ငြိမ်းချမ်းရေး ပူးတွဲစောင့်ကြည့်ရေး ကော်မတီ တိုးချဲ့မည်

ငြိမ်းချမ်းရေး ပူးတွဲစောင့်ကြည့်ရေး ကော်မတီ တိုးချဲ့မည်
by -
ကန္တာရဝတီတိုင်း(မ်)
ကယား (ကရင်နီ) ပြည်နယ် အစိုးရနှင့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)တို့ ငြိမ်းချမ်းရေးပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC)ကို တိုးချဲ့ဖွဲ့စည်းမည် ဖြစ်သည်။

ပြည်နယ် အစိုးရနှင့် KNPP တို့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွင် သဘောတူထားသည့် အချက်များ အကောင်အထည်ဖော်ရန် မတ် ၃၁ ရက်နေ့က လွိုင်ကော်မြို့တွင် ဆွေးနွေးခဲ့ပြီးနောက် ကော်မတီကို တိုးချဲ့ရန်၊ ကော်မတီဝင်များ လစဉ်ပုံမှန် တွေ့ဆုံရန် သဘောတူညီ ကြသည်။

လုပ်ငန်းများကို လက်တွေ့အကောင်ထည်ဖော်ရန် ကော်မတီအဖွဲ့ဝင်များ တိုးချဲ့ဖွဲ့စည်းခြင်းဟု KNPP လွိုင်ကော်ဆက်ဆံရေးရုံး တာဝန်ခံ ခူးညေးရယ်က ပြောသည်။

“သင့်တော်တဲ့ ပုဂ္ဂိုလ်၊ တိုက်ရိုက် သက်ဆိုင်တဲ့သူ၊ ဥပမာ-ဖွံ့ဖြိုးရေးဆို ဖွံ့ဖြိုးရေး ကိုင်တဲ့သူ၊ မူးယစ်ဆေးဝါးနဲ့ ဆိုင်ရင် မူးယစ်ဆေးဝါးနဲ့ ပတ်သက်တဲ့ ရဲတွေခေါ်မယ်” ဟု ခူးညေးရယ် က ပြောသည်။

အစိုးရ ဌာနဆိုင်ရာများ၊ ရဲမင်းကြီးများနှင့် KNPP ဖွံ့ဖြိုးရေး လုပ်ငန်းများ ဆိုင်ရာ တာဝန်ရှိသူများ၊ ပြည်ထဲရေးအဖွဲ့များဖြင့် ကော်မတီကို တိုးချဲ့ဖွဲ့စည်းရန် မေလတွင် ထပ်မံဆွေးနွေးမည် ဖြစ်သည်။

၂၀၁၃ ခုနှစ် ဇွန်လ အတွင်းက ပြုလုပ်သည့် ဒုတိယအကြိမ် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွင် ပူးတွဲစောင့်ကြည့်ရေး ကော်မတီ ဖွဲ့စည်းရန် သဘောတူညီခဲ့ကြသည်။

ပြည်နယ် အစိုးရဘက်က တာဝန်ရှိသူ ၂ ဦး၊ ရပ်မိရပ်ဖ ၃ ဦး နှင့် KNPP ဘက်က တာဝန်ရှိသူ ၂ ဦး ရပ်မိရပ်ဖ ၃ ဦး စုစုပေါင်း ၁၀ ဦးဖြင့် ကော်မတီကို ဖွဲ့စည်းထားသည်။

လူထုအခြေပြု အဖွဲ့အစည်းများ၊ တသီးပုဂ္ဂလများ၊ ပြည်တွင်း အစိုးရမဟုတ်သည့် လူမှုရေး အဖွဲ့အစည်းများနှင့် ကော်မတီက လက်တွဲဆောင်ရွက်သွားမည် ဖြစ်သည်။

May 20, 2026
ထိုင်းနိုင်ငံ ၊ မယ်ဟောင်ဆောင်ခရိုင်၊ ကရင်နီဒုက္ခသည်စခန်း အမှတ် ၂ မှာ နေထိုင်ကြတဲ့ လူထုတွေဟာ...
May 19, 2026
လမ်းပန်းဆက်သွယ်ရေးအခက်ခဲနဲ့ ဆီစျေးနှုန်းကြီးမြင့်မှုတွေကြောင့် ဖယ်ခုံအနောက်ဖက်ခြမ်းက...
May 18, 2026
ကရင်နီပြည် ၊ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းတနေရာမှာ ဒေသဓလေ့အရ ကန်ခုနှစ်ဆင့်အမည်ရ ရေကန်ကို...
Sha Dow ( Facebook)
May 16, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် ဒေါငံခါးကျေးရွာမှာရှိတဲ့ သီလရှင်ကျောင်းကို စစ်ကော်မရှင်တပ်က မေလ...