“အဲဒီနယ်မြေက မိုင်းရှင်းလင်းရေးနယ်မြေဖြစ်တယ်၊ ပြီးတော့ ကရင်နီပြည်ထဲရေးဝန်ကြီးက လက်မခံဘူး ၊ တကယ်လို့ အဲဒီကျေးရွာကို ၀င်ကူညီချင်ရင် ခွင့်ပြုချက်နဲ့သွားရမယ်၊ ကျန်းမာရေးနဲ့ပတ်သက်ရင် CHDN ပေါင်း၊ ပညားရေးနဲ့ဆိုင်ရင် ကရင်နီပညာရေးဌါနနဲ့ပေါင်းပြီး ၀င်လို့ရတယ်။” သူကပြောသည်။
နိုင်ငံတကာအဖွဲ့အစည်းများ ၊ လူထုအခြေပြုလူမှုအသင်းအဖွဲ့များ အဝင်မခံသည့် ထိုကျေးရွာများသည် ယခင်စစ်ဘေးဒဏ်ကြံုတွေ့ ခဲ့ကြရပြီး ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည့် ရွာများဖြစ်သည်။
ယခုအချိန်တွင် မိုင်းအန္တာရာယ်များရှိနေကြောင်း၊ တရားဥပဒေနှင့်အညီမရှိသေးကြောင်း ကရင်နီကျန်းမာရေးဝန်ကြီး ခူဒယ်နီယာက ပြောသည်။
“အခုတော့ပြန်လာနေတယ် လာနေပေမယ့် တရားဥပဒေအရနဲ့မရှိသေးဘူး အဲဒီထဲမှာ မိုင်းတွေရှိသေးတယ် ကျန်းမာရေးဌါနမှမဟုတ်ပါ ဘူး၊ အပြင်ကလူထုတွေပဲဖြစ်ဖြစ် ပေးမဝင်ချင်သေးဘူး။ တကယ်လို့တစ်စုံတစ်ရာဖြစ်ရင် မိုင်းတွေနင်းမိလို့ ဒါကပြစ်ဒဏ်တွေ၊ ထောင်ဒဏ်တွေ ဖြစ်လာမှာစိုးလိ့ု ပေးမသွားတာပေါ့” ဟု ပြောသည်။
ရှားတောမြို့နယ်အတွင်း နယ်မြေရှင်းလင်းဆဲဟုဆိုကာ နိုင်ငံတကာအဖွဲ့အစည်းများ ၊ လူမှုအသင်းအဖွဲ့များ ပေးမသွားသည့်ရွာများမှာ ဒေါဆိုဆ၊ ဒေါစော်ဘူ၊ ဒေါကလဲသေ၊ ဒေါဖာတော်၊ ဒေါခရော်အော့၊ ဒေါစဲ၊ ဆီးကူးလဲ နှင့် ဒေါဘိုလို တို့ဖြစ်သည ်။







