စစ်တပ်နှင့် ဝန်ထမ်းများသည့် မဲဆန္ဒနယ်တွင် ဒေသခံတိုင်းရင်းသားပါတီမပြိုင်

စစ်တပ်နှင့် ဝန်ထမ်းများသည့် မဲဆန္ဒနယ်တွင် ဒေသခံတိုင်းရင်းသားပါတီမပြိုင်
by -
ကန္တာရဝတီတိုင်း(မ်)
အစိုးရ စစ်တပ်နှင့် ဝန်ထမ်းများသည် ကယားပြည်နယ် ဘောလခဲမြို့ မဲဆန္ဒနယ်တွင် ဒေသခံ တိုင်းရင်းသားပါတီများက ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် အစီအစဉ်မရှိကြောင်း သိရသည်။

ဘောလခဲမြို့နယ်သည် စစ်အုပ်ချုပ်မှုစနစ်များသည့် မြို့နယ်တစ်ခုအဖြစ် ကြံုတွေ့နေရဆဲဖြစ်ပြီး လက်ရှိ အာဏာရထားသည့် ပြည်ထောင်စုဝန်ကြီးများ၊ ဝန်ကြီးချုပ်များက တသီးပုဂ္ဂလ ကိုယ်စားလှယ် လောင်းများအဖြစ် လာရောက်ယှဉ်ပြိုင်မည့်ဟု ကြားသိရသည့်အတွက်လည်း မယှဉ်လိုကြောင်း လူမျိုးပေါင်းစုံ ဒီမိုကရေစီ (ကယားပြည်နယ်)ပါတီ ဒု-ဥက္ကဌ ဦးဆော်လမိုက ပြောသည်။

“ဘောလခဲက တပ်မြို့နယ် တစ်ခုအနေနဲ့ ကျနော်တို့အနေနဲ့ဖြစ်တာက တကြောင်း၊ နောက် ကျနေ်ာ တို့ လေ့လာသုံးသပ်ရသလောက်ဆိုလို့ရှိရင် ဒီဘောလခဲမြို့နယ်မှာ တသီးပုဂ္ဂလဆိုတဲ့ ကိုယ်စားလှယ် လောင်းတွေ တော်တော်များများ ဝင်ရောက်ယှဉ်ပြိုင်တယ်လို့ ကြားရတယ်။ အဲတော့ ကျနော်တို့ ပါတီ အနေနဲ့က အားနည်းချက် အားသာချက်ပေါ် မူတည်ပြီးမှ ဒီဘောလခဲမြို့နယ်ကိုကျတော့ ကျနော်တို့ ပါတီအနေနဲ့က ဝင်ရောက်ယှဉ်ပြိုင်ခြင်းမလုပ်ဖို့ ဆုံးဖြတ်ထားတာ ဖြစ်ပါတယ်”ဟု ဦးဆော်လမိုက ပြောသည်။

လူမျိုးပေါင်းစုံ ဒီမိုကရေစီ (ကယားပြည်နယ်) ပါတီအနေဖြင့် ဘောလခဲမြို့နယ်ကလွဲ၍ ကျန် မြို့နယ်(၆)မြို့နယ်ရှိ မဲဆန္ဒနယ်အသီးသီးကို ၀င်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း ပါတီ ဒု-ဥက္ကဌ ဦးဆော်လမိုက ပြောသည်။

ကယန်းအမျိုးသားပါတီမှ ကယားပြည်နယ်တွင်းရှိ မြို့နယ် (၇)မြို့နယ်ထဲမှာ ကယန်းလူမျိုးအများစု နေထိုင်သော လွိုင်ကော်မြို့နယ် ၊ဒီးမော့ဆိုမြို့နယ် နှင့် မယ်စဲ့မြို့နယ်တို့တွင်သာ ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်သည်ဟု သိရသည်။

“ကျန်တဲ့လေးမြို့နယ်က ကျနော်တို့ ကယန်းလူမျိုးက အနည်းကျဉ်းပဲရှိတယ်။ ကျနော်တို့ ဝင်ဖို့ မရှိပါဘူး။ ကယန်းအများစု ရှိတဲ့ သုံးမြို့နယ်ပဲ ကျနော်တို့ ဝင်မှာပေါ့”ဟု ကယန်းအမျိုးသားပါတီ အထွေထွေအတွင်းရေးမှူး ဦးနန်းရီက ပြောသည်။

ဒေသခံပါတီဖြစ်သည့် ကယားလူမျိုးစုပါတီနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးပါတီ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ အမျိုးသားတိုးတက်ရေးပါတီတို့မှာ ဝင်ပြိုင်မည်ဟု သိရသည်။

ဘောလခဲမြို့သည် ခရိုင်မြို့ဖြစ်သည့်အတွက် ဌာနဆိုင်ရာဝန်ထမ်းများ လူဦးရေများသည့် မြို့ဖြစ်သည့် အပြင် စစ်တပ် တပ်ရင်း ၄ ရင်းရှိသည်ဟု သိရသည်။

May 19, 2026
လမ်းပန်းဆက်သွယ်ရေးအခက်ခဲနဲ့ ဆီစျေးနှုန်းကြီးမြင့်မှုတွေကြောင့် ဖယ်ခုံအနောက်ဖက်ခြမ်းက...
May 18, 2026
ကရင်နီပြည် ၊ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းတနေရာမှာ ဒေသဓလေ့အရ ကန်ခုနှစ်ဆင့်အမည်ရ ရေကန်ကို...
Sha Dow ( Facebook)
May 16, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် ဒေါငံခါးကျေးရွာမှာရှိတဲ့ သီလရှင်ကျောင်းကို စစ်ကော်မရှင်တပ်က မေလ...
ကန္တာရဝတီတိုင်း ( မ် ) ၊ CTER - Karenni
May 14, 2026
ကရင်နီပြည် ၊ ဖရူဆိုမြို့နယ်အတွင်းက ဝှယ်ဒူလျားစစ်ရှောင်စခန်းကို မေလ ၈ ရက်နေ့မှာ စစ်ကော်မရှင်တပ်...