ရခိုင်တွင်ဖမ်းမိသော လှေစီးဒုက္ခသည်များကို ဘင်္ဂလားဒေ့ရှ်အစိုးရထံ လွှဲပြောင်းတော့မည်

ရခိုင်တွင်ဖမ်းမိသော လှေစီးဒုက္ခသည်များကို ဘင်္ဂလားဒေ့ရှ်အစိုးရထံ လွှဲပြောင်းတော့မည်
by -
မဇ္ဈိမ
ရခိုင်ပြည်နယ် တောင်ပြိုလက်ဝဲမြို့နယ်တွင်ထားရှိသော  လှေစီးဒုက္ခသည်များကို ဇွန် ရ ရက်တွင်ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ လွဲပြောင်းပေးတော့မည်ဟု ရခိုင်ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတင်မောင်ဆွေက မဇ္ဈိမကို ပြောသည်။

တောင်ပြိုလက်ဝဲမြို့နယ်ခွဲမှတဆင့် ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်သို့  ဒုက္ခသည်များကို လွှဲပြောင်းပေးမည်ဟု ၎င်းကဆိုသည်။

"ပထမ အသုတ်အနေနဲ့တော့ ၁၅၀ ဦးကိုလွှဲပေးမယ် ကျန်တဲ့သူတွေကိုတော့ လိုအပ်ချက် တချို့ရှိတဲ့အတွက် ထပ်စစ်ရအုံးမယ်"ဟု ဦးတင်မောင်ဆွေက ပြောသည်။

မေ ၂၁ ရက်က ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် မြန်မာ့ရေပိုင်နက်တွင် ဖမ်းဆီးမိခဲ့သော လှေစီးဒုက္ခသည်များ ကို တောင်ပြိုလက်ဝဲမြို့နယ်တွင် ယာယီစိစစ်ရေး စခန်းဖွင့်လှစ်၍ ထားရှိခြင်းဖြစ်သည်။

မေလ ၂၉ ရက်က ဧရာဝတီတိုင်းအတွင်း ဖမ်းဆီးရမိခဲ့သော လှေစီးဒုက္ခသည် ရ၀၀ ကျော်ကို ရခိုင်သို့ လွှဲပြောင်းပေးခဲ့သေးသည်။

April 11, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ဧပြီလ ၁၀ ရက်တွင် ဖွဲ့စည်းလိုက်သည့်...
April 10, 2026
အာဏာသိမ်း စစ်ကော်မရှင်တပ်မှ အရာရှိ၊ စစ်သည်များ၏ သား၊ သမီးများ စစ်တပ်အတွက် အရင်းအမြစ်များ...
April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...