စစ်တပ်နှင့် ဝန်ထမ်းများသည့် မဲဆန္ဒနယ်တွင် ဒေသခံတိုင်းရင်းသားပါတီမပြိုင်

စစ်တပ်နှင့် ဝန်ထမ်းများသည့် မဲဆန္ဒနယ်တွင် ဒေသခံတိုင်းရင်းသားပါတီမပြိုင်
by -
ကန္တာရဝတီတိုင်း(မ်)
အစိုးရ စစ်တပ်နှင့် ဝန်ထမ်းများသည် ကယားပြည်နယ် ဘောလခဲမြို့ မဲဆန္ဒနယ်တွင် ဒေသခံ တိုင်းရင်းသားပါတီများက ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် အစီအစဉ်မရှိကြောင်း သိရသည်။

ဘောလခဲမြို့နယ်သည် စစ်အုပ်ချုပ်မှုစနစ်များသည့် မြို့နယ်တစ်ခုအဖြစ် ကြံုတွေ့နေရဆဲဖြစ်ပြီး လက်ရှိ အာဏာရထားသည့် ပြည်ထောင်စုဝန်ကြီးများ၊ ဝန်ကြီးချုပ်များက တသီးပုဂ္ဂလ ကိုယ်စားလှယ် လောင်းများအဖြစ် လာရောက်ယှဉ်ပြိုင်မည့်ဟု ကြားသိရသည့်အတွက်လည်း မယှဉ်လိုကြောင်း လူမျိုးပေါင်းစုံ ဒီမိုကရေစီ (ကယားပြည်နယ်)ပါတီ ဒု-ဥက္ကဌ ဦးဆော်လမိုက ပြောသည်။

“ဘောလခဲက တပ်မြို့နယ် တစ်ခုအနေနဲ့ ကျနော်တို့အနေနဲ့ဖြစ်တာက တကြောင်း၊ နောက် ကျနေ်ာ တို့ လေ့လာသုံးသပ်ရသလောက်ဆိုလို့ရှိရင် ဒီဘောလခဲမြို့နယ်မှာ တသီးပုဂ္ဂလဆိုတဲ့ ကိုယ်စားလှယ် လောင်းတွေ တော်တော်များများ ဝင်ရောက်ယှဉ်ပြိုင်တယ်လို့ ကြားရတယ်။ အဲတော့ ကျနော်တို့ ပါတီ အနေနဲ့က အားနည်းချက် အားသာချက်ပေါ် မူတည်ပြီးမှ ဒီဘောလခဲမြို့နယ်ကိုကျတော့ ကျနော်တို့ ပါတီအနေနဲ့က ဝင်ရောက်ယှဉ်ပြိုင်ခြင်းမလုပ်ဖို့ ဆုံးဖြတ်ထားတာ ဖြစ်ပါတယ်”ဟု ဦးဆော်လမိုက ပြောသည်။

လူမျိုးပေါင်းစုံ ဒီမိုကရေစီ (ကယားပြည်နယ်) ပါတီအနေဖြင့် ဘောလခဲမြို့နယ်ကလွဲ၍ ကျန် မြို့နယ်(၆)မြို့နယ်ရှိ မဲဆန္ဒနယ်အသီးသီးကို ၀င်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း ပါတီ ဒု-ဥက္ကဌ ဦးဆော်လမိုက ပြောသည်။

ကယန်းအမျိုးသားပါတီမှ ကယားပြည်နယ်တွင်းရှိ မြို့နယ် (၇)မြို့နယ်ထဲမှာ ကယန်းလူမျိုးအများစု နေထိုင်သော လွိုင်ကော်မြို့နယ် ၊ဒီးမော့ဆိုမြို့နယ် နှင့် မယ်စဲ့မြို့နယ်တို့တွင်သာ ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်သည်ဟု သိရသည်။

“ကျန်တဲ့လေးမြို့နယ်က ကျနော်တို့ ကယန်းလူမျိုးက အနည်းကျဉ်းပဲရှိတယ်။ ကျနော်တို့ ဝင်ဖို့ မရှိပါဘူး။ ကယန်းအများစု ရှိတဲ့ သုံးမြို့နယ်ပဲ ကျနော်တို့ ဝင်မှာပေါ့”ဟု ကယန်းအမျိုးသားပါတီ အထွေထွေအတွင်းရေးမှူး ဦးနန်းရီက ပြောသည်။

ဒေသခံပါတီဖြစ်သည့် ကယားလူမျိုးစုပါတီနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးပါတီ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ အမျိုးသားတိုးတက်ရေးပါတီတို့မှာ ဝင်ပြိုင်မည်ဟု သိရသည်။

ဘောလခဲမြို့သည် ခရိုင်မြို့ဖြစ်သည့်အတွက် ဌာနဆိုင်ရာဝန်ထမ်းများ လူဦးရေများသည့် မြို့ဖြစ်သည့် အပြင် စစ်တပ် တပ်ရင်း ၄ ရင်းရှိသည်ဟု သိရသည်။

ဓါတ်ပုံ - ကန္တာရဝတီတိုင်း ( မ် )
January 12, 2026
ကရင်နီအမျိုးသားကောလိပ် (KnNC) ကျောင်းရဲ့ နှစ် ၃၀ ပြည့်အခမ်းအနားကို ဇန်နဝါရီလ ၁၀ ရက်နေ့နဲ့ ၁၁...
January 8, 2026
စစ်ကော်မရှင် ထိန်းချုပ်ထားတဲ့ ကရင်နီပြည် ၊ လွိုင်ကော်မြို့တွင်းမှာ ညမထွက်ရအမိန့်ကို ည ၉ နာရီကနေ...
January 8, 2026
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပဋိပက္ခအခြေအနေတွေကြောင့် ကရင်နီပြည်တွင်းက အမျိုးသမီးတွေဟာ...
January 7, 2026
ရွေးကောက်ပွဲအပိုင်း (၁)ကျင်းပသွားခဲ့တဲ့ လွိုင်ကော်နဲ့ ဘောလခဲမြို့မှာ ပြည်နယ်အခြေစိုက်...