ရွှေ့ပြောင်း အခြေချသူများကို ထိန်းသိမ်းထားသည့် ကျွန်းသို့ ဂျာနယ်လစ်များဝင်ရောက်မှု မြန်မာရေတပ် ခွင့်မပြု

ရွှေ့ပြောင်း အခြေချသူများကို ထိန်းသိမ်းထားသည့် ကျွန်းသို့ ဂျာနယ်လစ်များဝင်ရောက်မှု မြန်မာရေတပ် ခွင့်မပြု
by -
မဇ္ဈိမ
မြန်မာ့တပ်မတော်က ကယ်ဆယ်ထားသည့် ပင်လယ်ပြင်မှ လှေစီးဒုက္ခသည်များကို ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်း အလယ်တန်းကျော်ရွာတွင် မေ ၂၃ ရက်က တွေ့ရစဉ်။ (ဓာတ်ပုံ - အီးပီအေ)
မြန်မာ့တပ်မတော်က ကယ်ဆယ်ထားသည့် ပင်လယ်ပြင်မှ လှေစီးဒုက္ခသည်များကို ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်း အလယ်တန်းကျော်ရွာတွင် မေ ၂၃ ရက်က တွေ့ရစဉ်။ (ဓာတ်ပုံ - အီးပီအေ)
လွန်ခဲ့သည့် သီတင်းပတ်က ရွှေ့ပြောင်းအခြေချသူ ရ၀၀ ကျော် ကယ်တင်ခဲ့ပြီးနောက်ကို ထိန်းသိမ်းထားသည်ဟု ပြောဆိုနေကြသည့် ကျွန်းတစ်ကျွန်းပေါ်သို့ ဂျာနယ်လစ်များ ဝင်ရောက်ခွင့်ကို မြန်မာရေတပ်က မေ ၃၁ ၌ ငြင်းဆိုလိုက်သည်။

အမျိုးသမီး ရ၄ ဦး၊ ကလေး ၄၅ ဦးအပါအဝင် ရွှေ့ပြောင်းအခြေချသူ ရ၂၇ ဦးကို မြန်မာ့ကမ်းရိုးတန်း အလွန်တွင် လှေတစ် စင်းဖြင့် မျောပါနေသည်ကို တွေ့ရှိခဲ့သည်ဟု အာဏာပိုင်များက ကြေညာခဲ့ပြီးနောက် ဧရာဝတီမြစ်ဝရှိ သမီးလှကျွန်းသို့ ၀င်ရောက်ရန် သတင်းထောက်များက ကြိုးပမ်းလျက် ရှိသည်။

အထိန်းသိမ်းခံထားရသူများမှာ မကြာသေးခင်က မြန်မာ ရိုဟင်ဂျာ ဆိုသူများနှင့် ဘင်္ဂလားဒေ့ရှ် စီးပွားရေးအရ ရွှေ့ပြောင်း အခြေချသူများ အစုလိုက်အပြံုလိုက် ထွက်ခွာမှု၏ အစိတ်အပိုင်း ဖြစ်သည်။

သမီးလှကျွန်းသို့ လှေငယ်များဖြင့် သွားရောက်ရန် ကြိုးပမ်းခဲ့ကြသော သတင်းသမားများကို ရေတပ် ကင်းလှည့်ရေယာဉ်များက လာရာဆီသို့ ပြန်လှည့်စေခဲ့ပြီး ကင်မရာအတွင်း ရိုက်ကူးသိမ်းထားသည့် အချက်အလက်နှင့် ဗီဒီယိုများကို ဖျက်ပစ်ခိုင်းခဲ့သည်ဟု ဟိုင်းကြီးကျွန်းအနီးရှိ အေအက်ဖ်ပီ (AFP) သတင်းထောက်တစ်ဦးက ပြောကြားခဲ့သည်။

နောက်တစ်ခေါက်မလာရန်အတွက်လည်း ခံဝန်ကတိလက်မှတ်များထိုးခိုင်းခဲ့ကြောင်းလည်း ပြန်လာသူများအား ကိုးကား၍ အေအက်ဖ်ပီ မေလ ၃၁ရက်နေ့ သတင်းတပုဒ်က ဖော်ပြသည်။ ရေတပ်၏ ပြောဆို သုံးသပ်ချက်ကိုမူ မရခဲ့ကြောင်း ဆိုသည်။

ရွှေ့ပြောင်းအခြေချလှေစီးဒုက္ခသည်များအရေးသည် မြန်မာနိုင်ငံတွင် အတိမ်းအစောင်းမခံသော အကြောင်းအရာ ဖြစ်ပြီး မကြာသေးမီ သီတင်းပတ်များအတွင်းက လူများပြည့်သိပ်နေသည့် သင်္ဘောနှစ်စင်း တွေ့ခဲ့မှုကလည်း မည်သူ့တွင် တာဝန်ရှိသလဲဆိုသည့် ကိစ္စမှာလည်း မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်ကြား အပြင်းပွားမှုများ ဖြစ်ခဲ့သည်။

မြန်မာသည် အနောက်ပိုင်း ရခိုင်ပြည်နယ်တွင် နေထိုင်လျက်ရှိသော ရိုဟင်ဂျာဆိုသူ ၁ ဒသမ ၃ သန်းကို နိုင်ငံသားအဖြစ် အသိအမှတ်မပြုကြောင်း အေအက်ဖ်ပီက ရေးထားသည်။ ၎င်းတို့မှာ နယ်စပ်ကိုကျော်ကာ ခိုးဝင်လာကြသည့် တရားမဝင် ရွှေ့ပြောင်းသူများအဖြစ်သာ လက်ခံထားပြီး ဘင်္ဂါလီဟုသာ ခေါ်ဝေါ်သုံးစွဲသည်။

မြန်မာ့တပ်မတော်က ကယ်ဆယ်ထားသည့် ပင်လယ်ပြင်မှ လှေစီးဒုက္ခသည်များကို ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်း အလယ်တန်းကျော်ရွာတွင် မေ ၂၃ ရက်က တွေ့ရစဉ်။ (ဓာတ်ပုံ - အီးပီအေ)

April 11, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ဧပြီလ ၁၀ ရက်တွင် ဖွဲ့စည်းလိုက်သည့်...
April 10, 2026
အာဏာသိမ်း စစ်ကော်မရှင်တပ်မှ အရာရှိ၊ စစ်သည်များ၏ သား၊ သမီးများ စစ်တပ်အတွက် အရင်းအမြစ်များ...
April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...