မည်သည့်နိုင်ငံခြားသားမဆို ဧည့်စာရင်းတိုင်ကြားရန် ထိုင်းလဝက ကြေညာချက်ထုတ်ပြန်

မည်သည့်နိုင်ငံခြားသားမဆို ဧည့်စာရင်းတိုင်ကြားရန် ထိုင်းလဝက ကြေညာချက်ထုတ်ပြန်
by -
ကေအိုင်စီ
မြန်မာရွှေ့ပြောင်းအလုပ်သမားများအပါအဝင် ထိုင်းနိုင်ငံအတွင်းလာရောက်မည့် မည်သည့်နိုင်ငံခြားသားမဆို ယခုနိုဝင်ဘာလ မှစတင်ကာ ဧည့်စာရင်းတိုင်ကြားရမည်ဖြစ်ကြောင်း ထိုင်းလူဝင်မှုကြီးကြပ်ရေးဌာနက နိုဝင်ဘာလဆန်းပိုင်းအတွင်းကြေ ညာချက်တစ်ရပ်ထုတ်ပြန်လိုက်သည်ဟု သိရသည်။

ထိုင်းလူဝင်မှုကြီးကြပ်ရေးဥပဒေပုဒ်မ-၇၇နှင့်ပုဒ်မ-၃၈အရ ထိုင်းနိုင်ငံအတွင်းဝင်ရောက်လာသူ မည်သူမဆို ၎င်းတို့အားတည်းခိုခွင့်ပေး သည့် သက်ဆိုင်ရာအိမ်ထောင်ဦးစီး၊အလုပ်ရှင်နှင့်ဟိုတယ်မန်နေဂျာ(သို့မဟုတ်) တည်းခိုသူကိုယ်တိုင်၂၄နာရီအတွင်း လူဝင်မှုကြီးကြပ်ရေးရုံးသို့ အသိပေးအကြောင်းကြားရမည်ဟု ထုတ်ပြန်ထားသည်။

ယင်းထုတ်ပြန်မှုနှင့်ပတ်သက်၍ မြန်မာပြည်သားများအရေးပူးတွဲလှုပ်ရှားမှုကော်မတီ-JACBA ဥက္ကဋ္ဌဦးမိုးကြိုးက “ဒီဥပဒေတွေက အရင်ကတည်းက ရှိထားပြီးသားတွေဖြစ်ပါတယ်။ ဘယ်နိုင်ငံခြားသားမဆို တံခါးဖွင့်ထားတယ်။ဒါပေမဲ့စောင့်ကြည့်နေတယ် ဆိုတာမျိုးပေါ့။ အခုကတော့ ပိုပြီးကြပ်မတ်လိုက်တဲ့သဘောဖြစ်ပါတယ်”ဟု ပြောသည်။

ထုတ်ပြန်ထားသည့်ဥပဒေအား လိုက်နာမှုမရှိပါက တည်းခိုခွင့်ပေးသူအား ငွေဒဏ်ဘတ်၂ထောင်မှတစ်သောင်းအထိ ချမှတ်အရေးယူနိုင်ပြီး တရားဝင်မဟုတ်သည့်နည်းလမ်းဖြင့် လာရောက်တည်းခိုသူအား လက်ခံမိပါက ၅နှစ်ထက်မပိုသောထောင်ဒဏ်နှင့် ဘတ်၅သောင်းထက်မပိုသော ပြစ်ဒဏ်ကျခံရမည်ဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

ထိုင်းနိုင်ငံအတွင်း ရောက်ရှိအလုပ်လုပ်ကိုင်နေပြီး ယာယီပတ်စ်ပို့နှင့် အလုပ်သမားလက်မှတ်ကိုင်ဆောင်ထားသူ မြန်မာရွှေ့ပြောင်း အလုပ်သမားအနေဖြင့် ရက်၉၀သက်တမ်းရှိ ဧည့်စာရင်းတိုင်ကြားကြရပြီး ယခုကြေညာချက်မှာ နောက်ထပ်ရောက်ရှိလာမည့်သူများ ကိုသာ ရည်ညွန်းခြင်းဖြစ်ကြောင်း သိရသည်။

၎င်းအပြင် မြန်မာရွှေ့ပြောင်းအလုပ်သမားဦးရေ ၂သန်းမှ၃သန်းကြားရှိသည့် ထိုင်းနိုင်ငံတွင် တရားမဝင်ဝင်ရောက်အလုပ်ကိုင်နေသူ များစွာရှိနေဆဲဖြစ်ပြီး ယခုကြေညာချက်မှာ ထိုင်းအလုပ်ရှင်နှင့် နောက်ထပ်ရောက်ရှိလာကြမည့် ရွှေ့ပြောင်းအလုပ်သမားများအတွက် အခက်အခဲများဖြစ်ပေါ်လာနိုင်ကြောင်းလည်း အလုပ်သမားအရေးကူညီဆောင်ရွက်နေသည့် အဖွဲ့အစည်းများက သုံးသပ်ပြောဆိုနေကြ သည်။

အဆိုပါဥပဒေများမှာ နိုင်ငံအတွင်း မူးယစ်ဆေးဝါးများ၊ လက်နက်မှောင်ခိုမှုများ၊ အကြမ်းဖက်မှုများစသည့်ထိုင်းနိုင်ငံ၏ လုံခြံုရေးကို ထိခိုက်လာမည့် ကိစ္စရပ်များမဖြစ်ပေါ်စေရေးအတွက် လွန်ခဲ့သည့်သာသနာသက္ကရာဇ်(၂၅၂၂)ခုနှစ်၊ခရစ်နှစ်(၁၉၇၉)နှစ်ကတည်းက ပြဋ္ဌာန်းထားသည့်ဥပဒေဖြစ်ကြောင်း သိရသည်။

Most read this week

Photo credit - social media
December 16, 2025
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ကျေးရွာများသို့ ဒီဇင်ဘာလဒုတိယအပတ်အတွင်း စစ်ကြောင်း ထိုးခဲ့သော...
December 15, 2025
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မူတြော်ခရိုင်၊ ဘူးသိုမြို့နယ်၊ ဘူအားဒဲ ကျေးရွာအုပ်စုထဲသို့...
December 11, 2025
ပြက္ခဒိန်နှစ် တစ်နှစ်ရဲ့ နောက်ဆုံးလဖြစ်တဲ့ ဒီဇင်ဘာလရဲ့ (၉)ရက်နေ့က အပြည်ပြည်ဆိုင်ရာ အဂတိ လိုက်စား...
December 10, 2025
တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ မြိတ်-ကော့သောင်း ပြည်ထောင်စုလမ်းမကြီးကို စစ်တပ်က...