ကျောင်းဆရာ မလုံလောက်သည့်ကျောင်းတွင် ကလေးများ ကျောင်းပြင်ပတွင် အချိန်ဖြုန်းနေကြ

ကျောင်းဆရာ မလုံလောက်သည့်ကျောင်းတွင် ကလေးများ ကျောင်းပြင်ပတွင် အချိန်ဖြုန်းနေကြ
by -
ကန္တာရဝတီတိုင်း(မ်)
ကယား (ကရင်နီ) ပြည်နယ်အတွင်းရှိ ဝေးလံခေါင်ပါးသည့် ကျေးရွာများတွင် ကျောင်းဆရာ /မ မလုံလောက်သည့် ကျောင်း၌ ကလေးငယ်များ ကျောင်းတွင်မရှိဘဲ ကျောင်းပြင်ပသို့ ထွက်ကာ လျှောက်သွားနေကြသည်ဟု သိရှိရသည်။

ဒီမောဆိုမြို့နယ် ဒေါဖုကျေးရွာအုပ်စု ဒေါပဲ့တူကျေးရွာတွင် မူးလတန်းကျေင်းတစ်ကျောင်းကို ကျောင်းအုပ်ဆရာတစ်ဦးနှင့် ကျောင်းဆရာ မတစ်ဦးသာရှိသည့်အတွက် ကလေးများကို မထိန်းနိုင်သည့် ဒုက္ခကြံုတွေ့နေကြရသည်ဟု ဒေါဖုကျေးရွာအုပ်စု ဥက္ကဌ ဦးနဲရယ်က ပြောသည်။

“ကျောင်းဆရာ/မ မလုံလောက်မှုမရှိတာ ကြာပြီ။ ကြံခိုင်ရေးဖွံဖြိုးရေးပါတီ နှင့် ပညာရေးဝန်ကြီးထံသို့ အကြိမ်ကြိမ်တင်ပြတယ်။ အခုချိန်ထိမရဘူး။ ကလေးတွေက အပြင်မှာ ထွက်ပြီး လျှောက်သွားကုန်တယ်။”ဟု ဥက္ကဌ ဦးနဲရယ််က ပြောသည်။

ကျောင်းအုပ်မှာ ကျောင်းအရေးကိစ္စနှင့် မကြာခဏ မြို့တက်နေရသည့်အတွက် ကျောင်းဆရာမ တစ်ဦးတည်း သာကျန်ရှိနေရသည့်အချိန်တွင် ကလေးများကို မထိန်းနိုင်ဘဲ တောထဲ၊ တောင်ထဲ၊ ရွာထဲသို့ လျှောက်လည်နေကြခြင်းဖြစ်သည်။

ထို့နည်းတူ ဒေါပဲ့ကျေးရွာတွင်လည်း မူလတန်းကျောင်း တစ်ကျောင်းကို ကျောင်းဆရာ/မ များအားလုံးက ၃ ဦးသာ ရှိသောကြောင့် ကျောင်းဆရာမ တစ်ဦး ထပ်အလိုရှိနေသည်ဟု ဒေါပဲ့ကျေးရွာမှ ဦးဖိုးရယ်က ပြောသည်။

“ဒေါဖုကျေးရွာမှာ ကျောင်းဆရာ/မများက လုံလောက်မှုရှိတယ်။ ဒါပေမယ့် ဒေါပဲကျေးရွာနှင့် ဒေါပဲတူကျေးရွာမှာ ကျောင်းဆရာ/မ လုံလောက်မှုမရှိသောကြောင့် လိုအပ်သည့်နေရာကို ပို့သွားခဲ့ရတယ်”ဟု ဒေါဖုကျေးရွာတွင် တာဝန်ကျနေသော ကျောင်းဆရာ/မ မလင်းလင်းဦးက ပြောသည်။

ဒေါကလော်ဒူ အုပ်စု တနီးလာလဲကျေးရွာနှင့် ဒေါစဲကျေးရွာတွင်လည်း ကျောင်းဆရာ/မများက နှစ်စဉ်နှစ်တိုင်း ကျောင်းဆရာ/မများ မလုံလောက်သည့်အတွက် ရပ်မိရပ်ဖများက ဝန်ထမ်းငှားပြီး စပါးထွက်ချိန်တွင် တစ်အိမ်ကို စပါး ၂ပုံ ကောက်ခံကာ ငှားထားရသည်ဟု သိရသည်။

ယခင်နှစ်များတွင်လည်း ပြည်နယ်အစိုးရမှ ဝန်ထမ်းလုံလောက်မှုရှိစေရန် နေ့စားလပေး ဝန်ထမ်းများကို ခေါ်ယူခန့်ထားခဲ့ကြသော် လည်း ဝေးလံသည့် ကျေးလက်ဒေသဘက်တွေ ကျောင်းဆရာ/မ များ တာဝန်မထမ်းဆောင်နိုင်ဘဲ ဖြစ်နေကြသည်။

May 19, 2026
လမ်းပန်းဆက်သွယ်ရေးအခက်ခဲနဲ့ ဆီစျေးနှုန်းကြီးမြင့်မှုတွေကြောင့် ဖယ်ခုံအနောက်ဖက်ခြမ်းက...
May 18, 2026
ကရင်နီပြည် ၊ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းတနေရာမှာ ဒေသဓလေ့အရ ကန်ခုနှစ်ဆင့်အမည်ရ ရေကန်ကို...
Sha Dow ( Facebook)
May 16, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် ဒေါငံခါးကျေးရွာမှာရှိတဲ့ သီလရှင်ကျောင်းကို စစ်ကော်မရှင်တပ်က မေလ...
ကန္တာရဝတီတိုင်း ( မ် ) ၊ CTER - Karenni
May 14, 2026
ကရင်နီပြည် ၊ ဖရူဆိုမြို့နယ်အတွင်းက ဝှယ်ဒူလျားစစ်ရှောင်စခန်းကို မေလ ၈ ရက်နေ့မှာ စစ်ကော်မရှင်တပ်...