ခြောက်ပွင့်ဆိုင်ဆွေးနွေးပွဲရလဒ် ဒေါက်တာအေးမောင်ရှင်းပြခြင်းမရှိဟု SNLD ကြေငြာချက်ထုတ်

ခြောက်ပွင့်ဆိုင်ဆွေးနွေးပွဲရလဒ် ဒေါက်တာအေးမောင်ရှင်းပြခြင်းမရှိဟု SNLD ကြေငြာချက်ထုတ်
by -
မဇ္ဈိမ
ယခုလ ၁၀ရက်နေ့က သမ္မတအိမ်တော်တွင်ပြုလုပ်သည့် ခြောက်ပွင့်ဆိုင်ဆွေးနွေးပွဲသို့ တိုင်းရင်းသားကိုယ်စားပြု တက်ရောက်ခဲ့သည့် ရခိုင်တိုင်းရင်းသားအမတ်ဖြစ်သူ ဒေါက်တာအေးမောင်အနေဖြင့် ဆွေးနွေးပွဲရလဒ်ကို တစ်စုံတစ်ရာရှင်းပြခဲ့ခြင်း အလျဉ်းမရှိဟု ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်(SNLD)က ဧပြီ ၂၂ရက်တွင် ကြေငြာချက်ထုတ်ပြန်လိုက်သည်။

"ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် ဒေါက်တာအေးမောင်နှင့်တွေ့ဆုံဆွေးနွေးမှု တစ်ကြိမ်တစ်ခါမျှ မရှိခဲ့ပါ။ ခြောက်ပွင့်ဆိုင်တွေ့ဆုံပွဲသို့ တက်ရောက်စဉ်ကလည်း ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်အား ကိုယ်စားပြု တက်ရောက်ခဲ့ခြင်း မဟုတ်ပါ။ ဆွေးနွေးပွဲပြီး ပြန်လည်ရှင်းပြသည်ဟု ဆိုရာတွင်လည်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်အား ရှင်းပြခြင်းလုံးဝမရှိခဲ့ပါ" ဟု SNLD၏ ကြေငြာချက်တွင် ဖော်ပြထားသည်။

ခြောက်ပွင့်ဆိုင်ဆွေးနွေးပွဲရလဒ်များကို တိုင်းရင်းသားများအား ပြန်လည်ရှင်းပြပြီးဖြစ်သည်ဟု ဧရာဝတီသတင်းဌာနနှင့် အင်တာဗျူးတွင် ဒေါက်တာအေးမောင်၏ ပြောဆိုချက်အပေါ် SNLDက ကြေငြာချက် ထုတ်ခဲ့ခြင်းဖြစ်သည်။

ထို့ပြင် တိုင်းရင်းသားပါတီများနှင့် သဘောတူထားသည့် အကြောင်းအရာများကိုသာ ခြောက်ပွင့်ဆိုင် တွေ့ဆုံပွဲတွင် ဆွေးနွေးခဲ့သည် ဟု ဒေါက်တာအေးမောင်၏ ပြောဆိုချက်သည်လည်း SNLD က ၎င်းတို့ပါတီနှင့် လုံးဝ သက်ဆိုင်ခြင်းမရှိဟု ကြေငြာချက်တွင် ပါရှိသည်။

"ဆွေးနွေးပွဲမှာ ကျွန်တော် တင်ပြခဲ့တဲ့ ကိစ္စအားလုံးဟာ ဘောင်မလွတ်ဘူး။ တိုင်းရင်းသားပါတီတွေနဲ့ ဆွေးနွေးပြီးသား ကိစ္စတွေကို စာအုပ်တစ်အုပ် ကျွန်တော်တို့ ပြုစုထားတာ ရှိပါတယ်။ အဲဒီဘောင်ထဲကပဲ ကျွန်တော်ပြောခဲ့တာပါ။ သူတို့လည်း သဘောပေါက် ပါတယ်။ Agree ဖြစ်ပြီးသား စကားလုံးတွေကိုပဲ ကျွန်တော်ပြောခဲ့တာပါ" ဟု ဧရာဝတီသတင်းဌာနနှင့် အင်တာဗျူးတွင် ဒေါက်တာအေးမောင်၏ ပြောဆိုချက်အပေါ် အထက်ပါအတိုင်း ကြေငြာချက်ထုတ်ခဲ့ခြင်းလည်း ဖြစ်သည်။

အဆိုပါ ကြေငြာချက်နှင့်ပတ်သက်ပြီး ဒေါက်တာအေးမောင်ကို မဇ္ဈိမက ဆက်သွယ်မေးမြန်းရာ "ကျားဖြူ(SNDP)ကထုတ်ရင် ရှင်းလို့ရတယ်။ ကျားဖြူမဟုတ်ဘဲနဲ့ SNLD ဆိုရင် မဆိုင်ဘူး" ဟုဆိုကာ "ခင်ဗျားမေးတာ နောက်မှပြောမယ်။ ကျွန်တော်လည်း မအားဘူး" ဟုသာ ဖြေကြားခဲ့သည်။

April 11, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ဧပြီလ ၁၀ ရက်တွင် ဖွဲ့စည်းလိုက်သည့်...
April 10, 2026
အာဏာသိမ်း စစ်ကော်မရှင်တပ်မှ အရာရှိ၊ စစ်သည်များ၏ သား၊ သမီးများ စစ်တပ်အတွက် အရင်းအမြစ်များ...
April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...