အော်ရီဒူးဖုန်းတာဝါတိုင်မီးစက်သံနှင့်မိုးကြိုးစက်ကွင်းသင့်အန္တရာယ်အမြန်နေရာရွှေ့စေလို

အော်ရီဒူးဖုန်းတာဝါတိုင်မီးစက်သံနှင့်မိုးကြိုးစက်ကွင်းသင့်အန္တရာယ်အမြန်နေရာရွှေ့စေလို
by -
ကေအိုင်စီ
ကရင်ပြည်နယ်၊ကော့ကရိတ်မြို့အထက(၁)ကျောင်းအနီးရှိ အော်ရီဒူးတယ်လီဖုန်းတာဝါတိုင်၏ မီးစက်သံနှင့်မိုးကြိုးစက်ကွင်း သင့်အန္တရာယ်ကြောင့် ဒေသခံနှင့်ကျောင်းသားမိဘများ စိုးရိမ်မှုများဖြစ်ပေါ်နေသည့်အတွက် ပြည်နယ်အစိုးရအနေဖြင့် ယင်းကိစ္စအား အမြန်ဆုံးအရေးယူဖယ်ရှားပေးရန် ဒေသခံများက လိုလားလျက်ရှိကြောင်းသိရသည်။

ပြီးခဲ့သည့်၂၀၁၄ခုနှစ်က စတင်တည်ဆောက်ထားသည် ့အော်ရီဒူးတယ်လီဖုန်းဆက်သွယ်ရေးကုမ္ပဏီ၏ တာဝါတိုင်မှထွက်ပေါ်လာသည့် မီးစက်တုန်ခါမှုနှင့်အသံကြောင့် အနီးရှိနေအိမ်အက်ကွဲမှုများအပြင် မိုးကြိုးစက်ကွင်းသင့်ခဲ့မှုကြောင် ့လူနေအိမ်နှင့်ကျောင်းများမှ လျှစ်စစ်ပစ္စည်းများမကြာခဏပျက်စီးမှုများဖြစ်ပေါ်လာသဖြင့် ဒေသခံများက ပြောဆိုသည်။

တာဝါတိုင်အနီးနေထိုင်သူဦးမြင့်သိန်းက “မိုးတွင်းတုန်းက တာဝါတိုင်မိုးကြိုးပစ်တော့ စက်ကွင်းသင့်ပြီး ကျနော့်အိမ်အပြင် ပတ်ဝန်းကျင် အိမ်က လျှပ်စစ်ပစ္စည်းအကုန်ပျက်ကုန်တယ်။ ကျောင်းကဒိုင်နမိုမီးစက်နဲ့လျှပ်စစ်ပစ္စည်းပါပျက်တယ်။ ကျနော်ကတော့ တာဝါတိုင်ကို တခြားနေရာကြိုမန်မြန်ရွှေ့စေချင်တယ်”ဟု ကေအိုင်စီသို့ပြောသည်။

ဒေသခံများအနေဖြင့် ၎င်းတာဝါတိုင်ဆောက်လုပ်မှုကို သဘောတူလက်မှတ်ထိုးထောက်ခံမထားသလို ယင်းကြောင့်ဖြစ်ပေါ်လာသည့် ပတ်ဝန်းကျင်ဆိုးကျိုးခံစားနေရသည့်အပေါ် ကျောင်းအကျိုးတော်ဆောင်များ၊ ဒေသခံများက စက်တင်ဘာလအတွင်း ဒေသအုပ်ချုပ်ရေးဌာနဆိုင်ရာများနှင့် ပြည်နယ်အစိုးရထံ (၃)ကြိမ်တိုင်ကြားထားသော်လည်း ယနေ့အချိန်ထိ တာဝါတိုင်ရွှေ့ပြောင်းပေးရေးနှင့်ပတ်သက်၍ တစ်စုံတစ်ရာမဆောင်ရွက်သေးသည့်အတွက်ဆ ိုးကျိုးများထပ်မံဖြစ်ပေါ်လာမည်ကို ဒေသခံနှင့်ကျောင်းသားမိဘများက စိုးရိမ်နေကြသည်။

“ဒီတာဝါတိုင်ကို အထက်တန်းကျောင်းဘေးနားလာထောင်တော့ အန္တရာယ်များတယ်။ ဖုန်းလိုင်းလွှင့်တဲ့ရေဒီယိုစက်ကွင်းတွေက ကျောင်းကကလေးတွေရော၊ ပတ်ဝန်းကျင်ကိုပါထိခိုက်စေတယ်။ မိုးကြိုးလွှဲစနစ်က အားနည်းတော့မိုးကြိုးပစ်ရင်အနီးဝန်းကျင်က လူတွေမှာ အသက်အန္တရာယ်ရှိလာနိုင်လို့စိုးရိမ်နေရတယ်”ဟု ကျောင်းသားမိဘတစ်ဦးဖြစ်သူ ကိုအောင်ကပြောသည်။

တာဝါတိုင်ကိစ္စနှင့်ပတ်သက်၍ အော်ရီဒူးကုမ္ပဏီမှ အောက်ခြေဝန်ထမ်းများနှင့် မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများက နစ်နာသူဒေသခံများနှင့်နိုဝင်ဘာလ မကုန်ခင်က လာရောက်ညှိနှိုင်းမှုများရှိခဲ့သော်လည်း ဒေသခံများဘက်မှ တာဝါတိုင်ရွှေ့ပြောင်းပေးရေးကိုသာ ဆက်လက်တောင်းဆိုနေသဖြင့် ညှိနှိုင်းမှုမှာအဆင်မပြေသေးကြောင်း မြို့နယ် အထွေထွေ အုပ်ချုပ်ရေးရုံးတာဝန်ရှိသူများထံမှ သိရသည်။

ကော့ကရိတ်ဒေသတွင်း ယခင်ကထက် တယ်လီဖုန်းဆက်သွယ်ရေး ပိုမိုအဆင်ပြေလာသော်လည်း တာဝါ၀ိုင်စိုက်ထူမှုများနှင့်ပတ်သက်ပြီး ကုမ္ပဏီဘက်မှ တာဝန်ယူမှု၊တာဝန်ခံမှုအပြင် ဒေသခံများနှင့် ကြိုတင် ညှိနှိုင်းဆောင်ရွက်မှုမရှိသောကြောင့် ကုမ္ပဏီနှင့်ဒေသခံများ အကြား  အပြန်အလှန်အငြင်းပွားနေဆဲဖြစ်ကြောင်းသိရသည်။

Most read this week

December 15, 2025
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မူတြော်ခရိုင်၊ ဘူးသိုမြို့နယ်၊ ဘူအားဒဲ ကျေးရွာအုပ်စုထဲသို့...
December 11, 2025
ပြက္ခဒိန်နှစ် တစ်နှစ်ရဲ့ နောက်ဆုံးလဖြစ်တဲ့ ဒီဇင်ဘာလရဲ့ (၉)ရက်နေ့က အပြည်ပြည်ဆိုင်ရာ အဂတိ လိုက်စား...
December 10, 2025
တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ မြိတ်-ကော့သောင်း ပြည်ထောင်စုလမ်းမကြီးကို စစ်တပ်က...
December 9, 2025
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ပိုင်း၊ မင်းလက်ပံကျေးရွာရှိ Shunda Park ငွေလိမ်ခြံဝန်းအတွင်း...