“ခြောက်ပွင့်ဆိုင်ဟာ လာမဲ့ကာလမှာ လွှတ်တော်မပိတ်ခင်က စပြီးတော့ ကြိမ်ဖန်များစွာ စိပ်စိပ်လေးတွေ့ပြီးမှ အခြေခံဥပဒေပြင်ဆင်နိုင်တဲ့ အခြေနေတစ်ခုရအောင်၊ အဖြေတစ်ခုရအောင် ကျွန်တော်ထင်တယ် ဆောင်ရွက်နိုင် တဲ့ တွေ့ဆုံမှု ဖြစ်သွားနိုင်ပါတယ် ကျွန်တော်ပြောတာ ဒီနေ့ကစပြီး လွှတ်တော် ၂၂ရက်နေ့ မပြီးခင်မှာ တွေ့ဆုံမှု တစ်ခု ဖြစ်ကောင်းဖြစ်နိုင်တယ်သဘောပါ”ဟု ဒေါက်တာအေးမောင်က ပြောသည်။
ယခုကျင်းပလျှက်ရှိသည့် လွှတ်တော်အစည်းအဝေးကို မေ ၂၂ ရက်တွင်ရပ်နားမည်ဟု ကြားသိရသော်လည်း လက်တစ်လောတွင် လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ကြားမိသော်လည်း အတည်မပြုနိုင်သေးပေ။
“လာမယ့် ၂၂ ရက်နေ့မှာ လွှတ်တော် ခဏနားမယ်လို့ သတင်းကြားပါတယ်၊ ဇူလိုင် ၆ ရက်နေ့အထိ လွှတ်တော် ပြန်ကျင်းပတဲ့ အချိန်ထိ တစ်လခွဲလောက် နားမယ်လို့ သုံးသပ်တယ်၊ အဲဒီကာလမှာ ခုနက အာဏာရပါတီကလည်း ကွန်ဂရက် ညီလာခံတစ်ခု လုပ်လာနိုင်ပါတယ်၊ သူတို့ရဲ့ ကိစ္စလေးတွေ ဘယ်လိုသွားမလဲ ဆိုတဲ့လမ်းကြောင်းတစ်ခုကို ပုံဖော်နိုင်သလို ဒီကြားကာလမှာ ခြောက်ပွင့်ဆိုင်တွေ့ဆုံမှုက ခပ်စိတ်စိတ်လေး ပေါ်လာနိုင်တယ်”ဟု ဒေါက်တာအေးမောင်က သုံးသပ်ပြောကြားသည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်နိုင်ရန်နှင့် ပြည်တွင်းငြိမ်ချမ်းရေးကို ဦးတည်ပြီး ခြောက်ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးမှုကို ပြီးခဲ့သည့် ဧပြီ ၁၀ ရက်တွင် နိုင်ငံတော် သမ္မတအိမ်တော်၌ ပထမဆုံးအကြိမ် တွေ့ဆုံးဆွေးနွေခဲ့သည်။
ပြည်ထောင်စုလွှတ်တော် နယကအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရန်အတွက် တစ်လခွဲအတွင်း ကာလမှာ ခြောက်ပွင့်ဆိုင်ဆွေးနွေးနိုင်အောင် စီစဉ်ခြင်းဖြစ်သလို အခြားပါတီများအနေဖြင့်လည်း မိမိတို့၏ ပါတီများအလိုက် ညှိနှိုင်းတိုင်ပင်နိုင်အောင်ဆိုပြီး အနားပေးခြင်းဖြစ်နိုင်သည်ဟု သုံးသပ်ပြောဆို လိုက်သည်။







