ဖရူဆိုမြို့နယ်တွင်း ကြက်ငှက်တုပ်ကွေးဖြစ်ပွားနေ

ဖရူဆိုမြို့နယ်တွင်း ကြက်ငှက်တုပ်ကွေးဖြစ်ပွားနေ
by -
ကန္တာရဝတီတိုင်း(မ်)
ကယားပြည်နယ် ဖရူဆိုမြို့၊ ကေးလျားကျေးရွာအုပ်စုအတွင်းတွင် ကြက်၊ ငှက် တုပ်ကွေးဖြစ်ပွား နေကြောင်း ထီးသဲကူးကျေးရွာ ဥက္ကဌ ဦးမြာရယ်က စက်တင်ဘာလ ၉ ရက်က ပြောဆိုခဲ့သည်။

ထီးသဲကူးကျေးရွာ၏ ကြက်၊ ငှက်တုပ်ကွေးဖြစ်ပွားမှုသည် နှစ်စဉ်ဖြစ်ပွားလေ့ရှိကြောင်း၊ ကြက်တုပ်ကွေး ဖြစ်ချိန်တွင် ရက်ပိုင်းအတွင်းရွာအတွင်းရှိ ကြက်များသေဆုံး သွားကြောင်း၊ တစ်နှစ်လျှင် နှစ်ကြိမ် သုံးကြိမ်ဖြစ်နေကြောင်း ၎င်းရွာတွင်နေထိုင်သော ဥက္ကဌ ဦးမြာရယ်က ဆိုသည်။

ထီးသဲကူးကျေးရွာတွင် ကြက်များ သေဆုံးနေသည့် မြင်ကွင်းများကို မြင်တွေ့ခဲ့ရသည့် ဒီးမော့ဆိုမြို့မှ သတင်းထောက် မဝေဝေအောင်က “ကျွန်မတို့ တွေ့တဲ့ချိန်မှာဆိုရင် ကြက်မကြီးနဲ့ သူ့ကလေး တစ်အုပ်က လမ်းပေါ် သွားနေတဲ့ချိန်မှာ သူ့အမေက ဆန့်ငြင်ဆန့်ငြင် ဖြစ်ပြီး လဲကျသွားတယ်။ နှားရည်တွေ ထွက်ကုန်တယ်။ သူ့ကလေးတွေက သူ့ရဲ့နှားရည်ကို သွားဆိပ်နေကြတယ်။ အဲကနေ တစ်ဆင့်လည်း ကူးစက်နိုင်တယ်”ဟု ပြောသည်။

ကလေးများကျောင်းဆင်းချိန်တွင်လည်း လမ်းပေါ်တွင်လဲနေသော ကြက်မကြီးကို တုတ်ဖြင့် သော်လည်းကောင်း၊ လက်ဖြင့်သော်လည်းကောင်း၊ သွား၍ဆော့နေကြကြောင်း၊ ထိုမှတဆင့်လည်း ကလေးများကို ရောဂါကူးဆက်နိုင်ကြောင်း ၎င်းက ပြောသွားသည်။

ထိုကြက်နာကျခြင်း ဖြစ်ပွားနေစဉ် သေဆုံးသွားသည့် ကြက်များကို ချက်စားခြင်း မပြုလုပ်ကြ သော်လည်း စနစ်တကျ မြေမြှုပ်ထားခြင်း မရှိကြောင်း သိရသည်။

May 19, 2026
လမ်းပန်းဆက်သွယ်ရေးအခက်ခဲနဲ့ ဆီစျေးနှုန်းကြီးမြင့်မှုတွေကြောင့် ဖယ်ခုံအနောက်ဖက်ခြမ်းက...
May 18, 2026
ကရင်နီပြည် ၊ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းတနေရာမှာ ဒေသဓလေ့အရ ကန်ခုနှစ်ဆင့်အမည်ရ ရေကန်ကို...
Sha Dow ( Facebook)
May 16, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် ဒေါငံခါးကျေးရွာမှာရှိတဲ့ သီလရှင်ကျောင်းကို စစ်ကော်မရှင်တပ်က မေလ...
ကန္တာရဝတီတိုင်း ( မ် ) ၊ CTER - Karenni
May 14, 2026
ကရင်နီပြည် ၊ ဖရူဆိုမြို့နယ်အတွင်းက ဝှယ်ဒူလျားစစ်ရှောင်စခန်းကို မေလ ၈ ရက်နေ့မှာ စစ်ကော်မရှင်တပ်...