ဒီမိုကရေစီ ပညာရေး တည်ဆောက်မှုကို တားဆီးနေသည့် ဖွဲ့စည်းပုံကို ပြင်ရန်လိုဟု ဗကသအဖွဲ့ချုပ်ပြော

ဒီမိုကရေစီ ပညာရေး တည်ဆောက်မှုကို တားဆီးနေသည့် ဖွဲ့စည်းပုံကို ပြင်ရန်လိုဟု ဗကသအဖွဲ့ချုပ်ပြော
by -
မဇ္ဈိမ
ဗကသ ရ၉ နှစ်ပြည့် နှင့် ကျောင်းသားသပိတ်အကြမ်းဖက်ခံရသည့် နှစ်လပြည့် အခမ််းအနားကို မေ ၁၀ရက်က ကျင်းပစဉ်။ (ဓာတ်ပုံ-သက်ကို)
ဗကသ ရ၉ နှစ်ပြည့် နှင့် ကျောင်းသားသပိတ်အကြမ်းဖက်ခံရသည့် နှစ်လပြည့် အခမ််းအနားကို မေ ၁၀ရက်က ကျင်းပစဉ်။ (ဓာတ်ပုံ-သက်ကို)
ဒီမိုကရေစီ ပညာရေးကို တည်ဆောက်ရေးတွင် အတားအဆီးဖြစ်နေသည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရန် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ)တွင် တာဝန်ရှိကြောင်း ဗကသ (၇၉)နှစ်ပြည့်နှင့် လက်ပံတန်းသပိတ် အကြမ်းဖက်ဖြိုခွင်းခံရသည့် နှစ်လပြည့် အခမ်းအနားတွင် ဗကသ ဥက္ကဋ္ဌ ကိုကျော်ကိုကိုက ပြောကြားလိုက်သည်။

"မစစ်မှန်တဲ့ ဒီမိုကရေစီကနေ စစ်မှန်တဲ့ ဒီမိုကရေစီဖြစ်ဖို့က ရဲဘော်တို့ ပခုံးပေါ်ကို တာဝန်ကျလာတာဟာ စစ်အာဏရှင်တွေရဲ့ စစ်တစ်ပိုင်းနဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေရဲ့ဆိုတဲ့ ချုပ်နှောင်မှုကို ဖြေလျှော့ပေးဖို့ တာဝန်က ရဲဘော်တို့ရဲ့တာဝန်ဖြစ်တယ်။ လူငယ်ပီပီထမ်းဆောင်ရမယ်"ဟု ၎င်းက ပြောသည်။

၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သည့် ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင့်လူ့အဖွဲ့အစည်းမှ ခေါင်းဆောင် ကိုမင်းကိုနိုင်ကလည်း တိုင်းပြည်၏ လက်ရှိပြဿနာများကို ခြံုငုံကြည့်ပါက ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အရေးတကြီး ပြောင်းလဲ ရန် လိုနေပြီဟု မီဒီယာကို ပြောကြားလိုက်သည်။

"နိုင်ငံရေး အင်းအားစုတွေကလည်း ထောက်ခံထားတာက ဖွဲ့စည်းပုံ ပြင်ဆင်ဖို့ပဲ အရေးကြီးတာပဲ"ဟု ၎င်းက ပြောသည်။

လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပညာရေးသင်ရိုးညွှန်းတမ်းကို အစိုးရက ရေးဆွဲရမည်ဟူ၍ ပါနေ၍ အစိုးရက ပညာရေးသင်ရိုးညွှန်းတမ်းကို ရေးဆွဲနေသည့် ကာလပတ်လုံး ဗကသ အနေဖြင့် တိုက်ပွဲဝင်ရဦးမည်ဟုလည်း ဗကသ အဖွဲ့မှ ကိုနေပိုင်က မီဒီယာများကို ပြောသည်။

"လွတ်လပ်ရမယ်၊ အမှီခိုကင်းရမယ်၊ အဲ့လိုအချက်အလက်ကို ဥပဒေထဲထည့်ထားတော့၊ ၂၀၀၈ဖွဲ့စည်းပုံရှိနေသေး သ၍ မြန်မာပြည်ပညာရေးက မကောင်းဘူးလို့မြင်တယ်၊ ၂၀၀၈ဖွဲ့စည်းပုံအခြေခံက မြန်မာပြည်ပြောင်းလဲဖို့အတွက် ကြီးမားတဲ့ စိန်ခေါ်မှုတစ်ခုပါပဲ၊ ဖျက်သိမ်းသင့်တဲ့အရာပဲ"ဟု ၎င်းကပြောသည်။

လေးပွင့်ဆိုင်တွေ့ဆုံမှုဖြင့် အဖြေရှာနေကြသည့်အချိန်တွင် အာဏာပိုင်များက ကျောင်းသားသပိတ်ကို အကြမ်းဖက်ဖြိုခွင်းပြီး ကျောင်းသားများအား ဖမ်းဆီးခြင်းသည် လေးပွင့်ဆိုင် သဘောတူညီမှုများကို ချိုးဖောက်လိုက်ခြင်းဖြစ်ပြီး သမ္မတဦးသိန်းစိန် အစိုးရအနေဖြင့် ပြောင်းလဲမှု မရှိသေးကြောင်းကို ပြသလိုက်ရာလည်း ရောက်သည်ဟု ဦးမင်းကိုနိုင်က ဝေဖန်လိုက်သည်။

"အခွင့်ရေးတစ်ခုအတွက် တိုက်ပွဲဝင်တယ်။ အဲ့ဒါကို ရက်ရက်စက်စက် ဖြိုခွင်းတယ်"ဟု ကျောင်းသားသပိတ် ဖြိုခွင်းခံရမှုနှင့် ပတ်သက်၍ သူ့အမြင်ကို ပြောသည်။

ကျောင်းသားများကလည်း ဒီမိုကရေစီ နည်းကျသည့် အမျိုးသားပညာရေး ဥပဒေ ထွက်ပေါ်လာရေးနှင့် ဖမ်းဆီးခံထားရ သည့် ကျောင်းသားများကို ခြွင်းချက်မရှိ အမြန်ဆုံးလွှတ်ရန် တိုက်ပွဲဆက်ဝင်သွားမည်ဟု မေ ၁၀ရက်က ဗကသ ရ၉ နှစ်ပြည့်နှင့် ကျောင်းသားများ အကြမ်းဖက် ဖမ်းဆီးခံရသည့် နှစ်လပြည့်တွင် ကြေငြာချက်ထုတ်ပြန်လိုက်သည်။

ယင်းအခမ်းအနားကို ၈၈မျိုးဆက်ကျောင်းသားဟောင်းများ၊ (၁၉၆၀-၆၁) ခုနှစ် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ ဒုဥက္ကဋ္ဌဟောင်း ဒေါက်တာမင်းသိမ်းက သဝဏ်လွှာ၊ လူ့ဘောင်သစ်လူငယ်များ၏ သဝဏ်လွှာ၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (ဌာနချုပ်)၏ ဂုဏ်ပြုသဝဏ်လွှာများကို ဖတ်ကြားခဲ့သည်။

ယင်းအပြင် အကြမ်းဖက် ဖမ်းဆီးခံရသည့် ကျောင်းသားများအတွက် သရုပ်ပြမှုများ၊ ကျောင်းသားများ၏ ဓာတ်ပုံများကို အခမ်းအနားတွင် ပြသခဲ့သည်။ နေ့လည်ပိုင်းတွင် ဖမ်းဆီးခံ ကျောင်းသားမိဘများက အမှတ်တရစကားများ ပြောကြားခဲ့သည်။

အခမ်းအနားတွင် ဗကသ ကျောင်းသားများက ဖမ်းဆီးခံကျောင်းသားများ လွတ်မြောက်ရေး တိုက်ပွဲဝင်မည် ဖြစ်ကြောင်း အပါအဝင် အချက် ၆ချက် ပါဝင်သည့် ထုတ်ပြန်ချက် တစ်စောင်ကိုလည်း ထုတ်ပြန်ခဲ့သည်။

ကျောင်းသားသပိတ်သည် အမျိုးသားပညာရေး ဥပဒေကို ပြင်ဆင်ရန်အတွက် ၂၀၁၄ ခုနှစ် နိုဝင်ဘာ ၁၄ရက်က စတင်ကာ ရန်ကုန်မြို့တွင် စတင်တိုက်ပွဲဝင်ခဲ့ခြင်းဖြစ်သည်။

ဗကသ ရ၉ နှစ်ပြည့် နှင့် ကျောင်းသားသပိတ်အကြမ်းဖက်ခံရသည့် နှစ်လပြည့် အခမ််းအနားကို မေ ၁၀ရက်က ကျင်းပစဉ်။ (ဓာတ်ပုံ-သက်ကို)

April 11, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ဧပြီလ ၁၀ ရက်တွင် ဖွဲ့စည်းလိုက်သည့်...
April 10, 2026
အာဏာသိမ်း စစ်ကော်မရှင်တပ်မှ အရာရှိ၊ စစ်သည်များ၏ သား၊ သမီးများ စစ်တပ်အတွက် အရင်းအမြစ်များ...
April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...