တစ်နိုင်ငံလုံးအပစ်ရပ် လက်မှတ်ထိုးရာတွင် အဖွဲ့အားလုံးပါဝင်ရေး သမ္မတတိုက်တွန်းဟုဆို

တစ်နိုင်ငံလုံးအပစ်ရပ် လက်မှတ်ထိုးရာတွင် အဖွဲ့အားလုံးပါဝင်ရေး သမ္မတတိုက်တွန်းဟုဆို
by -
မဇ္ဈိမ
တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် (NCA)ကို လက်မှတ်ရေးထိုးရာတွင် တိုင်းရင်းသားအဖွဲ့ အားလုံး ပါဝင်ရေးအတွက်ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော် (RCSS/SSA)၏ ဥက္ကဋ္ဌ ဦးယွက်ဆစ်နှင့် တွေ့ဆုံစဉ် သမ္မတ ဦးသိန်းစိန်က ပြောကြားခဲ့သည်ဟု RCSS၏ လက်ထောက် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ကြီးစိုင်းငင်းက မဇ္ဈိမကို ပြောသည်။

သမ္မတ ဦးသိန်းစိန်သည် ကျိုင်းတုံမြို့တို့ ရောက်ရှိစဉ် "ဝ" အထူးဒေသပေါက်ယူရီ ဦးဆောင်သောအဖွဲ့၊ မိုင်လား အထူးဒေသ(၄) အဖွဲများနှင့် RCSS/SSA အဖွဲ့တို့ကို သီးခြားစီတွေ့ဆုံခဲ့ခြင်းဖြစ်သည်။

"NCA ကို အမြန်ဆုံးလက်မှတ်ထိုးဖို့နဲ့ တိုင်းရင်းသားအဖွဲ့အားလုံး ပါဝင်ဖို့ သူ့အနေနဲ့ တိုက်တွန်းတယ် ဆိုပြီး ဒီနှစ်ချက်ကို အဓိကပြောသွားပါတယ်"ဟု သမ္မတ ပြောကြားမှုကို ဗိုလ်ကြီးစိုင်းငင်းက ပြောသည်။

မေလ ၁ရက်မှ ၆ရက်အထိ "ဝ" ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် ဌာနချုပ် ပန်ဆန်းတွင် ပြုလုပ်သော တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များ၏ ထိပ်သီး အစည်းအဝေးကလည်း NCA တွင် ကိုးကန့် အပါအဝင် တိုင်းရင်းသား အားလုံးပါဝင်ရေး
ထုတ်ပြန်တောင်းဆိုထားသည်။

ကချင်ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့မှ ဦးလမိုင်ဂွန်ဂျာက "လောလောဆယ်ဆွေးနွေးထားတဲ့ အဖွဲ့ ၁၆ ဖွဲ့နဲ့သာ လက်မှတ်ထိုးမယ် ဆိုရင် တစ်နိုင်ငံလုံး အပစ်ရပ်ရေးလုပ်ငန်းစဉ် မထိရောက်နိုင်ပါဘူး။ လက်ရှိဖြစ်နေတဲ့ အဖွဲ့တွေ ပါဝင်မှသာ ထိရောက်မှာဖြစ်ပါ တယ်"ဟု မဇ္ဈိမကို ပြောသည်။

အစိုးရ သတင်းထုတ်ပြန်ရေး အဖွဲ့ကမူ ငြိမ်းချမ်းရေးတည်ဆောက်မှု လုပ်ငန်းစဉ်များတွင် ပူးပေါင်းပါဝင် ဆောင်ရွက်ရေးနှင့် ေဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆွေးနွေးခဲ့ကြောင်း ဖော်ပြထားသည်။

May 14, 2026
ပေါ်ထွန်း — မကွေးတိုင်းအတွင်းရှိ ပေါက်မြို့နယ်နှင့် ဆောမြို့နယ်များသို့ စစ်အုပ်စုက...
May 13, 2026
ပေါ်ထွန်း — စစ်ကိုင်းတိုင်းအတွင်း စစ်ရေးအရှိန်မြှင့်တင်နေသည့် အာရက္ခတပ်တော် (AA) အပါအဝင်...
May 12, 2026
ယမင်းဖူးပွင့်အောင် — ရှမ်းပြည်နယ်မြောက်ပိုင်းတွင် စစ်အုပ်စုက တရုတ်ကုန်ပစ္စည်းများ တင်သွင်းမှုကို...
May 11, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရရေး ၎င်း၏ ရှေ့နေအဖွဲ့က...