ဖက်ဒရယ်ပြည်ထောင်စု တပ်မတော် အစည်းအဝေး လူမစုံ၍ မလုပ်ဖြစ်ခဲ့

ဖက်ဒရယ်ပြည်ထောင်စု တပ်မတော် အစည်းအဝေး လူမစုံ၍ မလုပ်ဖြစ်ခဲ့
by -
မဇ္ဈိမ
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ ဖွဲ့စည်းထားသည့် ဖက်ဒရယ်ပြည်ထောင်စု တပ်မတော် (Federal Union Army -FUA) ၏ အစည်းအဝေးကို မတ်လ ၂၈ရက်နှင့် ၂၉ရက်တွင် ထိုင်းမြန်မာနယ်စပ် လွတ်မြောက်နယ်မြေတစ်နေရာတွင် ကျင်းပရန် စီစဉ်ခဲ့သော်လည်း လူမစုံသဖြင့် မကျင်းပခဲ့ရကြောင်း FUA ၏ စစ်ဦးစီးချုပ် ဗိုုလ်ချုပ် ဘီထူးက မဇ္စျိမကိုပြောသည်။

"ကျွန်တော်တို့ လုပ်ဖို့အစီအစဉ်ရှိတယ်။ သို့သော် လူမစုံလို့ မဆွေးနွေးတာဖြစ်တယ်။နောက်တစ်ခုက NCCT ကလုပ်ငန်း မပြီးပြတ်သေးတော့ ဘာမှဆွေးနွေးတာ မရှိသေးဘူး။ NCCT အစည်းအဝေးပြီးတာနဲ့ ခေါင်းဆောင်တွေနဲ့ တခါဆွေးနွေးပြီးတော့ တပ်အနေနဲ့ခေါ်ပြီး ဆွေးနွေးရမယ် ဆိုပြီးတော့ သဘောထားကြတယ်”ဟု သူက မဇ္စျိမကိုပြောသည်။

တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေး ထိုးရန် အတွက်တွေ့ ဆုံဆွေးနွေး ပွဲပြုလုပ်နေချိန်တွင်  လက်နက်ကိုင် တပ်ဖွဲ့များအကြား တစ်ဖွဲ့နှင့်တစ်ဖွဲ့ နားလည်မှု၊ ယုံကြည်မှု ရရှိရန်အတွက် တွေ့ဆုံဆွေးနွေးရခြင်းဖြစ်သည်ဟု FUA မှ အမည်မဖော်လိုသူ ထိပ်ပိုင်း အရာရှိတစ်ဦးက ပြောသည်။

“တစ်ရက်နဲ့ နေ့တစ်ဝက်ဆွေးနွေးတယ်။  အဓိကတော့ စစ်တပ်နဲ့   ပတ်သက်လို့ လိုအပ်တာတွေ ပြင်ဆင်တယ်။ UNFC ရဲ့ နိုင်ငံရေး  ဦးဆောင်မှုအောက်မှာ သွားဖို့၊ တစ်ဖွဲ့နဲ့တစ်ဖွဲ့ ယဉ်ကျေးမှု၊ ဒေသတွေ မတူညီနဲ့အတွက် တစ်ယောက်နဲ့ တစ်ယောက် နားလည်မှု ယုံကြည်မှု ရဖို့ဆွေးနွေးတာဖြစ်တယ်”ဟု သူက မဇ္စျိမ ကိုပြောသည်။

ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ဖွဲ့စည်းကတည်းက တပ်ပေါင်းစုများအကြား စည်းလုံး ညီညွတ်၍ နိုင်ငံရေး ဦးဆောင်မှုတွင် ပူးပေါင်းဆောင်ရွက်သွားရန်နှင့် မိမိကိုယ်မိမိ ခုခံကာကွယ်နိုင်ရန်အတွက် FUA ကို ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

၂၀၁၄ ခုနှစ် နို၀င်ဘာ ၂၈ရက်ကနေ နို၀င်ဘာ ၂၉ရက်အထိ လွတ်မြောက်နယ်မြေ တစ်နေရာတွင် FUA ပထအကြိမ် စစ်ဦးစီးအဖွဲ့ ညီလာခံကို ကျင်းပခဲ့သည်။ UNFC ကာကွယ်ရေးဌာန တာဝန်ခံဖြစ်တဲ့ စစ်ဦးစီးအဖွဲ့ဝင် ၁၅ဦးထားရှိကာ စစ်ဦးစီးချုပ် ဗိုလ်ချူပ် ဘီထူး (ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ KNPP) ၊ ဒုတိယ စစ်ဦးစီးချုပ် (၁) ဒုဗိုလ်ချုပ် ကြီးဘောကျောဟဲ (ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်)၊ ဒုတိယစစ်ဦးစီးချုပ် (၂) ဗုုိလ်မှူးချုပ် ခေါင်လွမ်း (ကချင်လွတ်လပ်ရေးတပ်မတော် KIA) တို့ ပါဝင်သည်။

May 14, 2026
ပေါ်ထွန်း — မကွေးတိုင်းအတွင်းရှိ ပေါက်မြို့နယ်နှင့် ဆောမြို့နယ်များသို့ စစ်အုပ်စုက...
May 13, 2026
ပေါ်ထွန်း — စစ်ကိုင်းတိုင်းအတွင်း စစ်ရေးအရှိန်မြှင့်တင်နေသည့် အာရက္ခတပ်တော် (AA) အပါအဝင်...
May 12, 2026
ယမင်းဖူးပွင့်အောင် — ရှမ်းပြည်နယ်မြောက်ပိုင်းတွင် စစ်အုပ်စုက တရုတ်ကုန်ပစ္စည်းများ တင်သွင်းမှုကို...
May 11, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရရေး ၎င်း၏ ရှေ့နေအဖွဲ့က...