မြန်မာစစ်တပ်၏ လက်နက်ကြီးကျည် တရုတ်ပိုင်နက်သို့ နောက်ထပ်ကျပြန်၊ တရုတ်က ဆန့်ကျင်ကန့်ကွက်

မြန်မာစစ်တပ်၏ လက်နက်ကြီးကျည် တရုတ်ပိုင်နက်သို့ နောက်ထပ်ကျပြန်၊ တရုတ်က ဆန့်ကျင်ကန့်ကွက်
by -
မဇ္ဈိမ
 သောင်းကျန်းမှု တိုက်ဖျက်ရေး စစ်ဆင်ရေးများ ပြုလုပ်စဉ် နောက်ထပ်လက်နက်ကြီးကျည်များ တရုတ်ပိုင်နက်သို့ ကျရောက်ပြီးနောက် သူပုန်များနှင့် တိုက်ခိုက်ရာမှ ကျည်များ နယ်စပ်ကို ကျော်၍ မကျရောက်စေရန် မြန်မာနိုင်ငံက အရေးယူ ဆောင်ရွက်ရန် တရုတ်က ဧပြီ ၂၈ ရက်တွင် တောင်းဆိုမှုများ ထပ်မံပြုလုပ်ခဲ့သည်။

မြန်မာနိုင်ငံအရှေ့မြောက်ပိုင်း ကိုးကန့်ဒေသတိုက်ပွဲများကြောင့် လူထောင်ပေါင်းများစွာမှာ တရုတ်နိုင်ငံဘက်သို့ ထွက်ပြေးခဲ့ကြသည်။ ယင်းသို့ ထွက်ပြေးသူ အများအပြားမှာ တရုတ်လူမျိုးများ ဖြစ်သည်။

"မကြာသေးခင်က မြန်မာဘက်က အမြောက်ဆန်အချို့ တရုတ်ဘက်ကို ကျရောက်ခဲ့ပါတယ်။ အဆောက်အအုံပိုင်း ပျက်စီးခဲ့ပြီး ကံကောင်းတာက လူသေဆုံးမှု၊ ဒဏ်ရာရမှု မရှိခဲ့ပါဘူး" ဟု တရုတ်နိုင်ငံ ခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဟောင်လေက သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ သို့သော်လည်း မည်သည့်နေ့က အမြောက်ဆန်ကျသည်ကိုမူ ပြောကြားခဲ့ခြင်း မရှိပေ။

တရုတ်က မြန်မာကို ပြင်းပြင်းထန်ထန် သတိပေးခဲ့ပြီး အလားတူအဖြစ်မျိုး ထပ်မဖြစ်စေရန် တောင်းဆိုခဲ့သည်ဟု ဟောင်က ဆိုသည်။ သက်ဆိုင်ရာ ပုဂ္ဂိုလ်ကို ထိန်းချုပ်ရန် ကြိုးစားမည်ဟု မြန်မာက ပြောကြားခဲ့သည်ဟုလည်း ၎င်းက ပြောကြားခဲ့သည်။

တရုတ်သမ္မတ ရှီကျင်ပင်းသည် မြန်မာအာဏာရပါတီ၏ ဥက္ကဋ္ဌ ဦးရွှေမန်းနှင့် တနင်္လာနေ့က ပေကျင်းတွင် တွေ့ဆုံခဲ့ပြီး နယ်စပ်တစ်လျှောက် ငြိမ်းချမ်းရေးရှိရန် ထပ်မံတောင်းဆိုခဲ့သည်ဟု ဟောင်က ပြောကြားခဲ့သည်။

နယ်စပ်အခြေအနေ ပုံမှန်ပြန်ဖြစ်ရန် သက်ဆိုင်ရာအဖွဲ့အစည်းများက အမြန်ဆုံး ပြုလုပ်နိုင်မည်ဟု တရုတ်က မျှော်လင့်ကြောင်းလည်း ဟောင်က ပြောကြားခဲ့သည်။ ကိုးကန့်ဒေသ၏ အဓိက သူပုန်အုပ်စု MNDAA ကို တရုတ်လူမျိုး တပ်မှူး ဖုန်ကြားရှင်က ဦးဆောင်လျက်ရှိသည်။

April 11, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ဧပြီလ ၁၀ ရက်တွင် ဖွဲ့စည်းလိုက်သည့်...
April 10, 2026
အာဏာသိမ်း စစ်ကော်မရှင်တပ်မှ အရာရှိ၊ စစ်သည်များ၏ သား၊ သမီးများ စစ်တပ်အတွက် အရင်းအမြစ်များ...
April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...