လူမှောင်ခိုမှုများ တားဆီးနိုင်ရေး ဒေသတွင်းနိုင်ငံများနှင့် ပူးပေါင်းမည်ဟု သမ္မတရုံး တာဝန်ရှိသူပြော

လူမှောင်ခိုမှုများ တားဆီးနိုင်ရေး ဒေသတွင်းနိုင်ငံများနှင့် ပူးပေါင်းမည်ဟု သမ္မတရုံး တာဝန်ရှိသူပြော
by -
မဇ္ဈိမ
ပင်လယ်ပြင်မှတစ်ဆင့် လူမှောင်ခိုကူးမှုများကို အိမ်နီးချင်းနိုင်ငံများနှင့် သတင်းအချက်အလက် ဖလှယ်၍ တားဆီးသွားမည်ဟု သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက မဇ္စျိမကို ပြောသည်။

ပင်လယ်ပြင်တွင်း လှေသင်္ဘောများဖြင့် အုပ်စုလိုက် ရွှေ့ပြောင်းသွားလာမှုများကို လူမှောင်ခို ကုန်ကူးခြင်းအဖြစ် ယူဆပြီး ပူးပေါင်းဆောင်ရွက်ရန် အိမ်နီးချင်းနိုင်ငံများနှင့် ဆွေးနွေးလျက်ရှိသည် ဟုလည်း ၎င်းက ပြောသည်။

ဦးဇော်ဌေးက “မှောင်ခို ပွဲစားတွေက မလေးရှားမှာလည်း ရှိတယ်၊ စင်ကာပူမှာလည်း ရှိတယ်၊ ဘင်္ဂလားဒေ့ရှ်၊ မြန်မာနဲ့ ထိုင်းမှာလည်း ရှိတော့ လူမှောင်ခိုပွဲစားတွေ ရှိမယ်။ ဒါတွေက တစ်နိုင်ငံတည်း လုပ်လို့ မရဘူး။ အားလုံးသတင်းအချက်အလက် ဖလှယ်ပြီးတော့ လုပ်ဖို့ စီစဉ်နေတယ်" ဟု ဆိုသည်။

ပင်လယ်ပြင်အတွင်း လှေများဖြင့် ရွှေ့ပြောင်းအခြေချ နေထိုင်သူများသည် မိသားစုအလိုက် သော်လည်းကောင်း၊ တစ်ဦးချင်းအလိုက် သော်လည်းကောင်း၊ ပြောင်းရွှေ့မှုများရှိနေပြီး ၎င်းတို့၏ အသက်အန္တရာယ် လုံခြံုရေးအတွက် စိုးရိမ်မှုများလည်း ရှိနေသည်။

ရခိုင်ပြည်နယ်တွင် ပြည်တွင်း အိုးအိမ် စွန့်ခွာထွက်ပြေးသူများ (IDPs) များကို အစိုးရ၏ မျက်ကွယ်ပြုမှုကြောင့် ထွက်ပြေးမှုများ ရှိနေသည်ဟုလည်း ပြောဆိုမှုများရှိသည်။

ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးမောင်မောင်အုန်းက “ဒီကိစ္စတွေဟာ လူကုန်ကူးမှု၊ လူမှောင်ခိုမှုတွေ ဖြစ်တဲ့အတွက် အစိုးရက ဘင်္ဂါလီတွေကို ညှဉ်းပန်းပြီး ထွက်သွားအောင် လုပ်တယ်ဆိုတာကိုတော့ လုံးဝ ကန့်ကွက်ပါတယ်။ အခုလည်း ပင်လယ်ပြင်လုံခြံုရေး အပြည့်အဝ ယူထားပါတယ်။ ဒုက္ခသည် စခန်းတွေကိုလည်း ကုလ ကိုယ်စားလှယ်တွေ ကိုယ်တိုင်လည်း ရောက်နေတာ ဖြစ်ပါတယ်" ဟု ဆိုသည်။

မြန်မာအစိုးရက လှေစီးရွှေ့ပြောင်းသွားလာသူများအရေးနှင့် လူကုန်ကူးမှု ပြဿနာများ ဆွေးနွေးရန်နှင့် ဒေသဆိုင်ရာ ပူးပေါင်းလှုပ်ရှားနိုင်မည့် နယ်မြေ သတ်မှတ်နိုင်ရေးအတွက် မေလ ၂၉ တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ပြုလုပ်မည့် ဒေသလုံးဆိုင်ရာ အစည်းအဝေးသို့ တက်ရောက်ရန်လည်း ဆုံးဖြတ်ထားပြီး ဖြစ်သည်။

May 13, 2026
ပေါ်ထွန်း — စစ်ကိုင်းတိုင်းအတွင်း စစ်ရေးအရှိန်မြှင့်တင်နေသည့် အာရက္ခတပ်တော် (AA) အပါအဝင်...
May 12, 2026
ယမင်းဖူးပွင့်အောင် — ရှမ်းပြည်နယ်မြောက်ပိုင်းတွင် စစ်အုပ်စုက တရုတ်ကုန်ပစ္စည်းများ တင်သွင်းမှုကို...
May 11, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရရေး ၎င်း၏ ရှေ့နေအဖွဲ့က...
May 9, 2026
ပေါ်ထွန်း — ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်အုပ်စု၏ ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ (၁၆)...