မော်လမြိုင်မြို့စျေးယာဉ်ကြောပိတ်ဆို့မှုကို ဌာနဆိုင်ရာများ ပူးပေါင်းမှုဖြင့် ဖြေရှင်းမည်

မော်လမြိုင်မြို့စျေးယာဉ်ကြောပိတ်ဆို့မှုကို ဌာနဆိုင်ရာများ ပူးပေါင်းမှုဖြင့် ဖြေရှင်းမည်
by -
မွန်သတင်းအေဂျင်စီ
မွန်ပြည်နယ် မော်လမြိုင်မြို့ အမှတ် (၁)၊ (၂) စျေးကြီးတို့တွင် ဖြစ်ပွားနေသည့် ယာဉ်ကြောပိတ်ဆို့မှုပြဿနာများကို ဌာနဆိုင်ရာ ရခုဖြင့် ပူးပေါင်းဖြေရှင်းသွားမည်ဟု မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ပြောသည်။

စျေးတွင် ဖြစ်ပွားနေသည့် ယာဉ်ကြောပိတ်ဆို့မှုပြဿနာကို ဖြေရှင်းနိုင်ရန်မတ်လ ရ ရက်နေ့က ပြည်နယ်အစိုးရအဖွဲ့ သက်ဆိုင်ရာဌာ နဌာဆိုင်ရာနှင့် စျေးကော်မတီတို့ တွေ့ဆုံခဲ့ကြပြီး စည်ပင်၊ ရဲတပ်ဖွဲ့၊ ယာဉ်ထိန်းရဲတပ်ဖွဲ့၊ ထွေအုပ်၊ ယာဉ်စည်းကမ်းထိန်းသိမ်းရေးကော် မတီအစရှိသည့် ဌာနဆိုင်ရာ ရ ခုတို့ စုပေါင်းပြီး ဖြေရှင်းသွားရန် ဆုံးဖြတ်ထားသည်ဟု ဒေါက်တာအေးဇံက ပြောသည်။

ယာဉ်များ ရပ်တန့်ရန် နေရောလုံလောက်မှု မရှိခြင်း၊ မော်တော်ယာဉ်အပါအဝင် သုံးဘီးဆိုင်ကယ်၊ ဆိုင်ကယ်၊ လက်တွန်းလှည်းများ စည်းကမ်းတကျ ရပ်တန့်မှုမရှိခြင်း၊ စျေးအနီးဝန်းကျင်ရှိ ယာဉ်ရပ်တန့်ရန် နေရာများတွင် စျေးသည်များ စည်းကမ်းမဲ့စျေးရောင်းချခြင်းနှင့် ကုန်ပစ္စည်းများအား ယာဉ်သွားလမ်းပေါ် စုပုံထားခြင်းကြောင့် ယာဉ်ကြောပိတ်ဆို့မှု ပြဿနာ ပိုမိုဆိုးဝါးလာခြင်းဖြစ်သည်ဟု အမှတ် (၁၂) ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့မှူးရုံး(မွန်) မှ ရဲမှူးကျော်သူက ပြောသည်။

“ယာဉ်ကြောပိတ်ဆို့တဲ့ ပြသာနာကို ဖြေရှင်းဖို့အတွက် ယာဉ်ထိန်းရဲတပ် တစ်ခုတည်း ဖြေရှင်းလို့ အဆင်မပြေလို့ အခုလိုလုပ်တာ၊ ကားတွေကို စည်းကမ်းတကျ ရပ်ဖို့၊ စျေးသည်တွေလည်း စည်းကမ်းတကျ ရောင်းဖို့ လုပ်ပေးသွားမယ်၊ ဆိုင်ကယ်နဲ့ ကားထားမယ့် နေရာတွေလည်း သီခြားနေရာလုပ်ပေးမယ်” ဟု ၄င်းက ပြောသည်။

စျေးအတွင်းယာဉ်ကြောပိတ်ဆို့မှုပြဿနာကို မတ်လ ၁၃ ရက်နေ့မှ ဧပြီလ ၁၃ ရက်နေ့ထိ ပညာပေးခြင်း လက်ကမ်းစာစောင်ဖြန့်ဝေခြင်းဖြင့် ပြုလုပ်သွားမည်ဖြစ်ပြီး ပညာပေးကာလပြီးဆုံးသွားပါက အရေးယူမှုအပိုင်းကို လုပ်ဆောင်သွားမည်ဟု ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

“တနင်္ဂနွေနေ့ စျေးပိတ်ရက် တစ်ရက် မရောက်ခင် စနေနေ့နဲ့ ပိတ်ရက်နောက်တနေ့ တနင်္လာနေ့ဆိုရင် လူတွေများတော့ ယာဉ်ကြောပိတ်တယ်၊ မနက်ပိုင်းဆို ပိုဆိုးတယ်၊ ယာဉ်ပိတ်တဲ့အချိန်ဆိုရင် ဆိုင်ကယ်မပြောနဲ့ လူတောင် သွားလာလို့မရဘူး” ဟုမော်လမြိုင်အောက်စျေးတွင် ဆိုင်ကယ် Taxi မောင်းနှင်နေသူ ဦးတင်မောင်က ပြောသည်။

ယာဉ်ကြောပိတ်ဆို့မှုအဖြစ်များသည့် မော်လမြိုင်မြို့ အမှတ် (၁)၊ (၂) စျေးတွင် လမ်းကျူးကျော်ဆိုင်များကို မော်လမြိုင်မြို့နယ် စည်ပင်သာယာရေးအဖွဲ့က ရှင်းလင်းဆောင်ရွက်မှုပြုလုပ်မှုရှိခဲ့ပြီး  လိုက်နာဆောင်ရွက်မှုမရှိသည့် ဆိုင်များကို ဒဏ်ငွေ ၅၀၀၀၀ ကျပ်စီဖြင့် ဒဏ်ရိုက် အရေးယူမှုလည်းရှိသည်။

မော်လမြိုင် မြို့ပေါ်ရှိ ဘိုးဘွားရိပ်သာများဟု တုပထားသည့် အကောင့်အတုများ
January 23, 2026
လူမှုကွန်ရက်စာမျက်နှာ(Facebook) မှတစ်ဆင့် မိဘမဲ့ဂေဟာ၊ ဘိုဘွားရိပ်သာ၊ လူမှုကူညီရေးအသင်းများနှင့်...
January 22, 2026
ကရင်နီပြည်နယ်၊ မယ်စဲ့မြို့နယ်ရှိ အကျဉ်းထောင်မှ ထွက်ပြေးသွားသော စစ်ကော်မရှင်တပ်သား...
January 21, 2026
စစ်ကော်မရှင်၏ ရွေးကောက်ပွဲ နောက်ဆုံးအပိုင်းတွင် ပါဝင်နေသည့် ကော့ကရိတ်မြို့နယ်တွင်...
January 20, 2026
မြန်မာနိုင်ငံအနှံ့ စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစုများကြား ဖြစ်ပွားနေသည့်...