လူထုဆွေးနွေးရေး စစ်ကြောင်းချီတက်မည့် လမ်းကြောင်း မပိတ်ရန် KNPP သတိပေး

လူထုဆွေးနွေးရေး စစ်ကြောင်းချီတက်မည့် လမ်းကြောင်း မပိတ်ရန် KNPP သတိပေး
by -
ကန္တာရဝတီတိုင်း(မ်)
ကရင်နီအမျိုးသားတိုုးတက်ရေးပါတီ (KNPP) တပ်၏ နယ်လှည့် လူထု တွေ့ဆုံု ဆွေးနွေးသည့် စစ်ကြောင်းချီတက်မည့် လမ်းတစ်လျှောက် ချထားသည့် အစိုးရတပ်များ ချထားသည့်အတွက် ၂ ဖက် ရင်ဆိုင်တိုက်ပွဲများ မဖြစ်ပေါ်စေရန် ရှေ့ဆက် မတိုးဖို့ မေ ရ ရက်နေ့က ပြည်နယ်လုံုခြံုရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် ဒေသ ကွပ်ကဲရေးစစ်ဌာနချုပ်သိုု့ KNPP က အသိပေးထားသည်ဟု လွိုင်ကော် ဆက်ဆံရေးရုံုးတာဝန်ခံ ခူးပလူးရယ်ကပြောသည်။

“လွိုင်ကော် ရှားတောလမ်းဖက်မှာ ရှိတဲ့ရွာတွေ၊ လွိုင်ကော် လွယ်လင်ဖက်က လင်ဖုံု၊ ထီးစဲခါး၊ ကွန်နားတိုု့ဖက်မှာ ဗမာတပ်တွေ လိုုက်ချထားတယ်၊ ဒီမနက်တော့ သွားပြောလိုုက်ပြီ ရောက်တဲ့နေရာက ရှေ့ဆက်မသွားဖို့ပေါ့”ဟုု ဦးပလူးရယ်ကပြောသည်။

လက်ရှိ KNPP စစ်ကြောင်းကိုလည်း ရှေ့ဆက် မသွားရန် ဒေသကွပ်ကဲရေးမှူးများက KNPP ခေါင်းဆောင်များကို မေ ၂ ရက် တွေ့ဆုံစဉ်ပြောဆိုခဲ့သည်။

ရှားတောမြို့နယ် အနီးတဝိုက်ရှိ ကျေးရွာများသို့ KNPP အဖွဲ့ဝင် ၂၀၀ ၀န်းကျင်သည် လက်နက်များ ကိုင်ဆောင်၍ နယ်လှည့်ကွင်းဆင်း စည်းရုံးရန် မေလဆန်းက လုပ်ဆောင်ခဲ့ကြောင်း၊ စည်းရုံးရေး လုပ်ငန်းစဉ်များအတွက် သံလွင်မြစ် အနောက်ခြမ်း၌ အခြေပြု နေထိုင်လျက်ရှိကြောင်း၊ ထို့ကြောင့် စစ်ပွဲများ ဖြစ်ပွားလာမည်ကို ဒေသခံ ပြည်သူများက စိုးရိမ်နေကြကြောင်း မေ ၆ ရက်နေ့ထုတ် အစိုးရ သတင်းစာများ၌ ဖော်ပြထားသည်။

မတ် ၃၁ ရက်က KNPP နှင့် ပြည်နယ်အစိုုးရတိုု့ တွေ့ဆုံုဆွေးနွေးချိန် မေလအတွင်း ကရင်နီတပ်မတော်များမှ နယ်လှည့်လူထုုတွေ့ဆုံုဆွေးနွေးရေး စစ်ကြောင်းပြုလုုပ်မည့် ကိစ္စကို အသိပေးဆွေးနွေးခဲ့သည်။

May 20, 2026
ထိုင်းနိုင်ငံ ၊ မယ်ဟောင်ဆောင်ခရိုင်၊ ကရင်နီဒုက္ခသည်စခန်း အမှတ် ၂ မှာ နေထိုင်ကြတဲ့ လူထုတွေဟာ...
May 19, 2026
လမ်းပန်းဆက်သွယ်ရေးအခက်ခဲနဲ့ ဆီစျေးနှုန်းကြီးမြင့်မှုတွေကြောင့် ဖယ်ခုံအနောက်ဖက်ခြမ်းက...
May 18, 2026
ကရင်နီပြည် ၊ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းတနေရာမှာ ဒေသဓလေ့အရ ကန်ခုနှစ်ဆင့်အမည်ရ ရေကန်ကို...
Sha Dow ( Facebook)
May 16, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် ဒေါငံခါးကျေးရွာမှာရှိတဲ့ သီလရှင်ကျောင်းကို စစ်ကော်မရှင်တပ်က မေလ...