စစ်ဘေးဒဏ်သင့်ရွာသားများ နိုင်ငံသား စိစစ်ရေးကဒ်မရှိ

စစ်ဘေးဒဏ်သင့်ရွာသားများ နိုင်ငံသား စိစစ်ရေးကဒ်မရှိ
by -
ကန္တာရဝတီတိုင်း(မ်)
အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ အပစ်ခတ်ရပ်စဲရေး ပြုလုပ်ပြီးနောက် စစ်ပွဲများကြောင့် နေရပ်မှ စွန့်ခွာပြီး စစ်ဘေးရှောင်နေခဲ့ရသော ဒေသခံများ နေရပ်သို့ ပြန်လည် နေထိုင်ခဲ့ပြီး ဖြစ်သော်လည်း နိုင်ငံသား စိစစ်ရေး ကဒ်ပြား မရှိဟု ဆိုသည်။

နှစ်လရှည်ကြာ စစ်ဒဏ်များ ကြုံလာခဲ့သည့်အတွက် မှတ်ပုံတင်များ ပြုလုပ်ရန် အခက်အခဲရှိနေသည်ဟု ကိန္နရာကျေးလက် လူမှုအဖွဲ့အစည်းက ဦးဘော်ရယ်ကပြောသည်။

လူဝင်မှု ကြီးကြပ်ရေး ဌာနအနေဖြင့် မှတ်ပုံတင်ရရှိရန် ရပ်ရွာအုပ်ချုပ်ရေးမှူးများက စာရင်းပြုစုပြီး တင်ပြပါက လာရောက် ပြုလုပ်ပေး မည်ဟု လူဝင်မှုကြီးကြပ်ရေး ဌာန လက်ထောက်ပြည်နယ်မှူး ဦးသိန်းသန်းကပြောသည်။

“အုပ်ချုပ်ရေးမှူးကနေပြီးတော့ စာရင်းကောက်ပေးပေါ့၊ တစ်ရွာမှာစာရင်း ဘယ်နှစ်ယောက် ရှိတယ်ဆိုပြီး ဦးတို့ကို တင်ပြပြီးရင် ဦးတို့က သွားလုပ်ပေးပေါ့၊ ဦးတို့ကရတဲ့ ရွာစာရင်းနဲ့သွားလုပ်ပေးတာပေါ့” ဟု သူက ပြောသည်။

မြို့နယ်များအတွင်း မှတ်ပုံတင်များကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနက လိုက်လံပြုလုပ်ပေးလျက် ရှိကြောင်းသိရသည်။

အပစ်ခတ်ရပ်စဲထားသည့် ကာလအတွင်း ကယား(ကရင်နီ) ပြည်နယ်ရှိ အချို့သော စစ်ဒဏ်ခံခဲ့ရသည့် ဒေသများတွင် လူဝင်မှုကြီးကြပ်ရေးအဖွဲ့က နိုင်ငံသား စိစစ်ရေး ကဒ်ပြားများနှင့် ပတ်သက်၍ အသိပညာပေးသင့်သည်ဟု ဦးဘော်ရယ် က ပြောသည်။

“အိမ်ထောင်စုစာရင်းတွေရှိမယ်ဆိုရင် ကျနော်တို့ဆီမှာရှိတဲ့ ရပိုင်ခွင့်တွေ ခံစားပိုင်ခွင့်တွေ ရရှိတယ်။ ၂၀၁၅ခုနှစ်မှာ ရွေးကောက်ပွဲမှာ မှတ်ပုံတင်မရှိဘူး ဆိုရင် မဲထည့်ရာမှာ အခက်အခဲရှိမယ်လို့ထင်တယ်” ဟု သူက ပြောသည်။

စစ်ဘေးဒဏ်သင့်ခဲ့သည့် ရှားတောဒေသဖက်တွင် နိုင်ငံသားအခွင့်အရေးဆိုင်ရာ အသိပညာနည်းပါးနေသည်။

May 20, 2026
ထိုင်းနိုင်ငံ ၊ မယ်ဟောင်ဆောင်ခရိုင်၊ ကရင်နီဒုက္ခသည်စခန်း အမှတ် ၂ မှာ နေထိုင်ကြတဲ့ လူထုတွေဟာ...
May 19, 2026
လမ်းပန်းဆက်သွယ်ရေးအခက်ခဲနဲ့ ဆီစျေးနှုန်းကြီးမြင့်မှုတွေကြောင့် ဖယ်ခုံအနောက်ဖက်ခြမ်းက...
May 18, 2026
ကရင်နီပြည် ၊ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းတနေရာမှာ ဒေသဓလေ့အရ ကန်ခုနှစ်ဆင့်အမည်ရ ရေကန်ကို...
Sha Dow ( Facebook)
May 16, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် ဒေါငံခါးကျေးရွာမှာရှိတဲ့ သီလရှင်ကျောင်းကို စစ်ကော်မရှင်တပ်က မေလ...