မိုင်းရှိနေသေးသည့် ရှားတောဘက် အကူအညီပေးရေးအဖွဲ့ တိုက်ရိုက်ဝင်ခွင့်မပေး

မိုင်းရှိနေသေးသည့် ရှားတောဘက် အကူအညီပေးရေးအဖွဲ့ တိုက်ရိုက်ဝင်ခွင့်မပေး
by -
ကန္တာရဝတီတိုင်း(မ်)
ကယား(ကရင်နီ)ပြည်နယ် ရှားတောမြို့နယ်အတွင်း မိုင်းနယ်မြေရှင်းလင်းရေး ဒေသဖြစ်နေသည့် အတွက်ဟုဆိုကာ ကျေးလက်ကျန်းမာရေး စောင့်ရှောက်မှုနှင့် ဒေသဖွံ့ဖြိုးရေး စီမံကိန်းများ အကူအညီပေးရေးအဖွဲ့များကို တိုက်ရိုက်ဝင်ခွင့်မပေးသေးကြောင်း ရှားတော့ဆက်ဆံရေးရုံးတာဝန်ခံမှ ဦးဘိုးရယ်ကပြောသည်။

“အဲဒီနယ်မြေက မိုင်းရှင်းလင်းရေးနယ်မြေဖြစ်တယ်၊ ပြီးတော့ ကရင်နီပြည်ထဲရေးဝန်ကြီးက လက်မခံဘူး ၊ တကယ်လို့ အဲဒီကျေးရွာကို ၀င်ကူညီချင်ရင် ခွင့်ပြုချက်နဲ့သွားရမယ်၊ ကျန်းမာရေးနဲ့ပတ်သက်ရင် CHDN ပေါင်း၊ ပညားရေးနဲ့ဆိုင်ရင် ကရင်နီပညာရေးဌါနနဲ့ပေါင်းပြီး ၀င်လို့ရတယ်။” သူကပြောသည်။

နိုင်ငံတကာအဖွဲ့အစည်းများ ၊ လူထုအခြေပြုလူမှုအသင်းအဖွဲ့များ အဝင်မခံသည့် ထိုကျေးရွာများသည် ယခင်စစ်ဘေးဒဏ်ကြံုတွေ့ ခဲ့ကြရပြီး ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည့် ရွာများဖြစ်သည်။

ယခုအချိန်တွင် မိုင်းအန္တာရာယ်များရှိနေကြောင်း၊ တရားဥပဒေနှင့်အညီမရှိသေးကြောင်း ကရင်နီကျန်းမာရေးဝန်ကြီး ခူဒယ်နီယာက ပြောသည်။

“အခုတော့ပြန်လာနေတယ် လာနေပေမယ့် တရားဥပဒေအရနဲ့မရှိသေးဘူး အဲဒီထဲမှာ မိုင်းတွေရှိသေးတယ် ကျန်းမာရေးဌါနမှမဟုတ်ပါ ဘူး၊ အပြင်ကလူထုတွေပဲဖြစ်ဖြစ် ပေးမဝင်ချင်သေးဘူး။ တကယ်လို့တစ်စုံတစ်ရာဖြစ်ရင် မိုင်းတွေနင်းမိလို့ ဒါကပြစ်ဒဏ်တွေ၊ ထောင်ဒဏ်တွေ ဖြစ်လာမှာစိုးလိ့ု ပေးမသွားတာပေါ့” ဟု ပြောသည်။

ရှားတောမြို့နယ်အတွင်း နယ်မြေရှင်းလင်းဆဲဟုဆိုကာ နိုင်ငံတကာအဖွဲ့အစည်းများ ၊ လူမှုအသင်းအဖွဲ့များ ပေးမသွားသည့်ရွာများမှာ ဒေါဆိုဆ၊ ဒေါစော်ဘူ၊ ဒေါကလဲသေ၊ ဒေါဖာတော်၊ ဒေါခရော်အော့၊ ဒေါစဲ၊ ဆီးကူးလဲ နှင့် ဒေါဘိုလို တို့ဖြစ်သည ်။

May 19, 2026
လမ်းပန်းဆက်သွယ်ရေးအခက်ခဲနဲ့ ဆီစျေးနှုန်းကြီးမြင့်မှုတွေကြောင့် ဖယ်ခုံအနောက်ဖက်ခြမ်းက...
May 18, 2026
ကရင်နီပြည် ၊ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းတနေရာမှာ ဒေသဓလေ့အရ ကန်ခုနှစ်ဆင့်အမည်ရ ရေကန်ကို...
Sha Dow ( Facebook)
May 16, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် ဒေါငံခါးကျေးရွာမှာရှိတဲ့ သီလရှင်ကျောင်းကို စစ်ကော်မရှင်တပ်က မေလ...
ကန္တာရဝတီတိုင်း ( မ် ) ၊ CTER - Karenni
May 14, 2026
ကရင်နီပြည် ၊ ဖရူဆိုမြို့နယ်အတွင်းက ဝှယ်ဒူလျားစစ်ရှောင်စခန်းကို မေလ ၈ ရက်နေ့မှာ စစ်ကော်မရှင်တပ်...