ထီးစဲခါးရေတံခွန်းသို့ လာရောက်အပန်းဖြေသူ ပိုမိုများပြားနေ

ထီးစဲခါးရေတံခွန်းသို့ လာရောက်အပန်းဖြေသူ ပိုမိုများပြားနေ
by -
ကန္တာရဝတီတိုင်း(မ်)
ကယား(ကရင်နီ)ပြည်နယ်၏ အထင်ကရအပန်းဖြေစခန်းတစ်ခု ဖြစ်သည့် ထီးစဲခါး ရေတံခွန် သို့ လာရောက်လည်ပတ်သူများ ယခင်နှစ်ကထက် ပိုမိုများပြားလာပြီး ရာသီဥတု ပူပြင်းမှုကြောင့်လည်း လာရောက် အပန်းဖြေသူ များပြားနေကြောင်းသိရသည်။

hteesaekar roksထီးစဲခါး အပန်းဖြေစခန်းမှ သော်တာဝင်း စားသောက်ဆိုင် ပိုင်ရှင် က ̏အရင်နှစ်ကတော့ ဒီလောက်မများဘူး ခုဒီနှစ်တော့ ပိုများတယ် ရာသီဥတုက ပူတာလည်းပါတယ်။ ရှမ်းပြည်နဲ့လည်းနီးတော့ အဲ့ဖက်ကလည်း ဆိုင်ကယ်တွေ ကားတွေနဲ့ တစ်နေကုန်လာနေကြတယ်။ ကယား ကတော့ မိသားစုလိုက် ပြီးတော့ လူငယ်တွေပေါ့ လာလည်ကြတယ်။ နွေရာသီပဲ လာကြတာများတယ် ကျန်တဲ့ အချိန်က သိပ်မလာဘူးပေါ့။ ဒီနှစ်တော့ အရင်လကစပြီး များလာတယ် ˝ဟု ပြောပြသည်။

ရာသီဥတုပူပြင်းမှုကိုရှောင်ရှားင်္ပြီး အပန်းဖြေစရာ အကောင်းဆုံးနေရာတစ်ခု ဖြစ်သည်ဟု လွိုင်ကော်မြို့မှ မိသားစုနှင့်အတူ လာရောက်လည်ပတ်သူ ကိုအောင်ဝင်း ကပြောသည်။

̏အပူရှိန်က အရမ်းမြင့်တယ်လေ ဒီနှစ်က အဲ့ဒါကြောင့် အေးအေးဆေးဆေး အနားယူချင်တာရယ် အပူဒဏ် ကိုရှောင်းဖို့ပေါ့ ဒီနေရာကိုလာတာပေါ။့ ကျနော်တို့ဒီမှာက ဒီထီးစဲခါးက အသင့်တော်ဆုံးပေါ့ လည်ပတ်ရတာ လေ။ အခုတွေ့တာတော့ မြန်မာနိုင်ငံအနှံ့ကလာတဲ့ သူတွေလည်းများတယ် ပိုပြီးလည်း များစေချင်တယ် ပြည်နယ် အတွက် အကျိုးရှိတာပေါ့˝ ဟုပြောသည်။

အပန်းဖြေသူများပြားလာသည်နှင့်အတူ ပြည်နယ်၏ အထင်ကရ တစ်ခုဖြစ်သောကြောင့် လာရောက် လည်ပတ်သူများ အနေဖြင့် သဘာဝပတ်ဝန်းကျင်နှင့် ရေတံခွန် ဝန်းကျင်၏ အလှအပကို ပျက်စီးစေနိုင်သော အမှိုက်များကို စနစ်တကျစွန့်ပစ်ကြရန် လိုအပ်သည်ဟု လွိုင်ကော်မြို့တွင် သဘာဝပတ်ဝန်းကျင်အရေးလှုပ်ရှားနေသည့် မဇ္စျိမနှလုံးသားအဖွဲ့ မှ မနှင်းအိသွယ်က ပြောသည်။

̏အဓိကကတော့ လူငယ်တွေလေ ခိုက်ရန်မဖြစ်ပွားဖို့ပေါ့၊ တစ်ချို့နေရာတွေဆို ရေစီးသန်တယ် ဂရုစိုက် ကြဖို့ပြောချင်တယ်။ အဓိက ပြောချင်တာက အမှိုက်တွေပေါ့ ပစ်ချင်တိုင်းမပစ်ပါနဲ့။ သဘာဝ ပတ်ဝန်ကျင်နဲ့ ရေးတံခွန်မှာ လူအများအပန်းဖြေနေတာဆိုတော့ အမှိုက်တွေ စနစ်တကျပစ်ဖို့ အလေးနက်ထား တိုက်တွန်း ချင်တယ် ˝ဟုပြောသည်။

ကယားပြည်နယ်၏ အထင်ကရတစ်ခုဖြစ်သည့် ထီးစဲခါး ရေတံခွန်မှာ လွိုင်ကော်- ဆီဆိုင်လမ်းကြီး ဘေးလွိုင်လင်လေး ကျေးရွာတွင် တည်ရှိပြီး မိသားစုအလိုက် ၊သူငယ်ချင်းအပေါင်းသင်းများ ၊ နိုင်ငြံခားဧည်သည်များ လာရောက် လည်ပတ်ရန် ရေတံခွန်စခန်း တစ်ခုဖြစ်သည်။

ကယားပြည်နယ်ကို မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်း ကဏ္ဍအား နည်းပညာ အကူအညီပေးရန် စီမံကိန်း ဒေသအဖြစ် သတ်မှတ်ထားကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာနမှ သိရသည်။

Most read this week

December 16, 2025
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းရှိ ကျေးရွာတရွာအနီးမှာ စပါးသိမ်းယူနေတဲ့ စစ်ဘေးရှောင်တွေကို...
December 16, 2025
မြလေးကုန်းဆိုတဲ့ စစ်ရှောင်စခန်းအတွင်းက အေးချမ်းတဲ့ ဆောင်းမနက်ခင်းတခုရဲ့ နံနက်ခင်းလေးမှာ...
December 15, 2025
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်အတွင်းက သုံးနှစ်အရွယ် စစ်ဘေးရှောင်ကလေးငယ်တစ်ဦးကို...
December 10, 2025
ကရင်နီပြည် ၊ လွိုင်ကော်မြို့၊ ပန်ကန်းရပ်ကွက်မှာ နေထိုင်တဲ့ အမျိုးသားနှစ်ဦးဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ...