လူ့စွမ်းအားအရင်းမြစ်ဖွံ့ဖြိုးတိုးတက်ဖို့ လူငယ်များလိုလား

လူ့စွမ်းအားအရင်းမြစ်ဖွံ့ဖြိုးတိုးတက်ဖို့ လူငယ်များလိုလား
by -
ကန္တာရဝတီတိုင်း(မ်)
လာမည့် နိုဝင်ဘာလ ရွေးကောက်ပွဲတွင် အနိုင်ရကာ ကယားပြည်နယ်တွင် အသစ်တက်လာမည့် ပြည်နယ်အစိုးရအဖွဲ့သည် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်စေရန် လုပ်ဆောင်လာသင့်သည်ဟု ကရင်နီလူငယ်များသမဂ္ဂ (UKSY) ဗဟိုကော်မတီဝင် ကိုကျော်ထင်အောင်က ပြောသည်။

“လက်ရှိဒေသရဲ့ အလုပ်အကိုင်အခွင့်အလမ်းအပိုင်းရယ် ကျွန်တော်တို့ပြည်နယ်ရဲ့ ပညာရေး အပိုင်းရယ်၊ ဒီထက်ပိုမိုပြီးတော့မှကို ကျွန်တော်တို့ပြည်နယ်ရဲ့ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ဖို့ အတွက် ပိုမိုဦးစားပေးသင့်တဲ့ကာလဖြစ်တယ်”ဟု ၎င်းက ပြောသည်။

ကယားပြည်နယ် လူငယ်ဖိုရမ်တစ်ခုကယားပြည်နယ် လူငယ်ဖိုရမ်တစ်ခုကယားပြည်နယ်ရှိ အချို့သော ကျေးရွာများတွင် လူငယ်များ၏ အသိဉာဏ်နှင့် ဗဟုသုတများတိုးပွားစေဖို့ အထောက်အကူပြုစေသည့် ဖတ်စရာစာအုပ်များထားရှိရန် စာကြည့်တိုက်များရှိသော်လည်း စာအုပ်များ မရှိကြောင်း သိရှိရသည်။

“ကျေးရွာမှာ လူငယ်တွေ အသိပညာ၊ ဗဟုသုတ ရရန်အတွက် စာကြည့်တိုက်ဆောင်ရှိခဲ့သော်လည်း လူငယ်များလေ့လာဖို့အတွက် စာအုပ်က မရှိဘူး”ဟု ဒီးမော့ဆိုမြို့နယ် ဒေါကလော်ဒူအုပ်စု ဥက္ကဌ ဦးမီရယ်က ပြောသည်။

လူငယ်များ အလုပ်အကိုင်အခွင့်အလမ်းနှင့်ပတ်သက်ပြီး ပြည်နယ်အစိုးရမှ ဂျပန်တွင် အလုပ်အကိုင် ရရှိလာနိုင်ရန် ဆောင်ရွတ်ခဲ့သည့် လုပ်ငန်းတစ်ရပ်သည်လည်း အခြေနေအမျိုးမျိုးကြောင့် ပျက်ပြယ်မှုများ ရှိခဲ့သည်။

လူငယ်များ အလုပ်ကိုင်အခွင့်လမ်း ရရှိနိုင်ရန်အတွက် ပြည်နယ်အတွင်းထွက်ရှိသည့် သယံဇာတ များကို မိမိတို့ကိုယ်တိုင် ဖော်ထုတ်လုပ်ကိုင်ပါက ပိုမိုအဆင်ပြေမည်ဟု ဒေသခံဖွံ့ဖြိုးရေးကွန်ယက် (LDN) ၏ ဆယ်ကျော်သက် ပူးပေါင်းဖလှယ်ရေးစီမံကိန်း အရာရှိ ဦးမိုးဇတ်ကလည်း ပြောသည်။

“ကျတော်တို့ဆီမှာက အများကြီးရှိထားပြီးသားလေ၊ ခနောက်စိမ်းတို့ ခဲသတ္တုတို့ ထွက်တယ်။ အဲ့ဒါတွေကို တရုတ်တွေ ကုလားတွေမခေါ်သွင်းဘဲနဲ့ ကယားပြည်က လူအချင်းချင်းပဲ ပြန်ခေါ်မယ်ဆိုရင်တော့ အဆင်ပြေစေတယ်လေ”ဟု ပြောသည်။

လက်ရှိတွင် ပြည်နယ်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများအဖြစ် ဒေသခံများအား ပြန်လည်ခန့်အပ်မှု ရှိလာသော်လည်း အလုပ်ကိုင်အခွင့်လမ်းမရှိသည့် လူငယ်များ အများအပြားရှိနေသေးကြောင်း လူမှုအသင်းဖွဲ့မှ တာဝန်ရှိသူတစ်ဦးကလည်း ပြောသည်။

ကယားပြည်နယ် လွိုင်ကော်မြို့တွင် ယနေ့ သြဂုတ်လ ၂၈ ရက်နေ့မှ ၂၉ ရက်နေ့ထိ ၂ ရက်တာ ကယားပြည်နယ် လူငယ်ဖိုရမ်တစ်ခု ကျင်းပပြုလုပ်မည်ဖြစ်ပြီး ထိုဖိုရမ်မှ လူငယ်များ၏ သဘောထား ထုတ်ပြန်ကြေညာချက် ထုတ်ပြန်ဖွယ်ရှိသည်။

May 19, 2026
လမ်းပန်းဆက်သွယ်ရေးအခက်ခဲနဲ့ ဆီစျေးနှုန်းကြီးမြင့်မှုတွေကြောင့် ဖယ်ခုံအနောက်ဖက်ခြမ်းက...
May 18, 2026
ကရင်နီပြည် ၊ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းတနေရာမှာ ဒေသဓလေ့အရ ကန်ခုနှစ်ဆင့်အမည်ရ ရေကန်ကို...
Sha Dow ( Facebook)
May 16, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် ဒေါငံခါးကျေးရွာမှာရှိတဲ့ သီလရှင်ကျောင်းကို စစ်ကော်မရှင်တပ်က မေလ...
ကန္တာရဝတီတိုင်း ( မ် ) ၊ CTER - Karenni
May 14, 2026
ကရင်နီပြည် ၊ ဖရူဆိုမြို့နယ်အတွင်းက ဝှယ်ဒူလျားစစ်ရှောင်စခန်းကို မေလ ၈ ရက်နေ့မှာ စစ်ကော်မရှင်တပ်...