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ဧပြီလ ၁၀ ရက်တွင် ဖွဲ့စည်းလိုက်သည့်...
April 10, 2026
အာဏာသိမ်း စစ်ကော်မရှင်တပ်မှ အရာရှိ၊ စစ်သည်များ၏ သား၊ သမီးများ စစ်တပ်အတွက် အရင်းအမြစ်များ...
April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...