ပူပြင်းသော နေ့အပူချိန်နှင့် ရေရှားပါးမှုပြဿနာများအတွက် ကြိုတင်ပြင်ဆင်ရန် မိုး/ဇလ ဦးစီးဌာနက သတိပေး

ပူပြင်းသော နေ့အပူချိန်နှင့် ရေရှားပါးမှုပြဿနာများအတွက် ကြိုတင်ပြင်ဆင်ရန် မိုး/ဇလ ဦးစီးဌာနက သတိပေး
by -
ကန္တာရဝတီတိုင်း(မ်)
အယ်နီညိုရာသီဥတု ဖြစ်ပေါ်မည့် ယခုနှစ်အတွင်း ပူပြင်းသော နေ့အပူချိန်များနှင့်အတူ ရေရှားပါးမှု ပြဿနာများ အတွက် ကြိုတင်ပြင်ဆင်ထားကြရန်လိုကြောင်း ကယားပြည်နယ် မိုးလေဝါသနှင့် ဇလဗေဒ ညွန်ကြားရေးမှူး ဦးစီးဌာနက ကန္တာရဝတီတိုင်း(မ်) သို့ပြောသည်။

လက်ရှိတွင် ကယားပြည်နယ် အပါအဝင် ပြည်နယ်နှင့်တိုင်း ဒေသအချို့မှာ ရေရှားပါးသည့် ပြဿနာကို စတင်ကြံုတွေ့နေရသည်။

"ဒီပူပြင်းခြောက်သွေ့ဒဏ်ကို ခံစားနေရတဲ့ ဒေသတွေမှာ ရေကိုလုံလောက်အောင် သောက်ရေသုံးရေလုံလောက်အောင် ကြိုတင်စုဆောင်းပြီး ပြင်ဆင်ထားဖို့ လိုအပ်ပါတယ်” ဟု ကယားပြည်နယ်၊ မိုးလေဝါသနှင့် ဇလဗေဒညွှန်ကြားရေးမှူး ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်တင် က ပြောသည်။

ပြီးခဲ့သည့် နှစ်က ကယားပြည်နယ်၏ မိုးရွာသွန်းမှုနှင့် မိုရေချိန်မှာ တခြားနှစ်များထက် လျော့နည်းခဲ့ပြီး အပူဆုံး အချိန်မှာ ဧပြီလအတွင်း ဖြစ်ပေါ်ခဲ့ကြောင်း မိုး/ဇလ ဦးစီးဌာန၏ စစ်တမ်းများအရသိရသည်။

လက်ရှိ ပြည်နယ်အစိုးရအနေနှင့် ရေရှားပါးမှု ပြဿနာကို ဖြေရှင်းရန် အတွက် လုပ်ဆောင်နေပေမည့် စီမံခန့်ခွဲမှု ဆိုင်ရာ လိုအပ်ချက်နှင့် ဒေသခံများ၏ ပူးပေါင်းပါဝင်မှု ဆိုင်ရာလိုအပ်ချက်များ ရှိနေဆဲဖြစ်ကြောင်း ကယားပြည်နယ်မွေးမြူရေးနှင့်ကျေးလတ်ဒေသဖွံ့ဖြိုးရေး ဦးစီးဌာန၊ပြည်နယ်ဦးစီးမှူး ဦးမျိုးသိန်းက ဖေဖော်ဝါရီ ၂၃ ရက်နေ့က ပြုလုပ်ခဲ့သည့် ရေပြတ်လပ်မှု မရှိစေရေး ကြိုတင်ပြင်ဆင်ထားမှု အခြေအနနှင့်ပါတ်သက်ပြီး သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

ယခုလို ရာသီဥတု ပြောင်းလဲမှုများကို မဖြစ်ပေါ်ရန် သဘာဝပတ်ဝန်းကျင်ကို သေချာထိန်းသိမ်းရန်လိုအနေပြီး အထူးသဖြင့် ကယားပြည်နယ်တွင် သစ်တောများပြုန်းတီးနေသည့်အတွက် ကြီးထွားမှုမြန်သော သစ်ပင်များပြန်လည်စိုက်ပျိုးကြရန်လိုကြောင်း မိုး/ဇလ လက်ထောက်ညွန်ကြားရေးမှူး ဦးကျော်ထင်ကပြောသည်။

January 8, 2026
စစ်ကော်မရှင် ထိန်းချုပ်ထားတဲ့ ကရင်နီပြည် ၊ လွိုင်ကော်မြို့တွင်းမှာ ညမထွက်ရအမိန့်ကို ည ၉ နာရီကနေ...
January 8, 2026
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပဋိပက္ခအခြေအနေတွေကြောင့် ကရင်နီပြည်တွင်းက အမျိုးသမီးတွေဟာ...
January 7, 2026
ရွေးကောက်ပွဲအပိုင်း (၁)ကျင်းပသွားခဲ့တဲ့ လွိုင်ကော်နဲ့ ဘောလခဲမြို့မှာ ပြည်နယ်အခြေစိုက်...
December 23, 2025
၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ စစ်ကော်မရှင်ကနေ ပြုလုပ်မဲ့ တရားမဝင်/အတုအယောင် ရွေးကောက်ပွဲဟာ...