သမ္မတ အကြံပေးဟောင်း ဦးနေဇင်လတ်၏ ပါတီ ကယားပြည်နယ်အတွင်း ဝင်ရောက်ယှဉ်ပြိုင်မည်

သမ္မတ အကြံပေးဟောင်း ဦးနေဇင်လတ်၏ ပါတီ ကယားပြည်နယ်အတွင်း ဝင်ရောက်ယှဉ်ပြိုင်မည်
by -
ကန္တာရဝတီတိုင်း(မ်)
သမ္မတဦးသိန်းစိန်၏ အကြံပေးအဖွဲ့ဝင်ဟောင်းတစ်ဦးဖြစ်သည့် ဒေါက်တာနေဇင်လတ်၏ အမျိုးသား တိုးတက်ရေးပါတီသည် ရွေးကောက်ပွဲတွင် ကယားပြည်နယ်အတွင်း ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်ကြောင်း အမျိုးသားတိုးတက်ရေးပါတီ (ကယားပြည်နယ်)၏ ယာယီ ဥက္ကဌ ဦးခင်မောင်က ပြောသည်။

အမျိုးသားတိုးတက်ရေးပါတီအနေဖြင့် ရွေးကောက်ပွဲကို တနိုင်ငံလုံးတွင် ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်ပြီး ကယားပြည်နယ်တွင် လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆို စသည့် မြို့နယ်များတွင်သာ ဝင်ရောက်ယှဉ်ပြိုင်ရန် လျာထားကြောင်း သိရသည်။

“ကျနော်တို့က ကယားပြည်နယ်ရဲ့ ခုနှစ်မြို့နယ်ထဲမှာ သုံးမြို့နယ်ကို ဝင်ရောက်ယှဉ်ပြိုင်ဖို့ လျာထားဆဲပဲ ရှိပါသေးတယ်”ဟု ဦးခင်မောင်က ဆိုသည်။

သမ္မတ အကြံပေးဟောင်း တဦးဖြစ်သည့် ဒေါက်တာနေဇင်လတ်က ပါတီဥက္က အဖြစ် ဦးဆောင် နေသည့်အတွက် ပါတီကို ကြံခိုင်ရေးပါတီ၏ ကိုယ်ခွဲပါတီတစ်ခုအဖြစ် ပြင်ပမှ ထင်မြင်မှုများရှိနေကြောင်း ဦးခင်မောင်က ဆက်လက်ပြောဆိုသည်။

“ကျနော်တို့ အမျိုးသားတိုးတက်ရေးပါတီက အခြားသော မည်သည့် ပါတီများရဲ့ ကိုယ်ခွဲပါတီ မဟုတ်ပါ”ဟု ဦးခင်မောင်က ဖြေရှင်းပြောဆိုထားသည်။

ပါတီကို ဦးဆောင်သူမှာ သမ္မတအကြံပေးအဖွဲ့ဝင်တစ်ဦးဖြစ်နေသည့်အတွက် ထင်မြင်ချက် အမျိုးမျိုးကို လျော့ကျစေရန် ဒေါက်တာနေဇင်လတ်က သမ္မတအကြံပေး အဖွဲ့မှ နုတ်ထွက်ပြီး လက်ရှိပါတီနာယကအဖြစ် ထမ်းဆောင်နေကာ ရွေးကောက်ပွဲတွင်း ဝင်ရောက်ယှဉ်ပြိုင်သွားမည် မဟုတ်ကြောင်း ဦးခင်မောင်က ပြောသည်။

ရွေးကောက်ပွဲဝင် ဝင်ရောက်ယှဉ်ပြိုင်မည့် ပုဂ္ဂိုလ်များကို သက်ဆိုင်ရာမြို့နယ်အတွင်းတွင် နေထိုင်သည့် ပါတီဝင်များထဲမှ သင့်တော်သူကိုသာ ရွေးချယ်သွားမည်ဟု ဆက်ပြောပါသည်။

အမျိုးသားတိုးတက်ရေးပါတီသည် ပြီးခဲ့သည့် ဇူလိုင်လ ၉ ရက်နေ့တွင် တရားဝင် ပါတီမှတ်ပုံတင် ရရှိထားသည်။

အဆိုပါ ပါတီသည် ကယားပြည်နယ်ကို ဇူလိုင်လ ၁၀ ရက်နေ့တွင် ရောက်ရှိလာပြီး ယခု မြို့နယ်များသို့ ပါတီ ရုံးတည်ထောင်ရန် ဒေသခံများနှင့် လိုက်လံတွေ့ဆုံဆွေးနွေးနေကြောင်းနှင့် လက်ရှိ ကယားပြည်နယ်အတွင်း ပါတီဝင် ၂၀၀ ကျော်သာ ရှိနေသေးကြောင်း သိရသည်။

May 19, 2026
လမ်းပန်းဆက်သွယ်ရေးအခက်ခဲနဲ့ ဆီစျေးနှုန်းကြီးမြင့်မှုတွေကြောင့် ဖယ်ခုံအနောက်ဖက်ခြမ်းက...
May 18, 2026
ကရင်နီပြည် ၊ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းတနေရာမှာ ဒေသဓလေ့အရ ကန်ခုနှစ်ဆင့်အမည်ရ ရေကန်ကို...
Sha Dow ( Facebook)
May 16, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် ဒေါငံခါးကျေးရွာမှာရှိတဲ့ သီလရှင်ကျောင်းကို စစ်ကော်မရှင်တပ်က မေလ...
ကန္တာရဝတီတိုင်း ( မ် ) ၊ CTER - Karenni
May 14, 2026
ကရင်နီပြည် ၊ ဖရူဆိုမြို့နယ်အတွင်းက ဝှယ်ဒူလျားစစ်ရှောင်စခန်းကို မေလ ၈ ရက်နေ့မှာ စစ်ကော်မရှင်တပ်...