ရန်ကုန်တွင် စန္ဒကူးဘုန်းတော်ကြီးသင်ပညာရေးကျောင်း ရန်ပုံငွေဂီတဖျော်ဖြေပွဲ ပြုလုပ်မည်

ရန်ကုန်တွင် စန္ဒကူးဘုန်းတော်ကြီးသင်ပညာရေးကျောင်း ရန်ပုံငွေဂီတဖျော်ဖြေပွဲ ပြုလုပ်မည်
by -
နိရဥ္စရာ
ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်အတွင်းရှိ စန္ဒကူးဘုန်းတော်ကြီးသင် ပညာရေးကျောင်း ရန်ပုံငွေအတွက် ဂီတဖျော်ဖြေပွဲကြီးတစ်ခုကို ဧပြီလ ၃ရက်နှင့် ၄ ရက်နေ့များတွင် နှစ်ရက်တိုင်တိုင် ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါပွဲတော်ကို စန္ဒကူးဘုန်းတော်ကြီးသင်ပညာရေးကျောင်း တည််ရှိရာ လှိုင်သာယာမြို့နယ်၊ အောင်မြေသာယာ ဘုရားအနီးရှိ မြို့နယ်အားကစားကွင်းတွင် စည်ကားသိုက်မြိုက်စွာ ပြုလုပ်သွားမည်ဟု စန္ဒကူးဘုန်းတော်ကြီး သင်ပညာရေးကျောင်း၏ ပဓာနနာယကဆရာတော် ဦးစန္ဒက မိန့်သည်။

“ဦးဇင်းတို့ကျောင်းမှာလောလောဆယ်က အဆောက်အဦးပဲရှိတယ်လေ။ ကျောင်းသားတွေအတွက် စာအုပ်စာတမ်းတွေ၊ ကျောင်းသုံး ကိရိယာတွေ၊ ကျောင်းဝတ်စုံတွေ၊ စာသင်ခုံတွေလိုနေသေးတယ်။ အဲဒါတွေကို ဖြည့်ဆည်းပေးဖို့ ရည်ရွယ်ချက်နဲ့ ဒီပွဲကိုလုပ်မှာပါ”ဟု ယင်းက မိန့်သည်။

အဆိုပါပွဲတွင် ရခိုင်တေးသံရှင်များဖြစ်ကြသော ဝင်းကိုခိုင်၊ ဒိုးအ်ရီ၊  ကိုကိုနိုင်(ဗျာလ)၊ ညှာစိမ်းခိုင်၊ စိမ်းလဲ့လဲ့၊ မိချော၊ စောနှင်းနွယ်၊ စိုးလေး၊ Su လာဘ်ရွှေဇင်နှင့် ဒိုးကလေးအပါအဝင် မြန်မာ တေးသံရှင်များဖြစ်ကြသော ရဲရင့်အောင်၊ ပိုပို၊ ဖြိုးကျော်ထိုက်နှင့် အခြားအဆိုတော်အချို့တို့က ပါဝင်ဖျော်ဖြေသွားကြမည်ဖြစ်ကြောင်း သိရသည်။

ပွဲပထမနေ့တွင် ဂီတတံတခါးလေးများဖွင့်ပါဦးနှင့် Star Let’s Sky  တို့မှ ဂီတမျိုးဆက်သစ် အနုပညာကြည်ပွင့်လေး များ ဖြစ်ကြသော ဖြိုးသီဟ၊ ရဲသီဟ၊ ယုဝေဖြိုး၊ အေးမြဖြူ၊ မေ့ချစ်သက်အပါအဝင် အခြား မျိုးဆက်သစ်ဂီတကလေးငယ် များနှင့် နိုင်ငံကျော်အဆိုတော်အချို့တို့က ဖျော်ဖြေသွားကြမည်ဖြစ်ကြောင်း သိရသည်။

လက်မှတ်တစ်စောင်လျှင် လူကြီး ၃ဝဝဝကျပ်၊ လူငယ် ၂ဝဝဝကျပ် သတ်မှတ်ထားပြီး ရုံဝင်ကြေးပါပြီး ခုံတစ်ခုံလျှင် ကျပ် ၅ဝဝဝ သတ်မှတ်ထားကြောင်းလည်း သိရသည်။

“ဒီကျောင်းကို ၂ဝ၁၂ ခုနှစ်မှာစတင်တည်ထောင်ခဲ့တာပါ။ လက်ရှိမှာတော့ ကျောင်းမှာ စာသင်သား ဦးရေ (ကိုရင်ငယ်တွေ အပါအဝင်) ကျောင်းသူ၊ ကျောင်းသား ၁ဝဝကျော်ရှိပါတယ်”ဟု ဆရာတော်ဦးစန္ဒက မိန့်သည်။

ယင်းကျောင်းသူ၊  ကျောင်းသားများအနက် ရခိုင်ပြည်နယ် မြေပုံမြို့နယ်နှင့် အမ်းမြို့နယ်ဘက်မှ ကျောင်းသူ၊  ကျောင်းသားများလည်း ပါဝင်သလို လှိုင်သာယာနှင့် ရွှေပြည်သာမြို့နယ်များမှလည်း ပါဝင်သည်ဟုဆိုသည်။

Statement01

စေတနာရှင်များအနေဖြင့် ကျောင်းသား၊ ကျောင်းသူဝတ်စုံတစ်စုံလျှင် ၅ဝဝဝ ကျပ်၊ ကျောင်းသုံးစာအုပ် (ဖတ်စာ+ ဗလာစာအုပ်+စာရေးကိရိယာအစုံ) သူငယ်တန်းအတွက် ၃၅ဝဝ ကျပ်၊ ပထမတန်း၊ ဒုတိယတန်းနှင့် တတိယတန်းတို့ အတွက် ကျပ် ၄ဝဝဝ၊ စတုတ္ထတန်းအတွက် ၅ဝဝဝကျပ်၊ ကျောင်းသား (သာမဏေ)များ အတွက် သင်္ကန်းဒွိစုံတစ်စုံလျှင် ၅ဝဝဝ ကျပ်၊ ကျောင်းသား/သူ ၄ ဦးထိုင် စာသင်ခုံတစ်ခုံလျှင် ၅ဝဝဝ ကျပ်နှင့် ကွန်ပျူတာ၊ ပရိုဂျတ်တာတစ်စုံလျှင် ၅ သိန်းကျပ်နှုန်းဖြင့် ဖုန်း – ဝ၉၄၃ဝ၂ဝ၄၃၄၊ ဝ၉၄၂ဝ၁၂၂၅ဝ၅၊ ဝ၉၄၉၅၇၁ဝ၅၇ တို့ထံ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။

May 14, 2026
ပေါ်ထွန်း — မကွေးတိုင်းအတွင်းရှိ ပေါက်မြို့နယ်နှင့် ဆောမြို့နယ်များသို့ စစ်အုပ်စုက...
May 13, 2026
ပေါ်ထွန်း — စစ်ကိုင်းတိုင်းအတွင်း စစ်ရေးအရှိန်မြှင့်တင်နေသည့် အာရက္ခတပ်တော် (AA) အပါအဝင်...
May 12, 2026
ယမင်းဖူးပွင့်အောင် — ရှမ်းပြည်နယ်မြောက်ပိုင်းတွင် စစ်အုပ်စုက တရုတ်ကုန်ပစ္စည်းများ တင်သွင်းမှုကို...
May 11, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရရေး ၎င်း၏ ရှေ့နေအဖွဲ့က...