ရှစ်လေးလုံးအရေးတော်ပုံ နှစ်ပတ်လည် ဆွမ်းကပ်အလှူပွဲတော်ကျင်းပ

ရှစ်လေးလုံးအရေးတော်ပုံ နှစ်ပတ်လည် ဆွမ်းကပ်အလှူပွဲတော်ကျင်းပ
by -
ကန္တာရဝတီတိုင်း(မ်)
(၂၇)နှစ်မြောက် ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံနှစ်ပတ်လည်နေ့ သတိရအောက်မေ့သော အားဖြင့် လွိုင်ကော်မြို့ ဥတ္တရာရုံပရိယတ္တိစာသင်တိုက်တွင် ရဟန်း၊ သံဃာတော်များကို သြဂုတ် ၈ရက်နေ့က နေ့ဆွမ်းကပ်ခြင်း အလှူဒါနပြုလုပ်ခဲ့သည်။

မြန်မာတနိုင်ငံလုံး ရှစ်လေးလုံးအရေးတော်ပုံတွင် ကယားပြည်နယ်မှ ရဟန်းရှင်များ၊ ပြည်သူများ၊ ကျောင်းသားများ လူထုလူတန်းစားအားလုံး ပါခဲ့သည့်အတွက် နောင်လာနောက်သားများ အမှတ်တရ သတိရအောက်မေ့စေနိုင်ရန် ကျင်းပခြင်းဖြစ်သည်ဟု ကျောင်းသားသပိတ်တွင် ခေါင်းဆောင်မှုအပိုင်း ပါ၀င်ခဲ့ပြီး လက်ရှိတွင် (၈၈)မျိုးဆက် အင်အားစုရပ်တည်ရေးတွင် ပါ၀င်ထားသူ ကိုသက်နောင်ထွန်းက ပြောသည်။

“နှစ်စဉ်နှစ်တိုင်း ဒါကို နောင်လာနောက်သားတွေ အမှတ်တရဖြစ်ေစေဖို့ပေ့ါ။ ဒါတွေလည်း ပါတယ်။ ပြီးတော့ ကျရုံးသွားတဲ့ ရဟန်းရှင်တွေ၊ ကျောင်းသားတွေ၊ သူငယ်ချင်းတွေအတွက်လည်း ကုသိုလ် ကောင်းမှု လုပ်ပေးတဲ့အနေနဲ့ အခုလိုမျိုး နှစ်စဉ်နှစ်တိုင်း ဒီလိုကောင်းမှုကုသိုလ်တွေလုပ်တယ်ပေ့ါ”ဟု ကိုသက်နောင်ထွန်းက ပြောသည်။

ယခင်နှစ်တွင် နှစ်ပတ်လည်ကို ခမ်းခမ်းနားနားလုပ်ဆောင်လေ့ရှိပြီး ယခုနှစ်မှာတော့ ရေဘေး ကူညီရေးကိစ္စကို ဦးစားပေးလုပ်ဆောင်နေရခြင်းကြောင့် နှစ်ပတ်လည်နေ့ကို ခမ်းခမ်းနားနား လုပ်ဆောင်နိုင်ခြင်းမရှိကြောင်း ၎င်းက ဆက်ပြောသည်။

၁၉၈၈ခုနှစ်၊ သြဂုတ် ၈ ရက်နေ့ကို ရဟန်းရှင်များ၊ ကျောင်းသားများနှင့် ပြည်သူများအားလုံး မမေ့သင့် သော နေ့တစ်နေ့ဖြစ်ကြောင်း၊ လူငယ်များကလည်း ပခုံးပြောင်းထမ်းဆောင်ပြီး တာဝန်ယူသွားရမည် ဖြစ်ကြောင်း နှစ်ပတ်လည်အခမ်းအနားတွင် တက်ရောက်လာသော ကရင်နီပြည် ကျောင်းသားသမဂ္ဂ ဥက္ကဌ ခွန်ရဲမင်းကျော်က ပြောပါသည်။

“ဒီ ၈၈ နေ့ဟာ ဘယ်တော့မှ မေ့လို့ မရတဲ့ နေ့တနေ့ပေ့ါနော်။ ဒါကိုလည်း အခုကျနော်တို့ လူငယ်တွေရဲ့ တာဝန်ပေါ်မှာ ရှိလာပြီပေါ့”ဟု ခွန်ရဲမင်းကျော်က ပြောသည်။

ရှစ်လေးလုံး အရေးတော်ပုံ နှစ်ပတ်လည်နေ့ဆွမ်းကပ်အလှူတော်ပွဲသို့ (၈၈)ကျောင်းသားများ၊ UKSY မှ လူငယ်များ၊ ကရင်နီပြည်ကျောင်းသားသမဂ္ဂ နှင့် ပြည်သူများ စုစုပေါင်း လူဦးရေ (၂၀) ကျော် တက်ရောက်ခဲ့သည်။

May 19, 2026
လမ်းပန်းဆက်သွယ်ရေးအခက်ခဲနဲ့ ဆီစျေးနှုန်းကြီးမြင့်မှုတွေကြောင့် ဖယ်ခုံအနောက်ဖက်ခြမ်းက...
May 18, 2026
ကရင်နီပြည် ၊ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းတနေရာမှာ ဒေသဓလေ့အရ ကန်ခုနှစ်ဆင့်အမည်ရ ရေကန်ကို...
Sha Dow ( Facebook)
May 16, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် ဒေါငံခါးကျေးရွာမှာရှိတဲ့ သီလရှင်ကျောင်းကို စစ်ကော်မရှင်တပ်က မေလ...
ကန္တာရဝတီတိုင်း ( မ် ) ၊ CTER - Karenni
May 14, 2026
ကရင်နီပြည် ၊ ဖရူဆိုမြို့နယ်အတွင်းက ဝှယ်ဒူလျားစစ်ရှောင်စခန်းကို မေလ ၈ ရက်နေ့မှာ စစ်ကော်မရှင်တပ်...