“ဒီနှစ်ထဲမှာကိုပဲ နည်းနည်းဝေးတဲ့နေရာနဲ့ မြေပြိုပြီးတော့မှ ဒုက္ခရောက်နေတဲ့ နေရာတွေအတွက် အခုတိုက်စီလို့ခေါ်တဲ့ ကျောင်းရှစ်ကျောင်းထပ်ရတယ်။ ရ၁ အပြင်ပေါ့လေ။ ဒါပေမဲ့ သူကတော့ ၅၀ ရာခိုင်နှုန်းပြီးအောင်ဆောက်ရမှာပေါ့။ ဒါပေမဲ့ နောက်ဘတ်ဂျက်ကျရင် လိုတဲ့ဥစ္စာ ထပ်ပေးမှာပေါ။့ ခုလောလောဆယ် (၂၁၆) သိန်းတန်တဲ့ကျောင်းကို သိန်း (၁၀၈)ပေးပြီးတော့ ဒီသုံးလအတွင်းမှာ ပြီးသလောက်ဆောက်ထားတာပေါ့ ” ဟု သူကပြောပြသွားသည်။
၂၀၁၅-၁၆ ဘတ်ဂျက်နှစ်အတွင်းတွင် ကျောင်းပေါင်း ရ၁ ကျောင်းတည်ဆောက်ခဲ့သည့်အပြင် အရေးပေါ် မောချီးဒေသအတွက် ၈ ကျောင်း ထပ်မံတည်ဆောက်နိုင်ရေးအတွက် စတင်ပြင်ဆင်ရာတွင် လာမည့်ဘတ်ဂျက်နှစ်တွင် တည်ဆောက်ရေးစီမံကိန်း ထက်ဝက် ထပ်မံ ရာထားသည်ဟု သိရသည်။
တိုက်စီဟု ခေါ်သော ကျောင်း ၈ ကျောင်းအတွက် ၁၆ ကုန်း ၊ မောချီးတောင်ပေါ် ၁၃ ကုန်း ၊ လိုခါးလို ကွက်သစ်တွင် စတင်တည်ဆောက်နေသည်ဟု ပြည်နယ်ပညာရေးမှူးရုံးမှတဆင့်သိရသည်။
လက်ရှိအခြေအနေတွင် ကျောင်းတည်ဆောက်မှု မတွေ့ရှိရသေးကြောင်းနှင့် ကျောင်းပိတ်ထားရသည့်အတွက်လည်း ဒေသခံကျောင်းသူ/သားများ အခက်အခဲ ရှိနေသည်ဟု မော်ချီးဒေသခံ ဇော်သူရိန်ဝင်းက ယခုလို ပြောသည်။
ဇော်သူရိန်ဝင်းက “ကျောင်းတွေဆောက်နေတာ တွေမတွေ့သေးဘူး။ ပညာရေးအတွက်ကတော့ လက်ရှိကျောင်တွေမှာပဲ မူလတန်အနေ နဲ့ ၄တန်းအထိ ပြန်ဖွင့်ဖို့တောင်းဆိုပေမယ့် ဖွင့်ခွင့်မပေးဘူးဖြစ်နေတော့ တချို့ ကလေးတွေဆိုရင် ကျောင်းမထားကြတော့ဘူး။ လမ်းခရီကလည်း ဝေးတော့ ကလေးတွေရဲ့မိဘတွေက စိုးရိမ်ကြတယ်လေ။ ၁၃ ကုန်းကျောင်းကတော့ ကျောင်းသားဦးရေ ၈၀ ကျော်ရှိတာ ၂၀ လောတော့ လျော့သွားတယ်။” ဟု ပြောသည်။
မော်ချီးဒေသတွင် ကိုယ်ထူကိုယ်ထကျောင်းများစွာ ရှိနေသေးသည့်အတွက် ကျောင်းအဆောင်များ လိုအပ်လျက်ရှိသည်ဟု မောချီးဒေသဖွံ့ဖြိုးရေးကွန်ယက် ဒုဥက္ကဌ ဆာကပေါရှိက ပြောပါသည်။
၎င်းက “လိုအပ်ချက်တွေကတော့ အများကြီးရှိတယ်။ ကျောင်းတွေအများကြီးလိုတယ်။ ကျောင်းတွေမနေရသေးတဲ့ ကျောင်းတွေ အများကြီးရှိတယ်။ အစိုးရနဲ့လက်လမ်းမမှီတဲ့နေရာတွေ အစိုးရကျောင်း တစ်ကျောင်းမှမရှိဘူး။ ပိုက်ဆံမရှိဘူး။” ဟု ပြောသည်။
ဖာဆောင်းမြို့နယ်အတွင်းတွင် စာသင်ကျောင်းမရှိ၍ ကိုယ်ထူကိုယ်ထ ကျောင်းဆောက်ထားသည့် ကျောင်း စုစုပေါင်း (၃၃) ကျောင်းရှိသည် ဟု ဒီးမော့ဆိုမြို့နယ် ဆယ်သဲကျောင်းမှ စစ်တမ်းကောက်ယူထားသည့် အချက်အလက်အရ သိရသည်။
ကယားပြည်နယ်သည် ၂၀၁၅-၂၀၁၆ ပညာသင်နှစ်တွင် ပြည်ထောင်စုအစိုးရမှ ဘဏ္ဍာငွေ ကျပ်သန်းပေါင်း ၂၃၆၈.၈ သန်းရခဲ့ကြောင်းသိရသည်။ ၎င်းငွေဖြင့် ကျောင်းဆောင်အသစ်ပေါင်း ရ၁ ကျောင်း ဆောက်လုပ်ပေးခဲ့ပြီး လာမည့်နှစ်တွင် ကျောင်းအဆောက်အဦး ၉၀ ခန့်တည်ဆောက်ရန် လျာထားသည်ဟု သိရသည်။
တခြားသောစာသင်ကျောင်း လိုအပ်သေးသည့် နေရာများတွင်လည်း လာမည့် ၂၀၁၆-၁၇ တွင် ယခင်လောက် ကျောင်းအရေအတွက် ရရန် မျှော်မှန်းထားပါကြောင်း နှင့် ကြိုတင်ညိနှိုင်းပြီး တင်ပြထားသော ကျောင်းများလည်း ရရှိလိမ့်မည်ဟု ဦးစိုးလွင်က ဆက်ပြောသည်။
ကယားပြည်နယ်ရှိ စာသင်ကျောင်းများမှာ အထက်တန်းကျောင်း ၂၂ ကျောင်း နှင့် အထက်တန်းကျောင်းခွဲ ၁၉ ကျောင်း ၊ အလယ်တန််းကျောင်း ၁၅ နှင့် အလယ်တန်းကျောင်းခွဲ၁၇ကျောင်း ၊ မူလတန်းလွန်ကျောင်း ၃၇ ကျောင်း နှင့် မူလတန်းကျောင်းပေါင်း ၂၉၁ ကျောင်း ၊ အမကခွဲကျောင်းပေါင်း ၃၂ ကျောင်း ဟူ၍ စုစုပေါင်း ၄၃၃ ကျောင်းရှိသည်ဟု သိရသည်။
ကန္တရဝတီ တိုင်း(မ်)







