“တံတားအထူးအဖွဲ့က ဆောင်ရွက််ပြီးတဲ့အခါကြတော့ ဒီနေ့မှာရက်ကောင်း ရက်သာဖြစ်တဲ့အတွက် ဖြတ်သန်းခွင့် ပြုတဲ့သဘောမျိုး အထိမ်းအမှတ် သဘောမျိုး လုပ်ပါတယ်။ ဖွင့်ပွဲကျတော့ သီးခြားအစီအစဉ်လေး လုပ်ပါမယ်”ဟု ဝန်ကြီးဦးချစ်လှက ပြောသည်။
ဧပြီလ ၆ ရက်နေ့တွင် ဆရာတော်များနှင့် ဖြတ်သန်းသွားလာခွင့်ပြုသည့်အနေဖြင့် အန္တရာယ်ကင်းပရိတ်ရွက်ခြင်းများ ပြုလုပ်ကာ တံတားကို တရားဝင်ဖြတ်သန်းသွားလာခွင့် ပြုလိုက်ခြင်းဖြစ်သည်။
သံလွင်တံတား (ဖားဆောင်း) သည် ကယားပြည်နယ်အတွက် ဂုဏ်ယူစရာကောင်းသော တံတားဖြစ်သောကြောင့် ပြည်နယ် အဆင့်မဟုတ်ပဲ နိုင်ငံတော်အဆင့်ဖွင့်လှစ်ရန် စီစဉ်ထားသည့်အတွက် ဖွင့်ပွဲအခမ်းအနားကို သင်္ကြန်အပြီးတွင် ပြုလုပ်မည်ဟု ဆိုသည်။
တံတားဖွင့်ပွဲပြုလုပ်ပြီးသည့်နောက်တွင် ထိုင်းနိုင်ငံနှင့် ပြည်ပ ကုန်ကူးသန်းရောင်းဝယ်မှုများ ပြုလုပ်နိုင်ရန် နယ်စပ်ကုန်သွယ်ရေးစခန်းကိုပါ ဆက်လက်၍ တရားဝင််ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
နယ်စပ်ကုန်သွယ်ရေး၏ အဓိက ဆက်သွယ်မည့်တံတားတည်ဆောက်ပြီးနောက် စီးပွားရေး အသိအမြင်တိုးတက်လာစေပြီး အလုပ်အကိုင်အခွင့်အလမ်းများ ပေါ်ပေါက်စေနိုင်ပါသည်ဟု စီမံကိန်း ၄ အင်ဂျင်နီယာမှူးကြီး ဦးစိုးမင်းက ပြောသည်။
ဦးစိုးမင်း “အခုချိန်မှာ အောင်အောင်မြင်မြင်နဲ့ ရရှိသွားပြီဆိုတော့ ဒီတံတားကြီးဟာ ဟိုဖက်က ကျနော်တို့ ထိုင်းနိုင်ငံနဲ့ နယ်စပ်ကူးသန်းဆက်သွယ်ရေး လွယ်ကူချောမွေ့ သွားမယ်ပေါ့”ဟု ပြောသည်။
၎င်းတံတားကို ၂၀၁၃ခုနှစ် ဖေဖော်ဝါရီလတွင် စတင်တည်ဆောက်ခဲ့ပြီး ၂၀၁၅ ခုနှစ် မတ်လတွင် စီမံကိန်း ပြီးစီးနိုင်ခဲ့ကြောင်း ခန့်မှန်းစီမံကိန်းတန်ဖိုး ကျပ်သန်းပေါင်း ရ၁၉၄ သန်းကုန်ကျခဲ့သည်ဟု သိရသည်။
အရှည်မှာ ပေ ၁၂၆၀ ရှည်ပြီး တံတားအကျယ် ကားလမ်း ၂၄ ပေ၊ ဘေးနှစ်ဘက်တွင် ၃ ပေရှိ လူသွားလမ်းပါရှိသည်ဟု သိရသည်။







