လူထုညီလာခံမှ ရရှိလာသည့် တောင်းဆိုချက်များကို နိုင်ငံရေးဆွေးနွေးပွဲတွင် တင်ပြမည်

လူထုညီလာခံမှ ရရှိလာသည့် တောင်းဆိုချက်များကို နိုင်ငံရေးဆွေးနွေးပွဲတွင် တင်ပြမည်
by -
မဇ္ဈိမ
တစ်နိုင်ငံလုံး အပစ်ရပ်လက်မှတ် ရေးထိုးပြီးနောက်ပိုင်းတွင် ပြုလုပ်မည့် နိုင်ငံရေးဆွေးနွေးပွဲတွင် ကယားပြည်နယ် တိုင်းရင်းသား ပါတီများနှင့် လူထုညီလာခံမှ ရရှိလာသည့် လူထုတောင်းဆိုချက်များကို တင်ပြဆွေးနွေးသွားမည်ဟု ကယားလူမျိုးစု ဒီမိုကရေစီပါတီ ဥက္ကဋ္ဌ ဦးစောဒယ်နီယယ်က မဇ္ဈိမကိုပြောသည်။

ကယားပြည်နယ်  တိုင်းရင်းသားပါတီများနှင့် လူထုညီလာခံကို မေလ ၁၁ ရက်မှ ၁၃ရက်အထိ  ကေ့ထျိုဘိုးခန်းမဆောင်၊ ချိကယ်ကျေးရွာ၊ လွိုင်ကော်မြို့နယ် ကျင်းပခဲ့ခြင်းဖြစ်ပြီး ကယားပြည်နယ် မြို့နယ် ရ ခုမှ ဒေသခံများက ၎င်းတို့ ရင်ဆိုင်ကြံုတွေ့နေရသည့် အခက်အခဲများကို တင်ပြဆွေးနွေးခဲ့ခြင်းဖြစ်သည်။

ဦးစောဒယ်နီယယ်က “ဒေသခံတွေ ကြံုတွေ့နေရတဲ့ အခက်အခဲတွေကို ကျွန်တော်တို့ကို လာရောက်တင်ပြတာပါ။ နိုင်ငံရေးဆွေးနွေး ပွဲမှာ ဒီအချက်တွေကို တင်ပြမယ့်အပြင် ပြည်နယ်အစိုးရကိုလည်း ပေးပို့ပေးသွားမှာပါ”ဟု ၎င်းကပြောသည်။

ပြည်သူလူထုက မြေယာသိမ်းဆည်းခံရမှု ပြဿနာများ၊ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများ၊ လျှပ်စစ်မီးပြဿနာများ၊ ဆေးပစ္စည်း လိုအပ်ချက်များ၊ စာသင်ကျောင်းနှင့် ဆရာ၊ဆရာမ လိုအပ်ချက်များ၊ တယ်လီဖုန်းဆက်သွယ်မှု လိုင်းမရရှိသည့် အခက်အခဲများ အပါအဝင်အချက်၂၀၀ကျော်ကို တင်ပြဆွေးနွေး ခဲ့သည်ဟု ၎င်းကဆိုသည်။

ညီလာခံကို တိုင်းရင်းသားဒေသခံပါတီ သုံးခုဖြစ်သည့် ကယန်းအမျိုးသားပါတီ၊ လူမျိုးပေါင်းစုံ ဒီမိုကရေစီပါတီ(ကယားပြည်နယ်)၊ ကယားလူမျိုးစု ဒီမိုကရေစီပါတီ တို့က ဦးစီးပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ယင်း တိုင်းရင်းသား ဒေသခံပါတီ သုံးခုမှာ ၂၀၁၅ ခုနှစ် ဇန်နဝါရီလ ၁၂ရက်က မဟာမိတ် ပါတီများအဖြစ် ပူးပေါင်းခဲ့သည်။

May 13, 2026
ပေါ်ထွန်း — စစ်ကိုင်းတိုင်းအတွင်း စစ်ရေးအရှိန်မြှင့်တင်နေသည့် အာရက္ခတပ်တော် (AA) အပါအဝင်...
May 12, 2026
ယမင်းဖူးပွင့်အောင် — ရှမ်းပြည်နယ်မြောက်ပိုင်းတွင် စစ်အုပ်စုက တရုတ်ကုန်ပစ္စည်းများ တင်သွင်းမှုကို...
May 11, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရရေး ၎င်း၏ ရှေ့နေအဖွဲ့က...
May 9, 2026
ပေါ်ထွန်း — ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်အုပ်စု၏ ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ (၁၆)...