သြစတြေးလျားနိုင်ငံလုံးဆိုင်ရာ (၈)ကြိမ်မြောက် ကရင်လူငယ်နှီးနှောဖလှယ်ပွဲ ကျင်းပပြီးစီး

သြစတြေးလျားနိုင်ငံလုံးဆိုင်ရာ (၈)ကြိမ်မြောက် ကရင်လူငယ်နှီးနှောဖလှယ်ပွဲ ကျင်းပပြီးစီး
by -
ကေအိုင်စီ
သြစတြေးလျားကရင်အဖွဲ့အစည်း(AKO-NSW branch)မှ ကြီးမှူး၍ AKO Youth Department ၏ တာဝန်ယူမှုဖြင့် သြစတြေး လျားနိုင်ငံလုံးဆိုင်ရာ ကရင်လူငယ်နှီးနှောဖလှယ်ပွဲကို နယူးဆော့သ်ဝေးပြည်နယ်၊ မောရစ်ဆက်ရပ်ကွက်ရှိ အမှတ်(၃၀) Morri-set Education Centre တွင် ဇန်နဝါရီလ ၃ရက်မှ ၆ရက်နေ့အထိ ကျင်းပပြီးစီးခဲ့သည်။

ထိုကရင်လူငယ်နှီးနှောဖလှယ်ပွဲသို့ ကွင်းစလန်၊ ဗစ်တိုးရီးယား၊ သြစတြေးလျား ကပ်ပီတယ် တယ်ရီတိုရီ၊ နယူးဆော့သ်ဝေးနှင့် အနောက်ပိုင်းသြစတြေးလျား(Western Australia)ပြည်နယ်တို့မှ ကရင်လူငယ်(၁၀၀)ကျော်နှင့် ကရင်သက်ကြီးပိုင်းများ အပါ အဝင် စုစုပေါင်း (၁၅၀)ကျော် ပါ၀င်တက်ရောက်ခဲ့ကြသည်။

ကွင်းစလန်း ကရင်လူငယ်အမှုဆောင်ကော်မတီဝင် စောနေနီစိုးက “ကျနော်တို့ဟာ ရောက်ရာဒေသ၊ နိုင်ငံတွေကနေပြီး မိမိလူ မျိုးအတွက် ထဲထဲဝင်ဝင် အကူအညီ ပေးနိုင်ရမယ်။ မူးယစ်ဆေးဝါး အန္တရာယ်၊ လောင်းကစားဆိုးကျိုးစတာတွေဟာ လူငယ်တွေ ရဲ့ စာရိတ္တကို ဘယ်လောက်ထိ ပျက်စီးစေပြီး မိမိလူမျိုးကို ဘယ်လောက်ထိ အားနည်းစေတယ်ဆိုတာ နားလည်သိကြရမယ်။” ဟု နှီးနှောဖလှယ်ပွဲ၌ ပြောကြားခဲ့သည်။

၎င်းကရင်လူငယ်နှီးနှောဖလှယ်ပွဲတွင် ကရင်လူကြီးများက ကရင့်တော်လှန်ရေးသမိုင်းနှင့် လက်ရှိအခြေအနေ၊ ကရင့်သမိုင်း၊ ကရင်ရိုးရာယဉ်ကျေးမှု၊ လက်ရှိ ကရင့်နိုင်ငံရေးအခြေအနေနှင့် အပစ်အခတ်ရပ်စဲရေး၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၊ ဒုက္ခသည်များ၏ လက်ရှိအခြေအနေများကို ဟောပြောခဲ့ကြပြီး စကားရည်လုပွဲများ၊ သရုပ်ဆောင်ခြင်းအတတ်ပညာ(workshop)၊ ကရင့်ပညာ ရေးနှင့် အားကစားကဏ္ဍများကိုလည်း ပြုလုပ်ခဲ့ကြသည်။

နှီးနှောဖလှယ်ပွဲသို့ ပထမအကြိိမ်အဖြစ် တက်ရောက်လာသူ နော်ဟားနာက “အခုလို ရေခြားမြေခြားမှာ ကျမတို့ ညီအစ်ကို မောင်နှမတွေ ပြန်တွေ့ရတာ အင်မတန်မှ ဝမ်းသာမိပါတယ်။ တယောက်ထဲလုပ်လို့မရတာတွေ စုပေါင်းဆောင်ရွက်ခြင်းဖြင့် ဖြေ ရှင်းနိုင်မယ်ဆိုတာ ပိုသိလာရတယ်။ ရှေ့ကို ဘယ်လိုခြေထိုး သပ်လျှိုမှုတွေကြောင့် ညီညွှတ်ရေးမပြိုကွဲရအောင် အထူးသတိ ထားပြီး လက်တွဲမြဲမြံစွာ လျှောက်လှမ်းရမယ်။”ဟု ကေအိုင်စီသို့ ပြောသည်။

ကရင်လူငယ်အရင်းအမြစ်များ ဖော်ထုတ်မြှင့်တင်ပေးရန်၊ ကရင်လူမှုအဖွဲ့အစည်းနှင့် ဒေသတွင်း ကရင်လူငယ်အဖွဲ့အစည်းတို့အ ကြား ချိတ်ဆက်လုပ်ဆောင်ရန်၊ ရိုးရာယဉ်ကျေးမှုကို ဆက်လက်ထိန်းသိမ်းပြီး အနာဂတ် ကရင့်ခေါင်းဆောင်များ မွေးထုတ်ပေး နိုင်ရန်၊ လက်ရှိ နိုင်ငံရေးအခြေအနေကို ပိုမိုသိရှိပြီး နိုင်ငံရေးယုံကြည်ချက်များကို ခိုင်မာစွာ ဆုပ်ကိုင်နိုင်ရန်အတွက် သြစတြေး လျားနိုင်ငံလုံးဆိုင်ရာ ကရင်လူငယ်နှီးနှောဖလှယ်ပွဲကို သြစတြေးလျားကရင်အဖွဲ့အစည်း(AKO)က ကြီးမှူး၍ ၂၀၀၀ခုနှစ်မှ စတင် ကာ ၂နှစ်တကြိမ် ကျင်းပလာခဲ့ရာ ယခုဆိုလျှင် (၈)ကြိမ်မြောက်ရှိပြီ ဖြစ်သည်။

Most read this week

Photo credit - social media
December 16, 2025
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ကျေးရွာများသို့ ဒီဇင်ဘာလဒုတိယအပတ်အတွင်း စစ်ကြောင်း ထိုးခဲ့သော...
December 15, 2025
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မူတြော်ခရိုင်၊ ဘူးသိုမြို့နယ်၊ ဘူအားဒဲ ကျေးရွာအုပ်စုထဲသို့...
December 11, 2025
ပြက္ခဒိန်နှစ် တစ်နှစ်ရဲ့ နောက်ဆုံးလဖြစ်တဲ့ ဒီဇင်ဘာလရဲ့ (၉)ရက်နေ့က အပြည်ပြည်ဆိုင်ရာ အဂတိ လိုက်စား...
December 10, 2025
တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ မြိတ်-ကော့သောင်း ပြည်ထောင်စုလမ်းမကြီးကို စစ်တပ်က...