လက်ရှိတွင် ကယားပြည်နယ် အပါအဝင် ပြည်နယ်နှင့်တိုင်း ဒေသအချို့မှာ ရေရှားပါးသည့် ပြဿနာကို စတင်ကြံုတွေ့နေရသည်။
"ဒီပူပြင်းခြောက်သွေ့ဒဏ်ကို ခံစားနေရတဲ့ ဒေသတွေမှာ ရေကိုလုံလောက်အောင် သောက်ရေသုံးရေလုံလောက်အောင် ကြိုတင်စုဆောင်းပြီး ပြင်ဆင်ထားဖို့ လိုအပ်ပါတယ်” ဟု ကယားပြည်နယ်၊ မိုးလေဝါသနှင့် ဇလဗေဒညွှန်ကြားရေးမှူး ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်တင် က ပြောသည်။
ပြီးခဲ့သည့် နှစ်က ကယားပြည်နယ်၏ မိုးရွာသွန်းမှုနှင့် မိုရေချိန်မှာ တခြားနှစ်များထက် လျော့နည်းခဲ့ပြီး အပူဆုံး အချိန်မှာ ဧပြီလအတွင်း ဖြစ်ပေါ်ခဲ့ကြောင်း မိုး/ဇလ ဦးစီးဌာန၏ စစ်တမ်းများအရသိရသည်။
လက်ရှိ ပြည်နယ်အစိုးရအနေနှင့် ရေရှားပါးမှု ပြဿနာကို ဖြေရှင်းရန် အတွက် လုပ်ဆောင်နေပေမည့် စီမံခန့်ခွဲမှု ဆိုင်ရာ လိုအပ်ချက်နှင့် ဒေသခံများ၏ ပူးပေါင်းပါဝင်မှု ဆိုင်ရာလိုအပ်ချက်များ ရှိနေဆဲဖြစ်ကြောင်း ကယားပြည်နယ်မွေးမြူရေးနှင့်ကျေးလတ်ဒေသဖွံ့ဖြိုးရေး ဦးစီးဌာန၊ပြည်နယ်ဦးစီးမှူး ဦးမျိုးသိန်းက ဖေဖော်ဝါရီ ၂၃ ရက်နေ့က ပြုလုပ်ခဲ့သည့် ရေပြတ်လပ်မှု မရှိစေရေး ကြိုတင်ပြင်ဆင်ထားမှု အခြေအနနှင့်ပါတ်သက်ပြီး သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။
ယခုလို ရာသီဥတု ပြောင်းလဲမှုများကို မဖြစ်ပေါ်ရန် သဘာဝပတ်ဝန်းကျင်ကို သေချာထိန်းသိမ်းရန်လိုအနေပြီး အထူးသဖြင့် ကယားပြည်နယ်တွင် သစ်တောများပြုန်းတီးနေသည့်အတွက် ကြီးထွားမှုမြန်သော သစ်ပင်များပြန်လည်စိုက်ပျိုးကြရန်လိုကြောင်း မိုး/ဇလ လက်ထောက်ညွန်ကြားရေးမှူး ဦးကျော်ထင်ကပြောသည်။







