̏ဘယ်သူမှ လွန်ဆန်လို့မရတဲ့ သဘာဝတစ်ခုဖြစ်တဲ့ အတွက်ကြောင့် မသန်စွမ်းတွေကို အသိအမှတ် ပြုပေးပါ။ သူတို့ကို တန်းတူအခွင့်အရေး တန်းတူလုပ်ဆောင်ခွင့်ပေးပါ။ သူတို့တွေကို လုပ်ဆောင်ခွင့် ပေးပါ။ ပထမတစ်ခေါက် မလုပ်နိုင်ဘူးဆို ရင် နောက်တစ်ခေါက်ပေါ့။”ဟု မတောင်မိုင်က ပြောသည်။
မတောင်မိုင်သည် မိမိကိုယ်တိုင် မွေးရာပါခြေမသန်သူဖြစ်နေသူဖြစ်ပြီး တန်းတူအခွင့်အရေး မရခဲ့သည့် အတွက် ယခုကဲ့သို့ တောင်းဆို လိုက်ခြင်းဖြစ်သည်။
မိသားစုဝင်ဝင်ထဲတွင်ပင် မသန်စွမ်းသူများ၏ လက္ခဏာကို မသိသည့်အတွက် အိမ်တွင်း အကြမ်းဖက်မှုများကို မသန်စွမ်းသူများက ခံစားနေကြရသည်ဟု မြန်မာနိုင်ငံမသန်စွမ်း အမျိုးသမီးအသင်း၏ စီမံကိန်းညှိနှိုင်းရေးမှူး ဦးထက်အောင်ရှိုင်းက ပြောသည်။
̏မသန်စွမ်းအမျိုးသမီးတွေဟာ မသန်စွမ်းမှုအပေါ်အခြေခံပြီးတော့ လိင်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ ခံနေရ အဲ့လိုအကြမ်းဖက်မှုတွေခံနေရတဲ့ အချိန်မှာ မိဘတွေ အနေနဲ့ မသန်စွမ်းနဲ့ပတ်သက်ပြီးတော့ ဗဟုသုတတွေကို မသိတဲ့အခါ မသန်စွမ်းအမျိုးသမီးတွေဟာ အကြမ်းဖက်မှုတွေကို ခံစားနေရတာပါ။”ဟု ၎င်းက ပြောသည်။
မသန်းစွမ်းသူများနှင့်ပတ်သက်၍ ကယားပြည်နယ် လွိုင်ကော်မြို့ မိုင်းလုံးရပ်ကွက်ရှိ အင်္ဂလီကန် ဘုရားကျောင်းဝန်းတွင် စက်တင်ဘာလ ၁၁ ရက်နေ့ နှင့် ၁၂ ရက်နေ့တွင် ပထမဆုံးအကြိမ် ကျေးရွာရှိ မသန်စွမ်း အမျိုးသမီးများအား အုပ်စုဖွဲ့အမြင်ဖွင့် ဆွေးနွေးခြင်းအစီ အစဉ်ကို ပြုလုပ်ခဲ့ကြသည်။
မွေးရာပါဘယ်လက်မသန်သူ ဖဲလျားရွာနေ ကိုဗျားရယ်က ̏ကျနော် ဒီကယားပြည်နယ်မှာ မနေတော့ပဲ အခြားနိုင်ငံခြားကိုသွားချင်တယ်။ သူများသွားသလို လိုက်သွားချင်တယ်။ သူများတွေလုပ်သလို လိုက်လုပ်တက်ချင်တယ်။ ကျနော်ကိုယ့်ကိုယ် ပိုက်ဆံရှာတက်ချင်တယ်။ ̋ဟု သူ့၏ ရည်ရွယ်ချက်ကို ပြောပြသည်။
မသန်စွမ်းမှု အကြောင်းနားလည်ရန် မသန်စွမ်းသူများအပေါ်အခြေခံသော ကျားမရေးရာ ခွဲခြားမှုများ ကို နားလည်စေရန် နှင့် ချိတ်ဆက်လုပ်ဆောင်ခြင်းဖြင့် မသန်စွမ်းမှုအခြေအနေကို လျော့ချရန် ဖြစ်သည်ဟု သိရသည်။
မသန်းစွမ်းသူများ၏ အခွင့်အရေးဥပဒေကို ဇွန် ၅ ရက်နေ့တွင် ပြဌာန်းလိုက်ပြီဖြစ်သော်လည်း ပြည်သူများအဖြင့် မသိရှိကြကြောင်း ဥပဒေတွင်းလည်း လိုအပ်ချက်များရှိသေးကြောင်း နည်းဥပဒေ ထပ်မံရေးဆွဲရန် လိုသေးကြောင်း ဦးထက်အောင်ရှိုင်းက ပြောသည်။
ယင်းဆွေးနွေးပွဲတွင် ကယားပြည်နယ်တွင်း ကျေးရွာများမှ မသန်းစွမ်း ၁၆ ဦး နှင့်အတူ အုပ်ထိန်းသူများက တက်ရောက်ခဲ့ကြသည်။







