၂၀၁၅ ခုနှစ် ပထမလေးလအတွင်း နိုင်ငံရေးအကျဉ်းသား ၄၂ ဦးအထိရှိနေ

၂၀၁၅ ခုနှစ် ပထမလေးလအတွင်း နိုင်ငံရေးအကျဉ်းသား ၄၂ ဦးအထိရှိနေ
by -
မဇ္ဈိမ
၂၀၁၅ ခုနှစ် ဇန်နဝါရီလမှ ဧပြီလအထိ ပထမ လေးလပတ်အတွင်း ထောင်ဒဏ်နှင့် ငွေဒဏ်ချမှတ်ခံရသည့် နိုင်ငံရေး အကျဉ်းသားဦးရေ စုစုပေါင်း ၄၂ ဦးအထိရှိနေသည်ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ လစဉ်မှတ်တမ်းများအရသိရသည်။

ထောင်ဒဏ်ကျခံရသူများတွင် လယ်ယာမြေအရေးကြောင့် ဆန္ဒပြသူများ ပိုများပြီး ပုဒ်မ ၁၈၊ ၅၀၅၀ (ခ)၊ ၄၄၇ စသည့် ပုဒ်မများဖြင့် တရားစွဲခံရသူများဖြစ်သည်ဟု ကိုကျော်စိုးက ပြောသည်။  

မြန်မာနိုင်ငံရှိ နိုင်ငံရေးအကျဉ်းသားများအနက် တစ်နှစ်နှင့်အထက် ထောင်ဒဏ်ချမှတ်ခံရသူများကို နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ငွေကြေးထောက်ပံ့မှုများပြုလုပ်နေပြီး လက်ရှိအချိန်တွင် နိုင်ငံရေးအကျဉ်းသား စုစုပေါင်း ရ၅ ဦးကို ထောက်ပံ့မှုများ ပြုလုပ်နေသည်ဟု နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ ကိုကျော်စိုးက ပြောသည်။

ကိုကျော်စိုးက "တစ်နှစ်နဲ့အထက် ပြစ်ဒဏ်ချမှတ်ခံရတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို သုံးလတစ်ကြိမ် ကျပ် ကိုးသောင်းကနေ တစ်သိန်းကြားထောက်ပံ့ပေးပါတယ်။ အဆက်အသွယ်မရတဲ့၊ တာဝန်ခံပေးမယ့်သူမရှိတဲ့ သူတွေကိုတော့ လွတ်သွားတာတွေရှိတယ်" ဟု ဆိုသည်။

လက်ရှိအချိန်တွင် လက်ပံတန်းအရေးနှင့်ပတ်သက်ပြီး သာယာဝတီတွင် အမှုရင်ဆိုင်နေရသည့် သူများအတွက် လည်း ငွေကြေးထောက်ပံ့မှု များပြုလုပ်နေသည်ဟု ၎င်းက ဆိုသည်။

၎င်းက "လက်ပံတန်းကိစ္စနဲ့ ပတ်သက်ပြီး တရားရင်ဆိုင်နေရတဲ့ သူ စုစုပေါင်း ၈၃ ဦးကို တစ်လ ၁၅၀၀၀ ကျပ် ထောက်ပံ့ပေးနေပါတယ်" ဟု ဆိုသည်။

နိုင်ငံရေးအကျဉ်းသားများကို ထောက်ပံ့ရာတွင် နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ (FPPS) အနေဖြင့် သက်ဆိုင်ရာထောင်သို့ တိုက်ရိုက်ပေးပို့ခြင်းနှင့် မိသားစုသို့ ဆက်သွယ်ပေးအပ်ခြင်းများကို AAPP နှင့်ပူးပေါင်း ဆောင်ရွက်နေသည်ဟုလည်း နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့ (FPPS) မှ ကိုသက်ဦး ကပြောသည်။

ဧပြီလကုန်အထိတွင် မြန်မာနိုင်ငံရှိ အကျဉ်းထောင်များအတွင်း ဆက်လက်ထိန်းသိမ်းခံထားရသည့် နိုင်ငံရေး အကျဉ်းသား ၁၅၇ ဦးနှင့် တရားရင်ဆိုင်နေရသူ ၄၅၃ ဦးအထိ ရှိနေသည်ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က မေလ ၁၃ ရက်တွင် သတင်းထုတ်ပြန်ထားသည်။

May 13, 2026
ပေါ်ထွန်း — စစ်ကိုင်းတိုင်းအတွင်း စစ်ရေးအရှိန်မြှင့်တင်နေသည့် အာရက္ခတပ်တော် (AA) အပါအဝင်...
May 12, 2026
ယမင်းဖူးပွင့်အောင် — ရှမ်းပြည်နယ်မြောက်ပိုင်းတွင် စစ်အုပ်စုက တရုတ်ကုန်ပစ္စည်းများ တင်သွင်းမှုကို...
May 11, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရရေး ၎င်း၏ ရှေ့နေအဖွဲ့က...
May 9, 2026
ပေါ်ထွန်း — ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်အုပ်စု၏ ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ (၁၆)...