ဖောက်သည် လုရာမှ သုံးလောင်းပြိုင် လူသတ်မှု ဖြစ်ပွါး

ဖောက်သည် လုရာမှ သုံးလောင်းပြိုင် လူသတ်မှု ဖြစ်ပွါး
by -
သျှမ်းသံတော်ဆင့်
စျေးဝယ်ဖောက်သည်လုရာမှ ခုတ်ဖြတ်ခံရသောဝက်သားသည် (ဓါတ်ပုံ- Num Kham News)
စျေးဝယ်ဖောက်သည်လုရာမှ ခုတ်ဖြတ်ခံရသောဝက်သားသည် (ဓါတ်ပုံ- Num Kham News)
တရုတ်ပြည် ထုန့်မော(၀်)ဒေသ ရွှေလီမြို့အနီး သျှမ်းလူမျိုးစု အများဆုံး နေထိုင်သည့် နောင်ငင်းရွာ၌ ၀က်သား စျေးဝယ် ဖောက်သည် လုရာမှ သုံးလောင်းပြိုင် လူသတ်မှုတစ်ခု မတ်လ ၂၉ရက်နေ့ နံနက်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း တရုတ်ပြည်ရောက် နမ့်ခမ်းသားတစ်ဦးက ပြောသည်။ “ကျနော့်ရှေ့မှာပဲ ဖြစ်တာလေ။ ဟိုးဘက်အသည်ကို ဒီဘက်ကလင်မယားသတ်တာလေ။ သူ့ယောက်ျားက ရိုက်နှက်ပြီး ဖမ်းဖိထားတယ်။ သူ့မိန်းမက ၀က်သားခုတ် ဓါးနဲ့ ဂုတ်ကို သုံးချက် ခုတ်လိုက်တာ၊ အဲ့အချိန်မှာ အသတ်ခံရသူရဲ့ ညီက ပြေးလာတယ်။ သူပါတစ်ခါတည်း ခုတ်သတ်ခံလိုက်ရတယ်။ ပွဲချင်းပြီးပဲ” ဟု နမ့်ခမ်းသားကပြောသည်။ နောင်ငင်းရွာစျေးအတွင်း ၀က်သားသည် နှစ်သည်သည် စျေးဝယ်ဖောက်သည် လုရာမှ အချင်းချင်းစကားများ ရန်ဖြစ်ပြီး ယခုကဲ့သို့ လူသတ်မှုဖြစ်ခဲ့ရခြင်း ဖြစ်ကြောင်း၊ လူသတ်မှုတရားခံမှာ   ၀က်သားသည် လင်မယား နှစ်ဦးဖြစ်ပြီး အသတ်ခံရသောသူမှာလည်း ၀က်သားသည် မောင်နှမသုံးဦးဖြစ်ကြောင်း ကိုယ်တိုင်မြင် တွေ့ရသူ  တရုတ်ပြည်ရောက် နမ့်ခမ်းသားတစ်ဦးကဆိုသည်။ ထိုစဉ် မောင် ၂ဦးအသတ်ခံရမှုကို အနီးမှ ရပ်ကြည့်နေသော အစ်မဖြစ်သူ၏ ခေါင်းနှင့်လည်ပင်းကို ဓါးမဖြင့်  ထပ်မံခုတ်ဖြတ်ရာ ဆေးရုံတင်လိုက်ရကြောင်း၊ ဆေးရုံတွင်ပင် အကြီးဆုံးအစ်မဖြစ်သူမှာလည်း သေဆုံးသွားကြောင်း ၎င်းက သျှမ်းသံတော်ဆင့်အား ပြောသည်။ ထိုသို့ခုတ်သတ်ကြပြီးနောက် ၀က်သားသည် ယောက်ျားမှာ ဆိုင်ကယ်ဖြင့် ထွက်ပြေးကြောင်း၊ လူသတ်သည့် မိန်းမဖြစ် သူကို စျေးသည်များ ဝိုင်းဝန်းရိုက်နှက်ဖမ်းချုပ်ထားပြီး တရုတ်ရဲများက လာရောက်ဖမ်းဆီးသွားကြောင်း၊ နာရီဝက်ခန့်အကြာမှသာ ထွက်ပြေးသူယောက်ျားဖြစ်သူအား အာဏာပိုင်များက ဖမ်းဆီးရမိကြောင်း   အခင်းဖြစ်ပွားသည့်နေရာ အနီးတွင်ရှိသော နောင်ငင်းရွာသား စိုင်းအိုက်ကျော်က ဆိုသည်။ လူသတ်သမားလင်မယားနှစ်ဦးနှင့် အသတ်ခံရသောသူများသည် တရုတ်လူမျိုးများဖြစ်ကြပြီး အသတ်ခံရသည့် ၀က်သားသည် မောင်နှမသုံးဦးမှာ အသက် ၃၀ နှစ်အောက် အိမ်ထောင်မရှိသေးသူ လူလွှတ်များဖြစ်ကြကြောင်း ဒေသခံများ ထံသိရသည်။
May 14, 2026
ပေါ်ထွန်း — မကွေးတိုင်းအတွင်းရှိ ပေါက်မြို့နယ်နှင့် ဆောမြို့နယ်များသို့ စစ်အုပ်စုက...
May 13, 2026
ပေါ်ထွန်း — စစ်ကိုင်းတိုင်းအတွင်း စစ်ရေးအရှိန်မြှင့်တင်နေသည့် အာရက္ခတပ်တော် (AA) အပါအဝင်...
May 12, 2026
ယမင်းဖူးပွင့်အောင် — ရှမ်းပြည်နယ်မြောက်ပိုင်းတွင် စစ်အုပ်စုက တရုတ်ကုန်ပစ္စည်းများ တင်သွင်းမှုကို...
May 11, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရရေး ၎င်း၏ ရှေ့နေအဖွဲ့က...