"ပြည်နယ်လူထု ညီလာခံတွေကနေတစ်ဆင့် ကယားပြည်နယ် လူထု ညီလာခံတွေကို ပြုလုပ်တာပါ။ ပြည်သူတွေရဲ့ အသံကို ကြားနိုင်ဖို့အတွက် လူထုညီလာခံကို ပြုလုပ်တာ" ဟု ပြောသည်။
၂၀၁၅ ခုနှစ် ဇန်နဝါရီလ ၁၂ ရက်က မဟာမိတ် ပါတီများအဖြစ် ပူးပေါင်းခဲ့သည့် ကယန်းအမျိုးသားပါတီ၊ လူမျိုးပေါင်းစုံဒီမိုကရေစီ ပါတီ (ကယားပြည်နယ်)၊ ကယားလူမျိုးစု ဒီမိုကရေစီပါတီတို့က ညီလာခံပြုလုပ်ရန် ပြင်ဆင်ခြင်း ဖြစ်သည်။
လူထုညီလာခံတွင် ပါတီ သုံးခုနှင့် အရပ်ဘက်အဖွဲ့အစည်းများ၏ အစီရင်ခံစာများကို စာတမ်းဖတ်ကြားမည်ဖြစ်သည်။ ကယားပြည်နယ်ရှိ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များကိုလည်း တက်ရောက်၍ စာတမ်းများ ဖတ်ကြားရန် ဖိတ်ကြားသွားမည်ဖြစ်သည်ဟု ဦးစောဒယ်နီယာက ပြောသည်။
ပြည်သူလူထု ၄၀၀ ကျော် တက်ရောက်မည်ဟု ခန့်မှန်းထားပြီး ကယားပြည်နယ် အနာဂတ် ငြိမ်းချမ်းရေး၊ တိုင်းရင်းသား ဒေသခံ ပါတီ သုံးခု ညီညွတ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကောင်းမွန်သော ဒေသ အစိုးရတစ်ရပ် ပေါ်ပေါက်လာစေရန် ရည်ရွယ်၍ ပြုလုပ်ခြင်းဖြစ်သည်။
လူထုညီလာခံ အကြိုအဖြစ် ပြည်နယ်လူထု ညီလာခံများကို ပြုလုပ်မည်ဖြစ်သည်။ ပြည်နယ်လူထု ညီလာခံများမှ ရရှိလာသည့် ပြည်သူ့အသံများကို စုစည်း၍ ကယားပြည်နယ် လူထုညီလာခံတွင် အခြေခံဆွေးနွေးမှုများ ပြုလုပ်သွားမည်ဖြစ်သည်။
"လူထုအသံကို အကောင်အထည် ဖော်နိုင်ဖို့အတွက်ပါ။ မဟာမိတ်ပါတီတွေအနေနဲ့ ဘယ်မြို့နယ်တွေမှာ ရွေးကောက်ပွဲ ဝင်မယ်ဆိုတာကို တိုင်ပင်ဆွေးနွေးထားတာတော့ မရှိသေးပါဘူး" ကယန်းအမျိုးသားပါတီ အထွေထွေအတွင်းရေးမှူး ဦးနန်းရီက ပြောသည်။
အလားတူပင် ဒီမော့ဆိုမြို့နယ်တွင် ဧပြီလ ၃၀ ရက်၊ မယ်စဲ့မြို့နယ်တွင် မေလ ၂ ရက်၊ ဖားဆောင်းမြို့နယ်တွင် မေလ ၃ ရက်၊ ဖရူးဆိုမြို့နယ်တွင် မေလ ၄ ရက်၊ ရှားတောမြို့နယ်တွင် မေလ ၅ ရက်များတွင် ဆွေးနွေးပွဲများ ပြုလုပ်မည် ဖြစ်သည်။







