မိုင်းနောင်မြို့ စကခ (၂) စစ်ဌာနချုပ်မှ တိုက်ပွဲအတု ညလုံးပေါက် ဆင်နွဲ - ဝမ့်ဟိုင်းအား တိုက်လေယာဉ် သုံးစီးဖြင့် ပစ်ခတ်တိုက်ခိုက်

မိုင်းနောင်မြို့ စကခ (၂) စစ်ဌာနချုပ်မှ တိုက်ပွဲအတု ညလုံးပေါက် ဆင်နွဲ - ဝမ့်ဟိုင်းအား တိုက်လေယာဉ် သုံးစီးဖြင့် ပစ်ခတ်တိုက်ခိုက်
by -
သျှမ်းသံတော်ဆင့်
သျှမ်းပြည် တောင်ပိုင်း လွယ်လင်ခရိုင်၊ ကျေးသီးမြို့နယ် မိုင်းနောင်မြို့အခြေစိုက် အမှတ် ၂ စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ် စကခ လက်အောက်ခံ တပ်ရင်းများက တိုက်ပွဲအတုများ ညလုံးပေါက် ဆင်နွဲကာ နိုဝင်ဘာ ၁၀ ရက်နေ့၊ နံနက်ပိုင်းတွင် သျှမ်းပြည်တပ်မတော် SSPP/SSA ဌာနချုပ် ဝမ့်ဟိုင်းကို တိုက်လေယာဉ်ဖြင့် ပစ်ခတ်တိုက်ခိုက်သည်ဟု သိရသည်။

နိုဝင်ဘာ ၉ ရက်နေ့၊ ည မှ နိုဝင်ဘာ ၁၀ ရက်နေ့၊ နံနက်ပိုင်းအထိ မိုင်းနောင် အခြေစိုက်စကခ ၂ လက်အောက်ခံတပ်ရင်းများက တိုက်ပွဲအတုများ ညလုံးပေါက်ဆင်နွှဲကြောင်း၊ မိုင်းရှူးမြို့ အခြေစိုက် ခလရ ၁၄၉ ကလည်း နိုဝင်ဘာ ၁၀ ရက်နေ့၊ နံနက် ရ နာရီကျော် တကြိမ် ၁၀ နာရီခန့်တကြိမ် မိုင်းရှူး မြို့ပေါ် ဖြတ်သန်းပျံဝဲကာ လွဲဝိန်းကျေးရွာနှင့် ပန်ဝိုက်ကျေးရွာ (မိုင်းရှူးမြို့မြောက်ဘက် ရ မိုင်ခန့်) ဘက် ၁၀ ကြိမ်ထက်မနည်း လက်နက်ကြီးများ ပစ်ခတ်ကြောင်း၊ ထို့အပြင် တိုက်ပွဲဝင် ရဟတ်ယာဉ် ၃ စီးက နံနက် ၁၀ နာရီ ခန့်မှစ၍ ဝမ့်ဟိုင်းအား စတင်တိုက်ခိုက်နေကြောင်း သိရသည်။

“စစ်ရဟတ်ယာဉ် သုံးစီးရောက်လာတယ် ဝမ့်ဟိုင်းကို။ အခုထိပစ်နေတုန်း။ ပြီးမှ ပြန်ဆက်ပါ”ဟု သျှမ်းပြည်တပ်မတော် SSPP/SSA ၏ တွဲဘက် အတွင်းရေးမှူး ဒုဗိုလ်မှူးကြီး ခမ်းသီက နံနက် ၁၀ နာရီအချိန်က သျှမ်းသံတော်ဆင့်သို့ ပြောသည်။

“ဒီမနက် မိုင်းနောင်မှာ လေယာဉ်တွေဗုံး လာကြဲတယ်။ ဗုံးသံအကျယ်ကြီး ကြားရတယ်။ ဗမာစစ်သား တွေက ညတုန်းက ကျနော်တို့ နေအိမ်ခြံဝန်းထဲမှာ လာနေပြီး ပစ်နေတယ်။ လက်နက်ကြီး လက်နက် ငယ်အစုံပဲ။ တခြားတဖက်ကတော့ သူတို့ကို ပြန်တိုက်တာ ပြန်ပစ်တာ မကြားရဘူး။ ကျနော်တို့ မိသားစုတော့ တူးထားတဲ့ကျင်းထဲမှာ သွားပုန်းနေရတယ်တညလုံး”ဟု မိုင်းနောင်မြို့ စိုင်းအိုက်အွန်က ပြောသည်။

“ဒီမနက် ၈ နာရီတုန်းက ဗမာစစ်လေယာဉ် ၂ စီးက မြို့ထဲကို သေနတ်ပစ်ချတယ်။ ၈ နာရီခွဲမှာ ခဏ နားပြီးတော့ ၈ နာရီ ၄၅ မိနစ်မှာ စစ်တပ်က ဗမာစစ်သားတွေပဲ မြို့ထဲပြန်ဝင်လာပြီး မိုးပေါ်ကို သေနတ်ထောင်ပစ်တယ်။ အဲဒီနောက် ဟယ်လီကော်ပတာ ၂ စီး လာဝဲတယ်။ အဲဒါ ထွက်သွားပြီး မကြာခင် ၁၀ နာရီ ၅၀ မှာ စစ်လေယာဉ် ၂ စီးထပ်ဝင်လာတယ်။ နေအိမ် ၂ လုံး မီးလောင်သွားတယ်။ လူတွေ အော်ဟစ်ငိုယိုပြီး ကျင်းထဲဝင်ပုန်းကြတယ်။ ဘယ်သူမှ ထွက်မကြည့်ရဲဘူး”ဟု ဒေသခံ စိုင်းကျော်က ပြောသည်။

ထိုသို့ ပစ်ခတ်နေမှုသည် ဗမာစစ်သားများဘက်က တဖက်တည်းသာ ရမ်းပစ်ခတ်နေခြင်းဖြစ်ပြီး ၎င်းတို့အား ပြန်လည်ပစ်ခတ်သည့် ဘက်မရှိကြောင်း မိုင်းနောင်ဒေသခံများက ပြောပါသည်။

“ဒီနေ့တော့ ကလေးတွေ ကျောင်းလဲမသွားရတော့ဘူး။ ဈေးဆိုင်တွေလဲ ဘယ်သူမှ မဖွင့်ရဲတော့ဘူး။ အိမ်အပြင်တောင်မထွက်ရဲ ဘူး”ဟု မိုင်းရှူးမြို့ခံ ကလေး နှစ်ယောက်မိခင် နန်းခမ်းက ပြောသည်။

“အဲဒီလုပ်ရပ်မျိုးဟာ ရွေးကောက်ပွဲရလဒ်ကို လူထု စိတ်မဝင်စားအောင် လုပ်တာပဲ။ ရွေးကောက်ပွဲ ရလဒ်ကို တရားမျှတစွာထုတ်ပြန်ဖို့ အနှောင့် အယှက်ဖြစ်စေတယ်။ လူထုကိုလည်း အာရုံနှောက်စေ တယ်။ ရွေးကောက်ပွဲရလဒ်ကို တရားမျှတစွာ ထုတ်ပြန်ဖို့အတွက် ယူအီးစီကိုလည်း အနှောင့်အယှက် ပြုရာရောက်တယ်။ တိုင်းရင်းသားစည်းလုံးညီညတ်ရေး အမျိုးသား ပြန်လည်သင့်မြတ်ရေး အတွက် လုံးဝ အရုပ်ဆိုးစေတယ်။ အဲတော့ ကျနော်တို့ SNLD အနေနဲ့ တိုက်ပွဲလုပ်နေတဲ့ကိစ္စရပ်တန်းက ရပ်ပါ။ နိုင်ငံရေးကို နိုင်ငံရေးစားပွဲပေါ်မှာပဲ မျှတစွာ ဆွေးနွေးကျပါ”ဟု SNLD ပြောရေးဆိုခွင့် စိုင်းလိတ်က ပြောသည်။

မိုင်းနောင်မြို့ ဝိန်းကောဝ်ရောက် အစိုးရတပ်မတော်သည် ရွေးကောက်ပွဲ ကျင်းပသည့် နေ့ကလည်း ဒေသခံလူထုနှစ်ဦးအား ပစ်ခတ်သောကြောင့် နှစ်ဦး အပြင်းအထန် ဒဏ်ရာရရှိကာ အောင်ပန်း ဆေးရုံသို့ ပို့ဆောင်ကုသထားရကြောင်း၊ ထို့အတူ ယမန်နေ့ နိုဝင် ၉ ရက် မွန်းတည့် ချိန်ကလည်း ဒေသအတွင်း သွားလာသည့် ခရီးသွားကုန်သည် တဦး၏ ကားကို တားဆီးစစ်ဆေးပြီး ပိုက်ဆံကျပ် သိန်း ရ၀ ဓါးပြတိုက်ယူဆောင်သွားကြောင်း အဆိုပါ ကိစ္စ မိုင်းနောင် ရဲစခန်းနှင့် စကခ စစ်ရုံးထံ တိုင်တမ်းထားကြောင်း မိသားစုဝင်တဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

သျှမ်းပြည်တပ်မတော် SSPP/SSA သည် နေပြည်တော် အစိုးရ နှင့် ပြည်နယ်အဆင့်၊ ပြည်ထောင်စု အဆင့် အပစ်ရပ်ကာ ငြိမ်းချမ်းရေးတည်ဆောက်ထားသည့် သဘောတူညီသည့် စာချုပ်ကို ၂၀၁၂ ခု ဇန်နဝါရီ ၂၈ ရက်နေ့က လက်မှတ်ရေးထိုးထားသည့် တပ်ဖွဲ့ဖြစ်သည်။

ဓာတ်ပုံ - Crd
September 7, 2026
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်အတွင်းရှိ ကားရပ်နားရာနေရာများနှင့် လူသွားလူလာ...
September 7, 2026
သျှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့တွင် အိမ်ထောင်စုစာရင်း ပြုလုပ်ခြင်းနှင့်...
မိုင်းပျဉ်း ၁၆ မိုင်ဂိတ်တွင် မြင်တွေ့ရသည့်ပုံ / Crd
September 4, 2026
သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ် – မိုင်းရှူး လမ်းတစ်လျှောက်ရှိ စစ်အုပ်စုတပ်...
ဖယ်ခုံမြို့နယ်အတွင်း စစ်အုပ်စုတပ် မီးရှို့ခဲ့သည့် နေအိမ်များ။
September 3, 2026
သျှမ်း - ကရင်နီ (ကယား) နယ်စပ်ဖြစ်သည့် မိုးဗြဲနှင့် ဖယ်ခုံဘက်တွင် စစ်အုပ်စုတပ်နှင့်...