KNPP က ငွေကောက်ခံမှုနှင့် လက်နက်ကိုင်ဆောင် သွားလာမှု ပြည်နယ်အစိုးရကန့်ကွက်

KNPP က ငွေကောက်ခံမှုနှင့် လက်နက်ကိုင်ဆောင် သွားလာမှု ပြည်နယ်အစိုးရကန့်ကွက်
by -
ကန္တာရဝတီတိုင်း(မ်)
ကယား(ကရင်နီ) ပြည်နယ်အတွင်း ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ(KNPP)က ငွေကြေးကောက်ခံခြင်းနှင့် လက်နက်ကိုင်ဆောင် သွားလာခြင်းများကို ပြည်နယ် အစိုးရအဖွဲ့က ကန့်ကွက်လိုက်သည်။

စခန်းအဆောက်အဦများ တည်ဆောက်နေခြင်းများကိုလည်း ကန့်ကွက်ကြောင်း စာတစ်စောင်ကို မတ်လလယ်ခန့်က ပြည်နယ်အစိုးရ က KNPP ထံပေးပို့ထားသည်ဟု KNPP လွိုင်ကော် ဆက်ဆံရေးရုံး တာဝန်ခံ ဦးညေးရယ်က ဆိုသည်။

ကေအန်ပီပီက ငွေကြေးကောက်ခံမှုများ၊ ပြည်နယ်တွင်း လက်နက်ကိုင်ဆောင်သွားလာမှု နှင့် စခန်းဆောက်လုပ်နေမှု များသည် ပြည်သူလူထု အထင်မြင် လွဲမှားမှုများ ဖြစ်ပေါ်စေနိုင်သကဲ့သို့ မလိုလား အပ်သော အုပ်ချုပ်မှုပြဿနာရပ်များ ဖြစ်လာနိုင်သဖြင့်ကန့်ကွက်ကြောင်းနှင့် အောက်ခြေ တပ်ဖွဲ့ဝင်များ ဆောင်ရွက်နေမှုများကို သေချာထိန်းသိမ်း ကြပ်မတ်သွားရန် ကန့်ကွက်စာတွင် ဖော်ပြထားသည်။

ယခင်ကတည်းက ငွေကြေးကောက်ခံနေခြင်းဖြစ်ပြီး ယခုပေးပို့လာသောစာတွင် ကန့်ကွက်ကြောင်း ဆိုသည့် အရေးအသားကို အသုံးပြုထားသည်ဟု ဦးညေးရယ်က ပြောသည်။

“စာဝတ်နေရေး ဖြေရှင်းရတာမျိုးရှိတယ်၊ နောက်ပြီး တချို့အောက်ပိုင်းမှာ ဂိတ်တွေဘာတွေ ထားတာက ကျနော်တို့ ဒီမူးယစ်ဆေးဝါး သယ်ယူပို့ဆောင်ရေးကို ရှင်းလင်းတာဖြစ်တယ်၊ တရားမဝင် ပစ္စည်းတွေပေါ့ အဲ့ဒါမျိုးတွေကြောင့် လုပ်ရခြင်းဖြစ်ပါတယ် ”ဟု သူက ကန္တာရဝတီတိုင်း(မ်)သို့ ပြောသည်။

မတ်လ အစောပိုင်းက KNPP အရာရှိတစ်ဦးနှင့် တခြားတပ်ဖွဲ့ဝင် ၂ ဦးတို့ လက်နက်ကိုင်ဆောင်ပြီး လွိုင်ကော်မြို့နယ် ပါလောင်းကျေးရွာအုပ်စု ဝမ်ကွန်ကျေးရွာ အုပ်ချုပ်ရေးမှူးအား ကားတစ်စီးလျှင် ကျပ်တစ်သိန်း ကောက်ခံပေးရန် တောင်းဆို မှုများရှိခဲ့သည်။

ဖရူဆိုမြို့နယ် မာခရောရှေ့နှင့် ဒေါသဲရွာကြား လွိုင်ကော်-ဘောလခဲ ကားလမ်းဘေးတွင် KNPP က အဆောက်အဦး တစ်လုံး ဆောက်လုပ်နေသည့် ကိစ္စကိုလည်း ကန့်ကွက်ခြင်း ဖြစ်သည်။

ပြည်နယ်အတွင်း တိုင်းရင်းသား လက်နက်ကိုင်များ အနေဖြင့် အခွန်ကောက်နေသည့် ကိစ္စရပ်များမှာ လက်ရှိတွင် ခွင့်မပြုကြောင်း ကယားပြည်နယ်လျှပ်စစ်ဝန်ကြီး ဦးစေားဟူးဟူး ကပြောသည်။

“ဒီကိစ္စကတော့ စစ်ဘက်ဆိုင်ရာနဲ့ဆိုင်ပါတယ်၊ KNPP ဘက်ကလည်း ဆွေးနွေးပွဲမှာ ဆွေးနွေးဖြစ်ကြတာကြားတယ်၊ ပြည်နယ်အစိုးရ ကန့်ကွက်စာပို့ထားတယ်ဆိုတာတော့ ကျနော် သေချာမသိဘူး။ ကျနော့် အယူအဆပြောရရင်တော့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေ ဆပ်ကြေးကောက်တာတို့ အဲဒါမျိုးတွေ ခွင့်မပြုတာတို့ရှိတယ်”ဟု သူက ကန္တာရဝတီတိုင်း(မ်) သို့ပြောသည်။

တပ်မတော်က နယ်မြေတွင် လူသစ်မစုဆောင်းသကဲ့သို့ ဆက်ကြေးကောက်ခံခြင်း မရှိသလို နယ်မြေမချဲ့ပါက တိုက်ပွဲများ ဖြစ်လာနိုင်စရာမရှိကြောင်း ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက လူငယ်နှင့်ငြိမ်းချမ်းရေးဖိုရမ်တွင် ထည့်သွင်း ပြောကြာသွားသည်။

May 20, 2026
ထိုင်းနိုင်ငံ ၊ မယ်ဟောင်ဆောင်ခရိုင်၊ ကရင်နီဒုက္ခသည်စခန်း အမှတ် ၂ မှာ နေထိုင်ကြတဲ့ လူထုတွေဟာ...
May 19, 2026
လမ်းပန်းဆက်သွယ်ရေးအခက်ခဲနဲ့ ဆီစျေးနှုန်းကြီးမြင့်မှုတွေကြောင့် ဖယ်ခုံအနောက်ဖက်ခြမ်းက...
May 18, 2026
ကရင်နီပြည် ၊ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းတနေရာမှာ ဒေသဓလေ့အရ ကန်ခုနှစ်ဆင့်အမည်ရ ရေကန်ကို...
Sha Dow ( Facebook)
May 16, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် ဒေါငံခါးကျေးရွာမှာရှိတဲ့ သီလရှင်ကျောင်းကို စစ်ကော်မရှင်တပ်က မေလ...