ရွေးကောက်ပွဲ ၅ ရက်နေ့အလို မဲဆန္ဒရှင်စာရင်း ပေးပို့ခြင်း NLD က ကန့်ကွက်

ရွေးကောက်ပွဲ ၅ ရက်နေ့အလို မဲဆန္ဒရှင်စာရင်း ပေးပို့ခြင်း NLD က ကန့်ကွက်
by -
ကန္တာရဝတီတိုင်း(မ်)
ဖားဆောင်းမြို့နယ် ခဲမဖြူကျေးရွာတွင် ဌာနေပြည်သူ့စစ်က မဲပေးနိုင်မည့် မဲဆန္ဒရှင်စာရင်း လူဦးရေ ကော်မရှင်ထံသို့ ထပ်မံသတင်းပို့ခြင်းသည် ဥပဒေနှင့် ဆန့်ကျင်နေသည့်အတွက် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ကန့်ကွက်ကြောင်း ပြည်နယ်အောင်နိုင်ရေး ဥက္ကဌ ဦးမော်မော်က ပြောသည်။

“ဒါဥပဒေနှင့်ညှိစွန်းပြီးလုပ်နေတဲ့အတွက် ကန့်ကွက်တာပါ။ ဘောင်နဲ့မညီဘူး”ဟု ဦးမော်မော်က ပြောသည်။

ခဲမဖြူကျေးရွာတွင် မဲပေးပိုင်ခွင့် ၈၇၈ ဦး ရှိထားပြီး ရွေးကောက်ပွဲနီးကပ်လာချိန် ၅ ရက်နေ့အလိုတွင် ဌာနေပြည်သူ့စစ်(ခဲမဖြူ)မှ ချက်ခြင်းသတင်းပို့ ချက်ခြင်းဆုံးဖြတ်ချက်ချ ခွင့်ပြုပေးခဲ့သည့်အပေါ်တွင် မဲမသာမာသောနည်းဖြင့် လုပ်ဆောင်နေခြင်းဖြစ်သည်ဟု ဆိုကာကန့်ကွက်ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

အဆိုပါ ကိစ္စနှင့်ပတ်သက်၍ နိုင်ဝင်ဘာလ ၃ ရက်နေ့တွင် ဖားဆောင်းမြို့နယ်၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ဘောလခဲခရိုင်၊ ဘောလခဲမြို့ကို ကန့်ကွက်စာတင်ထားခဲ့ခြင်း ဖြစ်သည်။

ရွေးကောက်ပွဲ ကော်မရှင်မှ ၎င်းကိစ္စနှင့်ပတ်သက်၍ ဥပဒေအတိုင်းဆောင်ရွက်သွားမည်ဟု ဘော်လခဲ ခရိုင်ကော်မရှင်ရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

၎င်းက “ရွေးကောက်ပွဲဆိုင်ရာ လုပ်ထုံးလုပ်နည်းအတိုင်းပဲ လုပ်ဆောင်သွားမယ်လို့ပဲ ပြောသွားတယ်။” ဟု ပြောသည်။

ဥပဒေအရ အစုအဝေးအလိုက် မဲပေးရန် ကျန်နေလျှင် ရွေးကောက်ပွဲမကျင်းပမှီ ရ ရက်ထက် နောက်မကျဘဲ ပေးပို့ရန် ရွေးကောက် ပွဲနည်းဥပဒေ ၁၄ (က)တွင် ပါရှိထားပြီး ဖြစ်သည်။

“မနေ့က ပါတီတွေ အစည်းအဝေးလုပ်ကြတယ်။ ကြိုတင်မဲမဟုတ်ရင် သဘောတူပါတယ်။ နာမည်တကယ် ကျန်ရစ်ခဲ့တာ ဖြစ်ပါတယ်။ ကြိုတင်မဲဆိုရင် လက်မခံဘူး။”ဟု ဖားဆောင်းမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်အဖြစ် လူမျိုးပေါင်းစုံဒီမိုကရေစီ(ကယားပြည်နယ်)ပါတီမှ ဝင်ရောက် ယှဉ်ပြိုင်မည့် နော်လူဒီးက ပြောသည်။

မဲစာရင်းတွင် ထုတ်ပြန်ရာတွင် အမည်မပါကြသူများသည် မှတ်ပုံတင်ရှိထားပြီး မဲပေးနိုင်သည်ဟု ထင်ထားကြသည့်အတွက် မလျှောက်ထားခဲ့ခြင်းဖြစ်ကြောင်း နော်လူဒီးက ပြောသည်။

ခဲမဖြူကျေးရွာသည် ဌာနေပြည်သူ့စစ်မှ အုပ်ချုပ်သည့်ဒေသဖြစ်ပြီး ယခုအမည်စာရင်း ကျန်သူ အများစုသည် ၎င်းတပ်အရာရှိများပါရှိနေသည်ဟု သိရသည်။

January 8, 2026
စစ်ကော်မရှင် ထိန်းချုပ်ထားတဲ့ ကရင်နီပြည် ၊ လွိုင်ကော်မြို့တွင်းမှာ ညမထွက်ရအမိန့်ကို ည ၉ နာရီကနေ...
January 8, 2026
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပဋိပက္ခအခြေအနေတွေကြောင့် ကရင်နီပြည်တွင်းက အမျိုးသမီးတွေဟာ...
January 7, 2026
ရွေးကောက်ပွဲအပိုင်း (၁)ကျင်းပသွားခဲ့တဲ့ လွိုင်ကော်နဲ့ ဘောလခဲမြို့မှာ ပြည်နယ်အခြေစိုက်...
December 23, 2025
၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ စစ်ကော်မရှင်ကနေ ပြုလုပ်မဲ့ တရားမဝင်/အတုအယောင် ရွေးကောက်ပွဲဟာ...