မြေယာပြဿနာ အလေးထားဆောင်ရွက်ရန် တောင်သူအဖွဲ့ တိုက်တွန်း

မြေယာပြဿနာ အလေးထားဆောင်ရွက်ရန် တောင်သူအဖွဲ့ တိုက်တွန်း
by -
ကန္တာရဝတီတိုင်း(မ်)
ဖြစ်ပွားနေသည့် မြေယာ ပြဿနာကို အစိုးရက ဖြေရှင်းရာတွင် နှောင့်နှေးနေကာ တောင်သူများကို ကိုယ်ချင်းစာပြီး အလေးထား ဆောင်ရွက်သင့်သည်ဟု တောင်သူလယ်သမားအရေး ဆောင်ရွက်နေသည့် ကရင်နီပြည် တောင်သူလယ်သမားသမဂ္ဂ (KFSU)က တိုက်တွန်းလိုက်သည်။

“အစိုးရတွေက တောင်သူတွေအပေါ်ကို ကိုယ်ချင်းစာထားပေးဖို့၊ အဓိက နားလည်ပေးဖို့ အရေးကြီးတယ်၊ အခုမြေယာကိစ္စနဲ့ ပတ်သက်ပြီး လက်ရှိအစိုးရတွေ ဖြေရှင်းနေတာက တအား နှေးနေတယ်၊ တအားနှောင့်နှေးတော့ လူထုအတွက် အကြပ်အတည်း ဖြစ်နေတယ်”ဟု ကရင်နီပြည် တောင်သူလယ်သမားသမဂ္ဂအဖွဲ့က ကိုသောမတ်(စ်)က ပြောသည်။

မေ ၂၁ တောင်ကြီးမြို့နယ် ကွမ်လုံကျေးရွာအုပ်စု ရေပူရွာတွင် နေထိုင်သော တောင်သူ ဦးမြင့်အောင်က မြေယာပြန်လည်ရရှိရေး ဓာတ်ဆီလောင်း မီးရှို့ဆန္ဒပြသည့်အပေါ် ကရင်နီပြည် တောင်သူလယ်သမားသမဂ္ဂက ကြေညာချက် ထုတ်ပြန် ပြောဆိုလိုက်ခြင်း ဖြစ်သည်။

ဦးမြင့်အောင် ထွန်ယက်စိုက်ပျိုးထားသော ပြောင်းခင်း ၈.၅ ဧကအပါအဝင် ထောင်ချီ လယ်ယာမြေဧကများကို သိမ်းယူခဲ့ပြီး ပြန်လည် ရရှိရန် တင်ပြ တောင်းဆိုခဲ့သော်လည်း အစိုးရပိုင်းက အရေးယူ ဆောင်ရွက်ပေးခဲ့ခြင်း မရှိချေ။

မီးရှို့ဆန္ဒပြမှုကြောင့် အသက်ဆုံးရှံုးသွားသော တောင်သူ ဦးမြင့်အောင် ဖြစ်ရပ်ကို ကျန်ရစ်သူ မိသားစုများနှင့်အတူ ထပ်တူ ၀မ်းနည်းကြေကွဲကြောင်းနှင့် နိုင်ငံအဝန်းရှိ လယ်ယာမြေ ပြဿနာများကို ဥပဒေနှင့်အညီ ဖြေရှင်းရန် ကရင်နီပြည် တောင်သူလယ်သမားသမဂ္ဂက သဘောထား ထုတ်ပြန်ထားသည်။

May 20, 2026
ထိုင်းနိုင်ငံ ၊ မယ်ဟောင်ဆောင်ခရိုင်၊ ကရင်နီဒုက္ခသည်စခန်း အမှတ် ၂ မှာ နေထိုင်ကြတဲ့ လူထုတွေဟာ...
May 19, 2026
လမ်းပန်းဆက်သွယ်ရေးအခက်ခဲနဲ့ ဆီစျေးနှုန်းကြီးမြင့်မှုတွေကြောင့် ဖယ်ခုံအနောက်ဖက်ခြမ်းက...
May 18, 2026
ကရင်နီပြည် ၊ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းတနေရာမှာ ဒေသဓလေ့အရ ကန်ခုနှစ်ဆင့်အမည်ရ ရေကန်ကို...
Sha Dow ( Facebook)
May 16, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် ဒေါငံခါးကျေးရွာမှာရှိတဲ့ သီလရှင်ကျောင်းကို စစ်ကော်မရှင်တပ်က မေလ...