ကလလတ တပ်ဖွဲ့ဝင်များ လက်နက်ကိုင်ဆောင် ခြိမ်းခြောက်မှုကြောင့် ရွာသားများ တိမ်းရှောင် နေရ

ကလလတ တပ်ဖွဲ့ဝင်များ လက်နက်ကိုင်ဆောင် ခြိမ်းခြောက်မှုကြောင့် ရွာသားများ တိမ်းရှောင် နေရ
by -
ကန္တာရဝတီတိုင်း(မ်)
ကယား (ကရင်နီ) ပြည်နယ် လွိုင်ကော်မြို့နယ် နွားလဝိုးကျေးရွာအုပ်စု သပြေကုန်း ကျေးရွာတွင် ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည့်သူ့ လွတ်မြောက်ရေးတပ်ဦး (ကလလတ) တပ်ဖွဲ့ဝင်များက လက်နက်ကိုင်ဆောင်ကာ ရွာသားများကို ခြိမ်းခြောက်သဖြင့် ရွာသားများ တိမ်းရှောင်နေရကြောင်း သိရသည်။

ဧပြီ ၃ရက်က ကလလတ အဖွဲ့ဝင် မောင်ဟိုက်နှင့် မောင်ဒို ညီအကို ၂ ဦးသည် သပြေကုန်း ကျေးရွာရှိ ရွာသားအချို့ကို သေနတ်ဖြင့် ခြိမ်းခြောက်ကာ ရွာသားများ အိမ်ထဲရှိ ပစ္စည်းများကို ဖျက်ဆီးခဲ့ကြသည်။

မတ်လက မောင်ဟိုက်နှင့် ရွာသား ညီမိိုးဇက်၊ ဦးရီး (ခ) လွီးဇီးတို့ အချင်းများခဲ့ကြပြီး သေနတ်ဖြင့် အပြန်အလှန် ပစ်ခတ်ခဲ့ရာ မောင် ဟိုက်မှာ ဒဏ်ရာရရှိခဲ့သည်။

ပစ်ခတ်ခဲ့သူ မိုးဇက်နှင့် ဦးရီး (ခ)လွီးဇီးတို့က ထွက်ပြေးတိမ်းရှောင်ခဲ့ရာ ဧပြီ ၃ ရက်တွင် ကျန်ရစ်သော မိသာစုဝင်များကို စစ်ဆေးမေးမြန်းပြီး ရွာသားများကို ခြိမ်းခြောက်မှုများ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

“ဦးရီးဘယ်မှာလဲ၊ မင်းတို့သူ့ကိုဖွက်ထားတယ်၊ မောင်ဟိုက်နဲ့ အကို မောင်ဒိုက သေနတ်တွေ ကိုင်ပြီး ရွာထဲမှာ သောင်းကျန်းတော့တာ၊ ရွာကအဒေါ်တစ်ယောက်ကို သေနတ်နဲ့ချိန်တယ်၊ ဒီလိုမလုပ်ဖို့ လာတားတဲ့ ရွာသားတွေကိုလည်း ရန်ရှာတယ်လေ၊ ရွာသားတစ်ယောက်ရဲ့ လည်ပင်းကိုတောင် ညှစ်သေးတယ်” ဟု မျက်မြင်သက်သေက ပြောသည်။

မောင်ဟိုက်သည် သပြေကုန်းကျေးရွာ အုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ထမ်းဆောင်လာသည်မှာ ၄ နှစ်ရှိပြီဖြစ်ပြီး ကလလတ တပ်ဖွဲ့ဝင်တစ်ဦးလည်း ဖြစ်သည်။

အကိုမောင်ဒိုနှင့် ကလလတ အဖွဲ့ထဲ ၀င်ရောက်ပြီး ကျေးရွာ တိုးတက်ရန် တစုံတရာ လုပ်ဆောင်ပေးခြင်း မရှိသည့်အပြင် လက်နက်ကိုင် ခြိမ်းခြောက်မှုကြောင့် ရွာသားများက စိုးရွံနေရသည်။

ရွာသားများက အုပ်ချုပ်ရေးမှူးရာထူးကို ပြန်လည်ရွေးကောက်လိုသော်လည်း လက်နက်ဖြင့် ခြိမ်းခြောက်မှုများ ရှိနေသည်ဟု ဆိုသည်။

ယခင်ကလည်း ကလလတ တပ်ဖွဲ့ဝင်တစ်ဦး၏ ပစ်ခတ်မှုကြောင့် အပြစ်မဲ့ ရွာသား တဦး အသက်ဆုံးရှုံးခဲ့ရဖူးသည်။

May 20, 2026
ထိုင်းနိုင်ငံ ၊ မယ်ဟောင်ဆောင်ခရိုင်၊ ကရင်နီဒုက္ခသည်စခန်း အမှတ် ၂ မှာ နေထိုင်ကြတဲ့ လူထုတွေဟာ...
May 19, 2026
လမ်းပန်းဆက်သွယ်ရေးအခက်ခဲနဲ့ ဆီစျေးနှုန်းကြီးမြင့်မှုတွေကြောင့် ဖယ်ခုံအနောက်ဖက်ခြမ်းက...
May 18, 2026
ကရင်နီပြည် ၊ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းတနေရာမှာ ဒေသဓလေ့အရ ကန်ခုနှစ်ဆင့်အမည်ရ ရေကန်ကို...
Sha Dow ( Facebook)
May 16, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် ဒေါငံခါးကျေးရွာမှာရှိတဲ့ သီလရှင်ကျောင်းကို စစ်ကော်မရှင်တပ်က မေလ...