စည်းကမ်းမဲ့ အမှိုက်မပစ်ရန် အထင်ကရနေရာများတွင် အမှိုက်ကောက်ပွဲပြုလုပ်

စည်းကမ်းမဲ့ အမှိုက်မပစ်ရန် အထင်ကရနေရာများတွင် အမှိုက်ကောက်ပွဲပြုလုပ်
by -
ကန္တာရဝတီတိုင်း(မ်)
ကယား(ကရင်နီ)ပြည်နယ် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေစေရန် အထင်ကရဖြစ်သည့် နေရာများတွင် သက်ဆိုင်ရာဦးစီးဌာနများနှင့် လူမှုအသင်းအဖွဲ့များ၊ ကျောင်းသူကျောင်းသားများက စည်းကမ်းမဲ့ စွန့်ပစ်ထားကြသည့် အမှိုက်များကို ကောက်ခြင်း၊ သစ်ပင်စိုက်ခြင်းများကို ပြုလုပ်လျက်ရှိ သည်ဟု သိရသည်။

သြဂုတ်လ ၁၂ ရက်နေ့က  ̏ အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ ̋တွင် ဒီးမော့ဆိုမြို့နယ်၊ တနီးလာလဲ ကျေးရွာ ကန်ခုနှစ်ဆင့်တွင် ပြည်နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ မြို့နယ်သစ်တောဦးစီးဌာန နှင့် ဒီးမော့ဆိုမြို့နယ် ဆယ်သဲသင်ယူလေ့လာရေး ဆုံရပ်မှ ဆရာ/မများနှင့် ကျောင်းသူ/သားများသည် ကန်ခုနှစ်ဆင့်ပတ်ဝန်းကျင် သန့်ရှင်းရေး စုပေါင်းလုပ်ဆောင်ခဲ့ကြသည်။

အထင်ကရဖြစ်သည့်နေရာများတွင် အမှိုက်ပစ်သည့်စနစ် ကောင်းမွန်စွာ မရှိခြင်း၊ စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်ကြခြင်းကြောင့် ယခုကဲ့သို့ ဆောင်ရွက်ရခြင်းဖြစ်သည်ဟု ဆယ်သဲကျောင်းမှ ကျောင်းအုပ်ဆရာ ခူးပလုရယ်က ပြောသည်။

“ဘာလို့လဲဆိုတော့ ဒီကန်ခုနှစ်ဆင့်က လူတွေ နှစ်တိုင်းလာတယ်။ လာတိုင်းလည်း အမှိုက်တွေ လာချန်ထားတယ်။ ပြန်ကောက်မယ့် လူတွေတော့ မရှိဘူး။ လာချတဲ့ လူတွေတော့ ရှိတယ်။”ဟု ခူးပလုရယ်က ပြောသည်။

စက်ရုံးအလုပ်ရုံမှ စွန့်ပစ်လာသည့် ပစ္စည်းများ၊ အညစ်အကြေးများကြောင့် သဘာဝပတ်ဝန်းကျင်၊ ရေထု၊ လေထု၊ မြေထုတို့ကို ညစ်ညမ်းမှုမရှိစေရန်အတွက် ဆောင်ရွက်ရခြင်းဖြစ်ကြောင်း သစ်တောဦးစီးဌာန ပြည်နယ်တာဝန်ခံ ဦးစီးအရာရှိ ဦးမော်မော်ကိုက ပြောသည်။

̏ကမ္ဘာမှာ ခြိမ်းခြောက်မှုကြီးတခုဖြစ်နေတဲ့ ပလပ်စတစ်ပြဿနာမှာ သုံးစွဲမှုကို လျှော့ချအောင် လူထုအတွင်းမှာ ပလပ်စတစ်အစား အစိမ်းရောင်ရယ် အစိမ်းရောင်ရှိတဲ့ ဆွေးမြေ့ပျက်စီးလွယ်တဲ့ ပစ္စည်းတွေ လူထုနယ်ပယ်ထဲမှာ ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲနိုင်အောင်ပါ။”ဟု ဦးမော်မော်ကိုက ပြောသည်။

ဇွန်လ ၃ ရက်နေ့တွင် လွိုင်ကော်မြို့ရှိ နောင်ယားကန်ကိုလည်း လူထုအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ပတ်ဝန်းကျင်းသန့်ရှင်းရေး အမှိုက်ကောက်ခဲ့ကြသည်ဟု သိရသည်။

ဆယ်သဲကျောင်းတွင် တက်ရောက်ပညာသင်ကြားနေသော မပရားမိုးက “အရင်တုန်းက အစိုးရ ကျောင်းတက်တဲ့အခါမှာ သစ်ပင်စိုက်ဖူးတယ်။ ဒါပေမယ့် အပြင်မှာ ဒီလို တခါမှ မစိုက်ဖူးဘူး။ အခုလို သစ်ပင်စိုက်ခွင့်ရတဲ့အတွက် အရမ်းပျော်တယ်။ သစ်ပင်ရှိမှ ပတ်ဝန်းကျင် စိုပြေမယ်၊ သဘာဝကိုလည်း ထိန်းသိမ်းမယ်လေ။”ဟု ပြောသည်။

အလားတူ ကယားပြည်နယ်တွင် သစ်ပင်စိုက်ပျိုးခဲ့သည်မှာ ကန်ခုနှစ်ဆင့်၊ ထီးပွင့်ကန်၊ တောင်ကွဲ စေတီနှင့် ကြပ်ဂူစသည့်် အထင်ကရနေရာတွင် ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်ရန်ရှိကြောင်း ပြည်နယ်ဦးစီးအရာရှိထံမှ သိရှိရသည်။

ကယားပြည်နယ်တွင် သစ်တောကြိုးဝိုင်းနှင့် ကြိုးပြင်ကာကွယ်တောများ အားလုံးပေါင်း ၃၅ ရာခိုင်နှုန်း တည်ထောင်ပြီးနေပြီ ဖြစ်ကြောင်း သိရသည်။ ၎င်းတို့သည် ကယားပြည်နယ်တွင်ရှိသော ရေဦးရေထွက်ကို အဓိကထားပြီး ထိန်းသိမ်းကာကွယ်သွားမည်ဟုလည်း သိရသည်။

May 19, 2026
လမ်းပန်းဆက်သွယ်ရေးအခက်ခဲနဲ့ ဆီစျေးနှုန်းကြီးမြင့်မှုတွေကြောင့် ဖယ်ခုံအနောက်ဖက်ခြမ်းက...
May 18, 2026
ကရင်နီပြည် ၊ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းတနေရာမှာ ဒေသဓလေ့အရ ကန်ခုနှစ်ဆင့်အမည်ရ ရေကန်ကို...
Sha Dow ( Facebook)
May 16, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် ဒေါငံခါးကျေးရွာမှာရှိတဲ့ သီလရှင်ကျောင်းကို စစ်ကော်မရှင်တပ်က မေလ...
ကန္တာရဝတီတိုင်း ( မ် ) ၊ CTER - Karenni
May 14, 2026
ကရင်နီပြည် ၊ ဖရူဆိုမြို့နယ်အတွင်းက ဝှယ်ဒူလျားစစ်ရှောင်စခန်းကို မေလ ၈ ရက်နေ့မှာ စစ်ကော်မရှင်တပ်...