ဒီးမော့ဆို မြို့နယ် စံပြ ၆ မိုင် ကျေးရွာအုပ်စု၊ ဒေါဆိုရှေးကျေးရွာနေ တောင်သူ ရ ဦးနှင့် စက်မှုလယ်ယာ စက်သမား ၃ ဦးကို အမှတ် (၃၆၀) အမြောက်တပ်ရင်းက ကျူးကျော် ထွန်ယက်မှုဖြင့် စွဲဆိုခဲ့သည့် အမှုကို အမိန့်ချမှတ်အပြီး လာရောက်ကြားနာသူ လူ အင်အား ၅၀၀ ကျော် ဆန္ဒပြခဲ့သည်။
တောင်သူ ၆ ဦးအား ထောင်ဒဏ် ၁၅ ရက် (သို့) ဒဏ် ငွေ ၅၀၀ ဆောင်ရန် အမိန့်ချမှတ်ခဲ့ပြီး ကျန်သည့် စက်မှု လယ်ယာက စက်သမား ၃ ဦးနှင့် တောင်သူ တစ်ဦးကို ပူးပေါင်းကူညီသည့် အတွက် ပြစ်ဒဏ်ချမှတ်ခဲ့ခြင်းတော့ မရှိချေ။
ဒေါဆိုရှေ့ရွာမှ ကိုမာရီးနိုက “စစ်တပ်တွေက ကျနော်တို့တောင်သူတွေလုပ်ကိုင် စားသောက်နေတဲ့ မြေတွေကို မတရားသိမ်းယူကြ တယ်၊ အခုလည်း တောင်သူလယ်သမားတွေကို အနိုင်ယူပြီး မြေသိမ်းတယ်၊ တရားစီရင်တာလည်း မတရားတော့့ ကျနော်တို့ တောင်သူသမားတွေ မြို့ပေါ်တက်ပြီး ဆန္ဒပြတဲ့အထိပေ့ါ” ဟု ပြောသည်။
လွိုင်ကော်မြို့နယ်၊ ဖရူဆိုမြို့နယ်နှင့် ရှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ်တွင် နေထိုင်သည့် တောင်သူများက လွိုင်ကော်ခရိုင်တရား ရုံးရှေ့မှ စတင်၍ လွိုင်ကော်မြို့ပေါ်ရှိ အထင်ကရ နေရာများကို ချီတက်ခဲ့ကြသည်။
ဒေါဆိုရှေ့ကျေးရွာပိုင် လုပ်ကိုင်နေသော မြေဧက ၅၀၀၀ ရှိပြီး အမှတ် ၃၆၀ အမြောက်တပ်ရင်းက ကျူးကျော် ထွန်ယက်မှုဖြင့် တရားစွဲဆို တားမြစ်ခဲ့သည်မှာ မြေ ဧက ရ၀၀ ကျော်ဖြစ်သည်။
စစ်တပ်က တောင်သူများ၏ မြေယာများကို သိမ်းဆည်းပြီး ပြည်သူများကို တရားစွဲခြင်းသည် ပြည်သူများက ကျူးကျော်ခြင်း မဟုတ်ကြောင်း၊ ပြစ်ဒဏ်ချမှတ်ခြင်းသည် အပြစ်ရှိကြောင်း ဖော်ပြခြင်းနှင့် တူညီနေသည့်အတွက် ပြည်သူများတွင် အပြစ်မရှိကြောင်း ကရင်နီပြည်လူငယ်များ သမဂ္ဂ အတွင်းရေးမှူးချုပ် ကိုဘီးဒူက ပြောသည်။
“တောင်သူလယ်သမားတွေက တရားသူကြီး မတရားဆုံးဖြတ်တဲ့အပေါ်မှာ ဒါလုံးဝမဖြစ်သင့်ဘူး၊ ဒါကြောင့်မို့လို့ ပိုင်ဆိုင်မှုနဲ့ လွတ်လပ်မှုကို ကြည့်မယ်ဆိုရင် တောင်သူလယ်သမားဖက်က လုံးဝ အခွင့်အရေး ရှိပြီးသားပဲ” ဟု သူက ပြောသည်။
လယ်ယာမြေ ပြန်လည်ရရှိရေးအတွက် တောင်သူများက သက်ဆိုင်ရာ ပြည်နယ်အစိုးရ၊ ဌာနဆိုင်ရာများ၊ လွှတ်တော်ကိုယ်စားလှယ်များထံ တင်ပြအကူညီတောင်းခဲ့ကြသော်လည်း တိုးတက်မှု မရှိကြောင်း ဒေါဆိုရှေ့ရွာသား ကိုသောမတ်(စ်)က ပြောသည်။
“အခုဆန္ဒပြတယ်ဆိုတာလည်း တချို့တွေမှာ စာတွေပေတွေ တင်ပြပေမယ့် အထက်က လုပ်ဆောင် ပေးခြင်းမရှိဘူး၊ ဒါကြောင့် ကျနော်တို့ လမ်းပေါ်ဆန္ဒထုတ်ဖော်ရခြင်းဖြစ်တယ်” ဟု သူက ပြောသည်။
ဆိုလျားကူးကျေးရွာ တောင်သူများကို တရားရုံးက အမိန့်ချမှတ်သည့် ဧပြီလ (၂၇)ရက်နေ့ကလည်း လယ်ယာမြေ ပြန်လည်ရရှိရေး အတွက် ဖရှုဆိုမြို့တွင် ဆန္ဒပြခဲ့ပြီးနောက် ယခုုအခါ ဒုတိယအကြိမ် ထပ်မံဆန္ဒပြခဲ့ခြင်း ဖြစ်သည်။
ကယားပြည်နယ်ရှိ ပြည်သူပြည်သားများသည် လယ်ယာမြေပိုုင်ဆိုုင်သူ အလွန်နည်းပါးပြီး ၁၉၀၁ ခုုနှစ် ကတည်းကပင် ပြည်နယ်တွင်း ဆန်စပါးများ လုံုလောက်မှုမရှိဘဲ တခြားသောဒေသများမှ တင်သွင်းရသည်ဟုု ၂၀၀၀ ခုုနှစ်က ထုုတ်ပြန်ထားသော ကရင်နီပြည်တွင်း ပဋိပက္ခနှင့် အတင်းအဓ္ဓမရွှေ့ပြောင်းနေထိုုင်ခြင်း အစီရင်ခံစာတွင်ဖေါ်ပြထားသည်။
ဦးသိန်းစိန် အစိုုးရတက်လာသည့်တိုုင် ဘိုးဘွားပိုင် စိုုက်ပျိုးလုုပ်ကိုုင်စားသောက်လာခဲ့ကြသည့် ပြည်သူပိုုင်မြေယာများ ကိုုလည်း စစ်တပ်က တပ်ပိုုင်မြေအဖြစ် အတင်းအဓမ္မ သိမ်းဆည်းမှုများ ဆက်လက် ပြုလုုပ်လျက်ရှိသည်။







