ကရင်နီ အမှတ် (၁) ဒုက္ခသည်စခန်း၌ မီးလောင်မှုဖြစ်ပွား၍ အိမ်ခြေ ၁၀၀ ကျော် ပျက်စီးပြီး လူ ရ၀၀ ကျော် အိုးမဲ့အိမ်မဲ့ဖြစ်

ကရင်နီ အမှတ် (၁) ဒုက္ခသည်စခန်း၌ မီးလောင်မှုဖြစ်ပွား၍ အိမ်ခြေ ၁၀၀ ကျော် ပျက်စီးပြီး လူ ရ၀၀ ကျော် အိုးမဲ့အိမ်မဲ့ဖြစ်
by -
ကေအိုင်စီ
ထိုင်း-မြန်မာနယ်စပ် မယ်ဟောင်ဆောင်ခရိုင်ရှိ ကရင်နီ အမှတ်(၁) ဒုက္ခသည်စခန်းတွင် ပေါ့ဆမီးကြောင့် ဧပြီလ ရရက် နေ့လည် ၁၁နာရီတွင် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ လူနေအိမ် ၁၀၀ ကျော် မီးလောင်ကျွမ်းပြီး ဒုက္ခသည် ရ၀၀ ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်ဟု ဒုတိယ စခန်းဥက္ကဋ္ဌဖြစ်သူ နော်ခူဖောက ပြောသည်။

“ရပ်ကွက် (၁) လူနေအိမ်တစ်လုံးရဲ့ မီးဖိုချောင်က စလောင်ရာကနေ ရပ်ကွက် ၁၂ အထိ ကူးသွားတယ်။ ရေရှားတော့ မီးက တော်တော်မငြိမ်းသတ်နိုင်ဘူး။ မီးသတ်ကား ၂စီး ရောက်လာမှ မွန်းလွဲ ၂နာရီလောက်မှာ မီးငြိမ်းတယ်။ လောလောဆယ် ရထားတဲ့ စာရင်းအရ အိမ်က ၁၅၀လုံး လုံးဝ ပျက်စီးသွားတယ်။ လူဦးရေက ရ၀၀ ကျော်တယ်။ ဒီထက်များရင် များနိုင်တယ်။ ထိခိုက်ဒဏ်ရာ ရသူတော့ မရှိဘူး”ဟု ကေအိုင်စီသို့ ပြောသည်။

၎င်းမီးဘေးသင့် ဒုက္ခသည်များကို နီးစပ်ရာ အသိမိတ်ဆွေအိမ်၊ အမျိုးသမီးရုံး၊ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး(UNCHR)ရုံး၊ ထိုင်းပြည်ထဲရေးဋ္ဌာနရုံးတို့တွင် နေစရာနေရာများ စီစဉ်ပေးထားသော်လည်း စားရေးသောက်အရေးအတွက် အခက်အခဲကြံုနေရသည်ဟု ဒုစခန်းဥက္ကဋ္ဌ နော်ခူဖောက ဆက်ပြောသည်။

မီးဘေးသင့်သူများ၏ စာရင်းကို လိုက်လံစုဆောင်းနေသူ ကရင်နီ ဒုက္ခသည်ကော်မတီ အတွင်းရေးမှူး(၁) ခူးလွှီး (Luiz) က “အခုလောလောဆယ် ကြံုတွေ့နေရတာက ကလေးတွေ ဟိုးပြေးဒီပြေးဖြစ်တော့ ကလေးဦးရေ မရေတွက်နိုင်သေးဘူး။ လူဦးရေများတဲ့အတွက် အရေးပေါ် လိုနေတာက နေရာထိုင်ခင်းပေါ့။ ပြီးတော့ ချက်ဖို့ ပြုတ်ဖို့အတွက် အခက်အခဲ ကြံုနေရတယ်”ဟု ပြောသည်။

ကရင်နီအမှတ် (၁) ဒုက္ခသည်စခန်း၌ လက်ရှိ လူဦးရေ ၁၁,၆၆၃ ဦး ရှိသည်ဟု စခန်းကော်မတီ၏ စာရင်းအရ သိရသည်။

ပြီးခဲ့သည့် ၂၀၁၃ခုနှစ်၊ မတ်လ ၂၂ရက်နေ့ကလည်း မယ်ဟောင်ဆောင်ခရိုင်ရှိ ကရင်နီအမှတ် (၂) ဒုက္ခသည်စခန်း၌ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့သဖြင့် အိမ်ခြေ ၄၀၀ ကျော် ပျက်စီးပြီး ဒုက္ခသည် ၃၀ကျော် သေဆုံးခဲ့ဖူးသည်။

May 14, 2026
ပေါ်ထွန်း — မကွေးတိုင်းအတွင်းရှိ ပေါက်မြို့နယ်နှင့် ဆောမြို့နယ်များသို့ စစ်အုပ်စုက...
May 13, 2026
ပေါ်ထွန်း — စစ်ကိုင်းတိုင်းအတွင်း စစ်ရေးအရှိန်မြှင့်တင်နေသည့် အာရက္ခတပ်တော် (AA) အပါအဝင်...
May 12, 2026
ယမင်းဖူးပွင့်အောင် — ရှမ်းပြည်နယ်မြောက်ပိုင်းတွင် စစ်အုပ်စုက တရုတ်ကုန်ပစ္စည်းများ တင်သွင်းမှုကို...
May 11, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရရေး ၎င်း၏ ရှေ့နေအဖွဲ့က...