ပါတီကြီး၏ လွမ်းမိုးမှုကြောင့် ပါတီငယ်များ စည်းရုံးရေး အခက်အခဲများကြံုတွေ့နေရ

ပါတီကြီး၏ လွမ်းမိုးမှုကြောင့် ပါတီငယ်များ စည်းရုံးရေး အခက်အခဲများကြံုတွေ့နေရ
by -
ကန္တာရဝတီတိုင်း(မ်)
နိုင်ငံရေးပါတီကြီးများ၏ လွမ်းမိုးမှုကြောင့် မဲဆွယ်စည်ရုံးရာတွင် အခွင့်အရေး မညီမျှခြင်းကြောင့် တခြားသော တိုင်းရင်းသားပါတီငယ် များက အခက်အခဲကြံုတွေ့နေကြရသည်ဟု စက်တင်ဘာလ ၁၅ ရက်နေ့က လွိုင်ကော် ရဟန်းဖြစ်သင်ကျောင်းတွင် ပြုလုပ် သည့် ရွေးကောက်ပွဲနှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွင် သိရှိရသည်။

ပြည်သူများက နိုင်ငံရေးစိတ်ဝင်စားမှုအားနည်းခြင်းကြောင့်လည်း စည်းရုံးရေးဆင်းရာဆွေးနွေးရာ လည်း အခက်အခဲရှိသည်ဟု ဒီမောဆိုမြို့နယ် မဲဆန္ဒနယ် (၁) ရှမ်းတိုင်းရင်းသားဒီမိုကရေစီအဖွဲ့ချုပ် အမျိုးသမီး ကိုယ်စာလှယ်လောင်း ဒေါ်ဆိုဖာနီးယာက ပြောသည်။

“မဲဆွယ်စည်းရုံးတဲ့ချိန်မှာ အခက်ခဲတွေကတော့ လူစည်းရုံးမှုပေါနော်။ ပြည်သူလူထုတွေက လာနားထောင်ဖို့ လာဆွေးနွေးဖို့ဆိုတာ သူတို့လာဖို့ ခက်ခဲရှိတယ်။” ဟု ပြောသည်။

စက်တင်ဘာလ ၁၅ ရက်နေ့တွင် ဒီးမော့ဆိုမြို့နယ် ရူးဖယ်ခူရပ်ကွက်ရေးရာကိစ္စရပ်များကို အုပ်ချုပ်ရေးမှူးက အစည်းအဝေးတစ်ရပ်ကျင်းပ ရာတွင် ကြံ့ခိုင်ရေးပါတီမှ မဲဆွယ်စည်းရုံးရေး လက်ကမ်းစာစောင်များပေးဝေခဲ့ခြင်း၊ ပညာရေးကျောင်းတချို့တွင် မိဘဆရာအသင်း အစည်းအဝေး ပြုလုပ်ပွဲအပြီးတွင် တဆက်တည်း ပါတီ၏စည်းရုံးရေးဟောပြောပွဲ ပြုလုပ်သွားခြင်းရှိနေသည့်အတွက် အခွင့်အရေးမညီမျှကြောင်း လူမျိုးပေါင်းစုံဒီမိုကရေစီပါတီ (ကယားပြည်နယ်) ဥက္ကဌ ဦးဖိုးရယ်က ပြောသည်။

“ဒါမျိုးတွေက မဖြစ်သင့်ဘူး။ ရပ်ကွက်မှူးတွေကလည်း ဖိတ်ရင် တပါတီတည်းကို မဖိတ်သင့်ဘူး။ ကျနော်တို့ပါတီတွေကိုလည်း ဖိတ်သင့်တယ်။ မျက်နှာလိုက်သလို ဖြစ်နေတယ်။”ဟု ဦးဖိုးရယ်က ပြောသည်။

ရွေးကောက်ပွဲဝင်မည့်ပါတီများလာသည့်အတွက် မဲဆန္ဒရှင်များက မိမိတို့ ရွေးချယ်ရမည့် ကိုယ်စားလှယ်လောင်းများကို မဆုံးဖြတ်နိုင်ဘဲ ဖြစ်နေကြသည်ဟု လူမျိုးပေါင်းစုံဒီမိုကရေစီပါတီ (ကယားပြည်နယ်) မှ ဒီးမော့ဆိုမြို့နယ် မဲဆန္ဒနယ်အမှတ် ၁ တွင် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်ဖြင့် ဝင်ပြိုင်မည့် ဦးမီရယ်ရဲအောင်က ပြောသည်။

၎င်းက “ပါတီများ ဟိုပါတီက လာစည်းရုံးလိုက် ဒီပါတီကလာစည်းရုံးလိုက် သူတို့မှာ ကိုယ်စားလှယ်လောင်းကို ဘယ်လိုရွေးချယ်ကြရမှန်းမသိတော့ဘူး ဖြစ်နေကြတယ်။”ဟု ပြောသည်။

ပြည်ထောင်စုဝန်ကြီးများ၊ ပြင်ပပါတီများ လာရောက်ယှဉ်ပြိုင်ခြင်း၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် ပြည်ထောင်စု ဝန်ကြီးများက မဲဆွယ်စည်းရုံးရာတွင် နိုင်ငံတော်ဘဏ္ဍာသုံးစွဲခြင်း၊ ဝန်ထမ်းများ နိုင်ငံရေးကင်းရှင်းရမည်ဟု ဆိုသော်လည်း အနိုင်ရပါတီကြီးက ဝန်ထမ်းများကို မဲဆွယ်စည်းရုံးရေးလုပ်ငန်းတွင် ပါဝင်စေခြင်း၊ အကြပ်ကိုင်ခြင်း၊ လာဘ်ပေးလာဘ်ယူမှုများဖြင့် မဲဆွယ်စည်းရုံးခြင်းတို့ကြောင့် ပါတီငယ်များက အခက်အခဲကြံုတွေ့နေကြရသည်ဟု ၎င်းဆွေးနွေးပွဲတွင် သိရှိရသည်။

January 8, 2026
စစ်ကော်မရှင် ထိန်းချုပ်ထားတဲ့ ကရင်နီပြည် ၊ လွိုင်ကော်မြို့တွင်းမှာ ညမထွက်ရအမိန့်ကို ည ၉ နာရီကနေ...
January 8, 2026
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပဋိပက္ခအခြေအနေတွေကြောင့် ကရင်နီပြည်တွင်းက အမျိုးသမီးတွေဟာ...
January 7, 2026
ရွေးကောက်ပွဲအပိုင်း (၁)ကျင်းပသွားခဲ့တဲ့ လွိုင်ကော်နဲ့ ဘောလခဲမြို့မှာ ပြည်နယ်အခြေစိုက်...
December 23, 2025
၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ စစ်ကော်မရှင်ကနေ ပြုလုပ်မဲ့ တရားမဝင်/အတုအယောင် ရွေးကောက်ပွဲဟာ...