ကိုင်းငရုပ်သီးနှံ စိုက်ပျိုးမှု တစ်နှစ်ထက်တစ်နှစ် လျော့နည်းလာ

ကိုင်းငရုပ်သီးနှံ စိုက်ပျိုးမှု တစ်နှစ်ထက်တစ်နှစ် လျော့နည်းလာ
by -
ကေအိုင်စီ
ကိုင်းသီးနှံဖြစ်သည့် ငရုပ်သီးနှံအဓိကစိုက်ပျိုးကြသည့် ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်၊ အိမ္မဲနှင့် ဝါးခယ်မမြို့နယ်များတွင် ယခင်နှစ်များမှစ၍ တစ်နှစ်ထက်တစ်နှစ် ငရုပ်စိုက်ပျိုးမှု လျော့နည်းလာသည်ဟု ကိုယ်တိုင် လုပ်ကိုင်နေကြသည့် ကိုင်းသမား အများစုက ဆိုသည်။

စိုက်ပျိုးရေးသုံး ကုန်ကျစရိတ်ထက် ငရုပ်သီးနှံစျေးနှုန်း ကျဆင်းခြင်းအပြင်၊ ရာသီဥတုဖောက်ပြန်မှုများနှင့် ငရုပ်သီးနှံ ခူးဆွတ်သူ လုပ်သားရှားပါးသည့် ပြဿနာများကြောင့် ၂၀၁၃ခုနှစ်ခန့်မှစ၍ စိုက်ပျိုးလုပ်ကိုင်သူ နည်းပါးလာခြင်းဖြစ်သည်ဟု ငရုပ်သီးကုန် သည်လည်းဖြစ်၊ ကိုယ်တိုင်လည်း ငရုပ်သီး စိုက်ပျိုးလုပ်ကိုင်နေသူ ပန်းတနော်မြို့နယ်မှ အစုကြီးရွာသား မန်းအာတာက ပြော သည်။

၎င်းက “ပြီးခဲ့တဲ့နှစ်ကဆို ကျနော်အပင်ရေ တစ်သိန်းကျော်လုပ်တယ်။ ဒီနှစ်ကတော့ သုံးသောင်းငါးထောင်ပဲ လုပ်တော့တယ်။ ကျနော်တို့မှာ ငရုပ်ခူးမယ့်သူမရှိဘူး။ အဓိကအားဖြင့် ငရုပ်စျေးက ပုံမှန်မရှိတော့ ငရုပ််ခူးလို့ရတဲ့ဝင်ငွေထက်သာတဲ့ နိုင်ငံခြားတို့ တခြားမြို့ကြီးပြကြီးတွေမှာ အလုပ်လုပ်တဲ့သူ များလာတယ်။ ဒီနှစ်ဆိုမိုးရွာတော့ တချို့ငရုပ််တွေ ရေဝပ်ပြီးပျက်စီးကုန်တယ်”ဟု ကေအိုင်စီသို့ ပြောသည်။

ထိုသို့ လုပ်သားရှားပါးပြီး သီးနှံစျေးကောင်းမရရှိခြင်းနှင့် သီးနှံပျက်စီးမှုပြဿနာများကြောင့် အစိုးရ၏ စိုက်ပျိုးရေးစရိတ်ချေးငွေ ဖြင့် ရင်းနှီးလုပ်ကိုင်နေသူများမှာ ချေးငွေကို အချိန်မီ ပြန်မဆပ်နိုင်သည့် အခက်အခဲများ ကြုံတွေ့နေရပြီး မိသားစု စားဝတ်နေ ရေးနှင့် နှစ်စဉ်ကြွေးမြီပြဿနာများကို ရင်ဆိုင်ကြုံတွေ့နေရသည်ဟုလည်း မန်းအာတာက ဆက်ပြောသည်။

အဆိုပါဒေသများ၌ ငရုပ်များကို မိရိုးဖလာလုပ်ငန်းအဖြစ် တစ်နိုင်တစ်ပိုင်အပြင် စီးပွားဖြစ် စိုက်ပျိုးလုပ်ကိုင်ကြပြီး ယခုနှစ် ငရုပ် သီးနှံပေါက်စျေးမှာ တစ်ပိဿာလျှင် ၂,၆၀၀ကျပ်နှင့် ၂,၈၀၀ကျပ်အကြားရှိနေပြီး နေ့စား အလုပ်သမားများ၏ တစ်နေ့လုပ်ခမှာ ၂,၅၀၀ကျပ်၊ ၃,၀၀၀ကျပ် စသဖြင့် အမျိုးမျိုး သတ်မှတ်ထားသည်။

ယခင်နှစ်များတွင် သီးနှံပေါ်ချိန်၌ အထက်ကုန်းဘက်ပိုင်းဒေသမှ လယ်သမားများမှာ စပါးရိတ်သိမ်းပြီး အလုပ်ပါးသွားချိန်၌ ငရုပ် အများအပြားစိုက်ပျိုးသည့် အနိမ့်ပိုင်းဒေသများသို့ ငရုပ်သီးများကို အိမ်တွင်စားသုံးရန်နှင့် နေ့စားအလုပ်သမားများအဖြစ် နှစ်စဉ် အများအပြား လာရောက်ခူးဆွတ်ခဲ့ကြသည်။

ငရုပ်ပင်သုံးသောင်းကျ စိုက်ပျိုးသည့် ဝါးခယ်မမြို့နယ်၊ ညောင်ငူကျေးရွာမှ စကျော်လွင်ဦးက “ငရုပ််စျေးတွေက မကောင်းဘူး လေ။ အရင်လေးငါးနှစ်ထက်စာရင် အခုနှစ်စျေးတွေက တော်တော်ကျလာတယ်။ အခြားသီးနှံထက်စာရင် ကုန်ကျစရိတ်က တအားများပြီးတော့ ပြန်ရတာက မကိုက်ဘူးဖြစ်နေတယ်။ အခုဆိုရင် ငရုပ်ခူးမဲ့သူ ရှားလာလို့ ငရုပ်ပင်ပေါ်မှာ အသီးတွေက ဒီအ တိုင်းပဲ မှည့်ကျန်ခဲ့တယ််”ဟု ကေအိုင်စီသို့ ပြောသည်။

ငရုပ်သီးကို သီတင်းကျွတ်လမှစ၍ ငရုပ်ပျိုးပင်ကို စတင်စိုက်ပျိုးပြီး မိုးရာသီအကုန် ဆောင်းရာသီအကူးဖြစ်သည့် နတ်တော်၊ ပြာသိုလဝန်းကျင်တွင် မြေနုပိုင်းဒေသများ၌သာ စိုက်ပျိုးနိုင်ပြီး အနိမ့်ပိုင်း စိုက်ခင်းများတွင် ရေကျစိုက်နည်း၊ ကုန်းပိုင်းစိုက်ခင်း များတွင် ထွန်ယက်စိုက်နည်းနှင့် အစေ့ချစိုက်နည်းများဖြင့် ဒေသနှင့် အချိန်လိုက်၍ စိုက်ပျိုးကြကာ စပါး၊ ပဲသီးနှံများထက် အရင်းအနှီး ပိုကုန်ကျသည်ဟု ကိုင်းသမားများက ဆိုသည်။

ဧရာဝတီတိုင်း၌ လူဦးရေ ရသန်းကျော်ရှိသည့်အနက် အများစုမှာ အလုပ်သမား၊ လယ်သမားလူတန်းစားများဖြစ်ပြီး စိုက်ပျိုးရေး၊ ရေလုပ်ငန်းနှင့် မွေးမြူရေးလုပ်ငန်းများဖြင့် အသက်မွေးဝမ်းကျောင်းပြုကြကာ စပါးကို အဓိက စိုက်ပျိုးကြပြီး ပဲ၊ နှမ်း၊နေကြာ၊ ပြောင်း၊ ကွမ်း၊ ငှက်ပျော၊ ငါးကြီးအံဖတ်နှင့် ငရုပ်များကို မြေအနေအထားအရ ဒေသကိုလိုက်ပြီး ကွဲပြားစွာ စိုက်ပျိုးလုပ်ကိုင်ကြ သည်။

Photo crd : CJ
May 22, 2026
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သို-တောင်ငူလမ်းတွင် ပြီးခဲ့သည့် မေလ(၁၉)ရက်၊ ညအချိန်က...
CJ (ပုံဟောင်း)
May 21, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၅)နယ်မြေ၊ မူတြော်ခရိုင်ရှိ...
Photo : SHRF
May 20, 2026
ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA) ထိန်းချုပ်သည့် ရှမ်း-တရုတ်နယ်စပ်၊...
May 19, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ (၆)၊ ဒူးပလာယာခရိုင်အတွင်း ကွမ်းသီးခြောက် ဝယ်လိုအားနှင့်...